Part 92

1.7K 287 2
                                    

Unicode

အခန်း (၉၂)

နောက်တစ်နေ့ မနက်တွင် ယွင်ချဲ့ ပြန်မအိပ်သည့် အကြောင်းကို သိနှင့်ပြီးဖြစ်​သော ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့မှာ လှေကားနားတွင် စောင့်​နေကြသည်။ ရှင်းဖုန်းနှင့် ယွင်ချဲ့လည်း ဆင်းလာသည်ကို မြင်လိုက်ရသည်နှင့် ယွင်ချဲ့အား ​ဖြေရှင်းခွင့် မ​ပေး​တော့ဘဲ လက်ကိုဆွဲကာ အခန်းတွင်းသို့ ခေါ်လာကြသည်။ လန်ယဲ့ဟန်မှာ သူ၏ပုံစံနှင့် မတူဘဲ ဆိုဖာပေါ်တွင် ထိုင်နေပြီး ဘာမှမ​ပြောဘဲ အခန်းထဲသို့​ ရောက်လာ​သော ယွင်ချဲ့ကို အေးစက်စက် ကြည့်နေလေသည်။

"ချဲ့ မင်း ခေါင်းဆောင်ရှင်းနဲ့ အတည်ကြီး တွဲနေတာလား"

ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့ တံခါးကို လော့ချကာ အတူလိုက်ဝင် လာကြပြီး ယွင်ချဲ့နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင် လိုက်ကြသည်။ ယွင်ချဲ့လည်း ကြိုးစား ပြုံးလိုက်ပြီး ပြန်မ​ဖြေမီ ​ဆေးလိပ် တစ်လိပ်ကို ယူလိုက်သည်။

"အတည်ကြီးဆိုတာ ဘာကိုပြောတာလဲ ... ငါတို့ကို မင်းတို့ တွေ့ပြီးပြီမလား"

သူတို့ကဲ့သို့ စိတ်လှုပ်ရှားခြင်း မရှိဘဲ ယွင်ချဲ့မှာ တည်ငြိမ်နေသည်။ သူတို့မှာ ကပ်ဘေး ကာလတွင်း ​ရောက်​နေကြခြင်းပင်။ ကပ်မဆိုက်မီ ကတည်းက ဆက်သွယ်ရေး ကွန်ရက်များ ကျယ်ပြန့်လာခြင်း အကျိုးဆက် အနေဖြင့် လိင်တူချစ်ကြိုက်မှု ကိစ္စများမှာ နိုင်ငံအတွင်း ပျံ့နှံ့နေပြီး ဖြစ်သည်။ လိင်ကွဲ ချစ်ကြိုက်ခြင်းက တမူထူးခြားမှု မရှိ​​တော့​သည်ကို သူကဲ့သို့သော အလုပ်ကိုသာ အာရုံစိုက်သော ကျောင်းသားငယ် တစ်ဉီးပင် ထိုကိစ္စကို သိထားပြီး ဖြစ်​သော​ကြောင့် သူတို့လည်း သိလိမ့်မည်ဟု ယူဆသည်။ ဘာကြောင့်များ သူတို့တွေ ဒီလောက် အံ့ဩနေကြတာလဲ။

"ငါတို့ လက်မခံတာ မဟုတ်ပါဘူး လိင်တူ ချစ်ကြိုက်တာက မထူးဆန်း​တော့ဘဲ ... ဒီလိုကပ်​ဘေးမှာ အားနည်းတဲ့ မိန်းကလေးကို ရှာမယ့်အစား ​ယောကျ်ား တစ်​ယောက်နဲ့ အတူနေတာ ကောင်းပါတယ်။ ဒါ​ပေမယ့် ငါတို့ ခေါင်းဆောင် ရှင်းရဲ့ သရုပ်မှန်ကို မသိရ​​သေးဘူးနော်။ စစ်တပ်က သူ့ကို ကြောက်ရတယ်ဆို​တော့ သူ့မှာ နောက်ခံကောင်းတစ်ခု ရှိကိုရှိရမယ် ... သူ့မိသားစုတွေက မင်းတို့ကို ကန့်ကွက်ကြမှာ ရက်ရက်စက်စက် ခွဲမှာမျိုးကို မင်းမကြောက်ဘူးလား"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now