Part 161

891 98 0
                                    

161 01

အခန်း ၁၆၁ အခွင့်အရေးကို အရယူခြင်း

အိမ်ပြန်လည်ပြုပြင်သည့်ကိစ္စကို ယဲ့ရှင်းချန်အား လွှဲအပ်ထားချိန်မှစပြီး ယွင်ချဲက ထိုအကြောင်းကို မေးမနေတော့ချေ။ မုန့်ရွှီး ပြန်ကောင်းလာပြီးနောက် ယွင်ချဲ့ကိုယ်တိုင် သူ၏အဖွဲ့ကို ဦးဆောင်လျက် တာဝန်များ ဆောင်ရွက်သည်။ ကုမင်ရွှမ်းပြောသည့်အတိုင်း အဖွဲ့အသစ်များက အမှန်တကယ် သန်မာလွန်းပြီး ဆယ်ရက်မပြည့်မီ၌ ကျော်ကြားမှုများစွာ ရရှိလာတော့သည်။ယွင်ချဲ့သည် သူ၏လူများဖြင့် စွမ်းအားရှင်အဖွဲ့သို့ ရောက်သည့်အချိန်၌ အရှင်သခင်မိန်းကလေးများဟူသည့် အမည်ရသော အမျိုးသမီးအဖွဲ့က လူစုဆောင်းနေတာကို တွေ့လိုက်ရသည်။ ထိုအဖွဲ့များသည် လွန်ခဲ့သည့်ရက်အနည်းငယ်က တစ်ကိုယ်တော်စွမ်းအားရှင်များစွာကို စုဆောင်းခဲ့ကြောင်း လန်ယဲ့ဟန်က သူ့ကို ပြောပြ၏။ သူတို့၏ စွမ်းအားအဆင့်ကို အမှုမထားပေ။ သူတို့ ဝင်လိုစိတ်ရှိသ၍ သူတို့မိသားစုနှင့်အတူ သူတို့ကို လက်ခံလိမ့်မည်။ အရှင်သခင်မိန်းကလေးများသည် ကျန်သည့်အဖွဲ့သုံးခုနှင့် ကွာဟသည့် တစ်ခုတည်းသောအချက်က ၎င်းတို့သည် အမျိုးသမီးစွမ်းအားရှင်များကိုသာ စုဆောင်းတာဖြစ်သည်။ သူတို့၏ မိသားစုဝင်များကို ခေါ်လာနိုင်သော်ငြား အဖွဲ့ထဲသို့ ဝင်မည့်သူက အမျိုးသမီးတစ်ဦး ဖြစ်ရမည်။

စွမ်းအားရှင်အများစုသည် အမျိုးသားများကို သူတို့က ခွဲခြားနေသည်ဟု ပြက်ရယ်ပြုခဲ့ကြသည်။ သို့သော်ငြား အမျိုးသမီးများက စိတ်ထဲမထားဘဲ သူတို့သည် အမျိုးသားများ၏ပုံစံမျိုးစုံကို သဘောကျကြောင်းတောင် စနောက်ခဲ့လေရာ အမျိုးသားများကို ရှက်ရွံ့သွားစေတော့သည်။

"ဟေး ရှင်းလန် နင် လူထပ်ခေါ်နေပြန်ပြီဆိုတာ တွေ့လိုက်ရတယ် ဒီနေ့ဘာတာဝန်မှ မလုပ်ဘူးလား"

နောက်ထပ်စွမ်းအားရှင် အဖွဲ့ခေါင်းဆောင်က ရှေ့တက်လာ၏။ သူ၏ ကောက်ကျစ်သော အကြည့်များသည် သူက ဘာမှမကောင်းကြောင်း သိသာလွန်းနေ၏။ အရှင်သခင်မိန်းကလေးများ၏ ခေါင်းဆောင် ဖုန်းရှင်းလန်သည် ထရပ်လိုက်လေ၏။ လူတိုင်းက သူမ ဒေါသတကြီး ထထွက်သွားတော့မည်ဟု တွေးလိုက်မိသည့်အချိန်၌ သူမ၏ လှပသောမျက်နှာထက်၌ အပြုံးတစ်ပွင့် ပေါ်လာသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now