မိုးကောင်းကင်အောက်မှကလဲ့စား (...

By KazunoMora

14K 843 65

Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... More

🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
1123-----1124
1125----1126
1127---1128
1129----1130
1131----1132
1133----1134
1135----1136
1137----1138
1139----1140
1141----1142
1143---1144
1145----1146
1147----1148
1149---1150
1151----1152
1153---1154
1155----1156
1156----1157
🔥please read🔥
1177----1178
1179-----1180
1181-----1182
1183-----1184
1185-----1186
1187------1188
1189------1190
1191------1193
အခန်း (၁၁၉၄) "အဖြူရောင် အမွှေးအမျှင်"
1195-----1196
1197------1198
1199------1200
1201------1202
1203-----1204
1205--------1206
1207--------1208
1209-------1210
1211-------1212
1213-------1214
1215-------1216
1217------1218
1219-------1220
1221------1222
1223-------1224
1225-------1226
1227-------1228
1229-----1230
1231--------1232
1233--------1234
1235-------1236
1237-------1238
1239------1240
1241------1242
1243------1244
1245-------1246
1247------1250
1251-------1252
1253-------1254
1255--------1256
1257-------1258
1259-------1260
1261------1264
1265-------1266
1267-------1268
1269-----1270
1271------1272
1273-----1274
1275-------1276
1277------1278
1279---------1282
1283--------1284
1285-------1286
1287-------1288
1289-------1290
1291-------1292
1293--------1294
1295--------1296
1297--------1298
1299------1300
1301-------1302
1303--------1306
1307--------1308
1309-------1312
1313--------1314
1315------1316
1317------1318
1319-------1320
1321--------1322
1323---------1324
1325---------1326
1327---------1328
1329-------1330
1331------1334
1335-------1338
1339------1340
1341--------1342
1343-------1344
1345--------1346
1347--------1352
1353-------1356
1357---------1362
1363--------1366
1367-----1374
1375-------1384
1385-------1388
စာစဉ် 100အတွက် PDF
1401------1402
1403-------1412
1413------1420
1421-----1430 Unicode
1421-----1430 Zawgyi
1431---------1435(ခ)
1435(ဂ)------1438(ဃ)
1439-------1442
1443-------1443(စ)
1444(က)-----1446(ဃ)
1447(က)------1448(က)
1448(ခ)--------1450(စ)
1451(ဂ)...1452(ဂ)
1453
1454-----1455
1456
1457---1458
1459-----1460
1461-----1462
1463------1465
1466-----1468
1469-------1471
1472------1473
1474
1475
1476------1480
1481------1488
1489------1491
1492-----1495
1496-----1498
1499------1502
1503------1507
1508-------1511
1512-----1514
1515-------1517
1518-----1520
1521-----1523
1524--------1529
1530------1538
1539-------1541
1542---------1543

1451 (က)...(ခ)

