part 15

3.8K 624 6
                                    

unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၁၅)

ကမ္ဘာပျက်ကပ်က ရုတ်တရက် ပြင်းထန်စွာ ဖြစ်​ပေါ်လာခဲ့ချိန်တွင် လူအချို့မှာ ညဘက်အိပ်​နေရင်းဖြင့် အသွင်​ပြောင်းခဲ့ကြပြီး ကံ​ကောင်းသူ အချို့မှာ စွမ်းအားများ ရရှိလာခဲ့ကြ​ သော်လည်း မည်သို့ အသုံးပြုရမည်ကို မသိကြ​ပေ။ စွမ်းအား ရလာသည်ကို မသိသူများသည်လည်း ဖုတ်ကောင်များ၏ ကိုက်ဖြတ်ခြင်းကို ခံရ​ပေဉီးမည်။ သို့​သော် ​ပြောင်းလဲကာစ ဖုတ်​ကောင်များမှာ လှုပ်ရှားမှု​ နှေး​ကွေးကြပြီး အမြင်အာရုံမှာလည်း ​ဝေဝါးကာ တိုက်ခိုက် နိုင်အားလည်း အလွန်နည်းသည်။ အကယ်၍ လူများသာ တည်ငြိမ်ကာ သတ္တိရှိကြသည် ဆိုလျှင် စွမ်းအား မရှိသူများပင် ထိုဖုတ်​ကောင်များကို ရင်ဆိုင် တိုက်ခိုက်နိုင်သည်။

မည်သို့ပင်ဖြစ်ဖြစ် ကမ္ဘာပျက်ကပ်ဆိုက်သည့် ပထမဆုံး​နေ့ ဖြစ်​သော​ကြောင့် အင်တာနက် ဆက်သွယ်​ရေးနှင့် လျှပ်စစ်မီးတို့မှာ အသုံးပြု၍ ရ​နေ​သေးသည်။ အင်တာနက် အသုံးပြုသူ များပြားခြင်း​ကြောင့် ဆိုးဝါး​သော အ​ခြေအ​နေတစ်ခု ဖြစ်လာ​နေသည်ကို လူအများ သိပြီးကြလိမ့်မည် ဖြစ်သည်။ သို့​သော် လူအများမှာ ရိုးအ​နေကြပြီး နိုင်ငံအစိုးရက သူတို့ကို ကယ်တင်လိမ့်မည်ဟု ယုံကြည်လျက် အိမ်ထဲတွင်သာ​ နေရန် ​ရွေးချယ်ခဲ့ကြသည်။ အချို့ အကင်းပါးကာ သတ္တိရှိသူများက ရင်ဆိုင်ရန်အတွက် ကြိုတင်စု​ဆောင်း ပြင်ဆင် ထားကြ​​လေသည်။

ယွင်ချဲ့နှင့် အစ်မဖြစ်သူတို့၏ ဉီးတည်ချက်မှာ ယွင်ချန် ရှိရာမြို့သို့ သွားကြရန်ဖြစ်သည်။

"မမ .. ချန်ချန် ချီထား​နော် .. ကျွန်​တော်​ မောင်းမယ်"

​တိုက်လှေကားတွင် ဖုတ်​ကောင်များ ပြည့်နှက်​ နေသဖြင့် ယွင်ချဲ့ ထိပ်တိုက် မ​တွေ့ချင်​သောကြောင့် ကားပါကင်​နေရာ​ ရောက်သည်အထိ ဓါတ်​လှေကား စီးသွားကာ အနားတစ်ဝိုက်ရှိ ဖုတ်ကောင်များ ရှင်းလိုက်ပြီး ​​လေဟာပြင်ထဲမှ သူ၏အိမ်စီးကားကို ယူထုတ်လိုက်သည်။

"​ကောင်းပြီ​လေ ..."

ယွင်​ယောင် ​ကြောက်လန့်​ နေ​သော်လည်း သူမ၏သား​လေးကို တင်းကျပ်စွာ ဖက်ထားလျက် ကား​ရှေ့ခန်းတွင် ဝင်ထိုင်လိုက်သည်။ တစ်ချိန်တည်းတွင် ယွင်ချဲ့လည်း ​မောင်းသူခုံတွင် ထိုင်လျက် ယွင်​ယောင်ကို ကြည့်လိုက်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now