Part 177

531 67 0
                                    

177 01

အခန်း ၁၇၇။ အစောင့်များကို စောင့်ရှောက်ခြင်းနှင့် စွမ်းဆောင်ရည်ရှိလှသော စူပါဖုတ်ကောင်

"အဲဒါက ခေါင်းဆောင်ယွင်ရဲ့ခွေးလား"

"ဟုတ်တယ်သူပဲ ပြီးတော့ သူ့နောက်က ဝံပုလွေက ဝံပုလွေဘုရင်လေ ခေါင်း‌ဆောင်ယွင်က ခရိုင်မြို့မှာ တာဝန်ကျဦးဆောင်တဲ့အချိန်တုန်းက ယဲ့ရှင်းချန်အတွက် ဝံပုလွေကို အထူးတလည် ယဉ်ပါးအောင် လုပ်ပေးခဲ့တာ"

"ထိပ်ဦးအဖွဲ့က အခြေစိုက်စခန်းထဲမှာ အထာအကျဆုံးအဖွဲ့ပဲ"

"အာလာ ငါတို့တွေလည်း စွမ်းအားရှင်အဖွဲ့ပဲလေ ဘယ်‌လိုကြောင့်များ သူတို့နဲ့ငါတို့ကြား ကွာဟချက်က ဒီလောက်ကြီးမားရတာလဲ"

"ငါလည်းအံ့ဩနေတာ ငါတို့ခေါင်းဆောင်သာ ခေါင်းဆောင်ယွင်တစ်ဝက်လောက် သန်မာခဲ့မယ်ဆိုရင်"

"မေ့လိုက်တော့ အရေးကြီးဆုံးအရာက အဲဒီခေါင်းဆောင်ယွင်က သူ့အသင်းသားတွေကို ဂရုစိုက်တာပဲ ငါတို့ခေါင်းဆောင်မှာ အရည်အချင်းရှိခဲ့ရင်တောင် ငါတို့အတွက် သန္ဓေပြောင်းဝံပုလွေတစ်‌ကောင်ကို ယဉ်ပါးအောင် လုပ်ပေးမှာမဟုတ်ဘူး"

"အင်း"

ဧရာမ သားရဲနှစ်ကောင်သည် အစုအပိုင်းများကို ဖြတ်ကျော်သွားစဉ် သူတို့ကို မြင်သည့်သူအားလုံးက အခြေစိုက်စခန်းထဲရှိ အထာအကျဆုံးအဖွဲ့ဖြစ်သည့် ထိပ်ဦးအဖွဲ့ကို အားကျနေကြတော့သည်။ ချောင်ယန်းသည် ထိပ်ဦးအဖွဲ့ထက် မြင့်သော်ငြား ထိပ်ဦးအဖွဲ့သည် ရှိုးပြသည့်နေရာ၌ ပြိုင်ဘက်ကင်းပေ၏။ ထိပ်ဦးအဖွဲ့ ပေါ်လာချိန်တိုင်းတွင် အာရုံစိုက်ခံရ၏။

"ဟေး အစောင့်တွေ မတွေ့ရတာကြာပြီနော် ငါတို့အတွက် ဂိတ်ဖွင့်ပေးဖို့ မလိုဘူး ငါ့ဘာသာငါလုပ်နိုင်တယ်"

ဟေးယွီက အခြေစိုက်စခန်း၏ဂိတ်တောင် မရောက်သေးခင် သူ၏အသံက ကြိုရောက်နေပြီဖြစ်သည်။ အစောင့်များက ရှုံ့မဲ့ကုန်၏။

ဒီသားရဲက ဒီကို ဘာလာလုပ်ပြန်ပြီလဲ။

ဟေးယွီသည် မနက်ခင်းက အပြင်ထွက်ချိန်၌ သူ့ကိုကျီစယ်ခဲ့၏။ ပြီးနောက် သူ့တို့မဖြစ်ချင်ဆုံးအရာက ဟေးယွီကို နေ့လယ်၌ ထပ်တွေ့ရတာပဲဖြစ်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now