89 6 0
By KazunoMora

အခန်း (၁၄၅၁ - က)(စာစဉ် ၁၀၈- အပိုင်း ၃)
“အထက်နယ်ပယ်သို့ တက်ခြင်း”
ရဲရှောင်အတွက် ကောင်းကင်ဘုံအထက် လူသားနယ်ပယ်က ချင်းရန်နယ်ပယ်နှင့်မတူဘဲ ကွဲပြားလှသည်။
ချင်းရန်နယ်ပယ်ဆိုသည်က သူ၏မွေးရပ်မြေဖြစ်၍ ထိုနယ်ပယ်သို့ ပြန်တက်လှမ်းချိန် ကိုယ့်အိမ်ကိုယ့်ရာပြန် ရောက်သလိုသာ ရဲရှောင် ခံစားခဲ့ရသည်။
သို့သော် ယခုအခါတွင် နယ်ပယ်အသစ်ဖြစ်သည့် ကောင်းကင်ဘုံအထက် လူသားနယ်ပယ်သို့ တက်ရမည် ဖြစ်၍ အရာအားလုံးက အစိမ်းသက်သက်သာ ဖြစ်နေလိမ့်မည်။
ထိုအရာများထက် သူ့အတွက် ပို၍အရေးကြီးသည့်အချက်တစ်ချက် ရှိနေသည်။
ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှ ပြန်ရောက်ချိန် သူ၏ညီအစ်ကိုများ အသက်ရှင်လျက်ရှိမရှိကို သိ လိုခြင်းပါပင်။
ထို့ကြောင့် လက်ရှိတွင် ရဲရှောင်၏စိတ်ထဲ၌ အတွေးပေါင်းစုံဖြစ်ပေါ်နေမိလေသည်။
အချိန်တန်ကြာပြီးနောက် ရဲရှောင်လည်း သက်ပြင်းချလိုက်ပြီး လန်လန်နှင့် ဇုဝူကျီတို့ရှိရာသို့ ပြန်သွားလိုက် ၏။
ထိုအခါ အိပ်မောကျနေပြီဖြစ်သည့်တိုင် ပါးစပ်မှ ကယောင်ကတမ်းများပြောနေကြသော သူငယ်ချင်းများကို မြင်တွေ့လိုက်ရသည်။
ထိုစကားများက ပလုံးပထွေးဖြစ်နေ၍ မည်သည့်အရာများပြောနေသည်ကိုပင် သိနိုင်ရန် ခက်ခဲလွန်းလှ သည်။
ရဲရှောင်လည်း သူငယ်ချင်းဖြစ်သူများကိုကြည့်ရင်း ခေါင်းခါယမ်းကာ ပြုံးလိုက်မိသည်။
ထို့နောက် သူ၏လက်ကို ဆန့်တန်း၍ ဆေးလုံးအချို့ထုတ်ကာ သူငယ်ချင်းဖြစ်သူများ၏ ပါးစပ်အတွင်းသို့ ထည့်ပေးလိုက်တော့သည်။
“ငါ့ကောင်တို့ . . .”
“ငါတို့တွေ တစ်နေ့နေ့မှာ ပြန်ဆုံနိုင်မယ်လို့ မျှော်လင့်ပါတယ် . . .”
“ဒီလိုညမျိုး ထပ်ပြီးတော့ ရောက်နိုင်မှာပါ . . .”
. . .
မော်တယ်ကမ္ဘာရှိ နေ့ရက်များက ကုန်ဆုံးသည်မှာ မြန်ဆန်လွန်းလှသည်။
တခဏအတွင်းမှာပင် ၁၀ ရက်တာမျှ အချိန်ကုန်လွန်သွားပြီ မဟုတ်ပါလား။
ထိုနေ့ရက်များတွင် ရဲရှောင်က ညီအစ်ကိုနှစ်ယောက်နှင့်အတူ ပျော်ရွှင်စရာများကိုသာ ပြုလုပ်ခဲ့သည်။
အရက်များသောက်ကာ လောင်းကစားများ ပြုလုပ်သည်။
ဥယျာဉ်များသို့ လည်ပတ်ကာ ကစားပွဲများ ပြုလုပ်သည်။
သူတို့အဖို့ ယခင်နေ့ရက်များက ပြုလုပ်ခဲ့သည့် ထိုအရာများကို မမောနိုင်အောင်ပင် ပြုလုပ်ခဲ့ကြလေသည်။
သို့သော် ချန်နိုင်ငံတော်၏ ဘုရင်မင်းမြတ်မှာမူ ထိုအတောအတွင်း ဒုက္ခရောက်နေသည်ဟု ဆိုနိုင်သည်။
ညီလာခံက ဇုဝူကျီမရှိဘဲ မစတင်နိုင် ဖြစ်နေသည် မဟုတ်ပါလား။
ထိုသို့ဖြစ်နေသည့်တိုင် ဇုဝူကျီက ဘုရင်မင်းမြတ်ကို နေမကောင်းဖြစ်နေသည်ဟုဆိုကာ အလုပ်မှန်သမျှကို မေ့ဖျောက်ထားခဲ့လေသည်။
တကယ်တမ်းတွင် ထိုနေမကောင်းသည့်လူက အိပ်ရာထက်တွင် ရှိမနေ။
အမြဲတစေ ပျော်ပါး၍သာ ရှိနေ၏။
လူတိုင်းကလည်း ထိုမြင်ကွင်းကို အမြဲတစေ မြင်နေကြလေသည်။
သို့သော် ၎င်းတို့အဖို့ လန်လန်ကိုသာ သိကြပြီး ငယ်ရွယ်ချောမောသည့် လူငယ်လေးကိုမူ မသိကြချေ။
မည်သို့ပင်ဆိုစေကာမူ ဇုဝူကျီအတွက် ထိုလူများမှလွဲ၍ မည်သည့်အရာကမှ အရေးမကြီးသည့်ပုံပါပင်။
ထို့ကြောင့် ချန်နိုင်ငံတော်အတွင်းရှိ မှူးမတ်များအားလုံးမှာ အံ့ဩနေကြလေသည်။
“ဘယ်လိုဖြစ်တာလဲ . . .”
“ဒီလူငယ်လေးက အဲဒီလောက်တောင်ပဲ ဆွဲဆောင်မှုရှိတာလား . . .”
“ငါတို့နိုင်ငံရဲ့ အရေးကြီးဆုံး လူနှစ်ယောက်ကို သူကသိမ်းပိုက်ထားနိုင်တာပဲ . . .”
“တစ်ချို့တွေဆိုရင် ပြောကြသေးတယ် ဇုဝူကျီနဲ့ လန်လန်တို့က ဒီကောင်လေးအတွက်နဲ့ ရန်ဖြစ်နေကြတာ တဲ့၊ ဒါပေမယ့် အဲဒီကောင်လေးက ဝင်ရောက်ဖျန်ဖြေလိုက်တာနဲ့ သူတို့က စိတ်လျှော့သွားကြတယ်၊ ဒါကြီးက မယုံ နိုင်စရာပဲ . . .”
“ဒီကောင်လေးက ဘယ်သူများလဲ၊ သူကဘာဖြစ်လို့ ဒီလောက်ထိ အရည်အချင်းရှိနေရတာလဲ . . .”
“သူက မော်တယ်ကမ္ဘာကြီးကို ကယ်တင်ခဲ့လို့လား၊ အဲဒီလိုမှမဟုတ်ရင် နိုင်ငံတော်ရဲ့အရေးကြီးဆုံး လူနှစ် ယောက်က ဘာလို့ သူ့စကားကိုဆို နားထောင်နေရတာလဲ၊ ဒါကတော့ မယုံနိုင်စရာပဲ . . .”
လူတိုင်းမှာ ဇုဝူကျီတို့နှင့်အတူရှိနေသော လူငယ်လေးအကြောင်းကိုသာ ပြောဆိုနေကြလေသည်။
တကယ်တမ်းတွင် ရဲရှောင်က လူငယ်လေးတစ်ဦးပုံစံ ရုပ်ဖျက်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဇုဝူကျီနှင့် လန်လန်တို့သာ သူ၏သရုပ်မှန်ကို မြင်ရပြီး အခြားလူများမှာမူ ငယ်ရွယ်နုပျိုသော လူ ငယ်တစ်ဦးအဖြစ်သာ မြင်တွေ့နိုင်ကြ၏။
ရဲရှောင်က ရုပ်ဆင်းသွင်ပြင်နှင့်ပတ်သက်လျှင် များစွာ ဂရုစိုက်တတ်သူတစ်ဦးဖြစ်သည်။
သူ့အဖို့ အလွန်အမင်း ချောမောခန့်ညားနေသည်ကိုလည်း မလိုလားချေ။
သို့သော် အနည်းဆုံးမူ ကြည့်ကောင်းရမည်ဆိုသည့်အချက်ကို လက်ကိုင်ထား၏။
ထို့ကြောင့် သူ့ကိုယ်သူ ရုပ်ဖျက်သည့်အခါတိုင်း ကြည့်ကောင်းသည့်ပုံစံမျိုးသာ ရုပ်ဖျက်လေ့ရှိလေသည်။
ထိုသို့ဖြင့် မော်တယ်ကမ္ဘာမှ သူပြန်ထွက်ခွာချိန်တွင်မူ လူငယ်လေးတစ်ဦးက ချန်နိုင်ငံတော်၏အရေးပါဆုံး ပုဂ္ဂိုလ်နှစ်ဦးကို စည်းရုံးခဲ့သည့် ဇာတ်လမ်းတစ်ပုဒ် ကျန်ရစ်ခဲ့တော့၏။
တကယ်တမ်းတွင် ထိုဇာတ်လမ်းက သမိုင်းပင်တွင်ခဲ့သည်ဟု ဆိုနိုင်သည်။
ထို့ပြင် လန်လန်နှင့် ဇုဝူကျီတို့အတွက်လည်း ရှင်းမရအောင်ရှုပ်သည့် ဇာတ်လမ်းတစ်ခုဖြစ်ခဲ့လေသည်။
အခြားနိုင်ငံများမှ လန်လန်နှင့် ဇုဝူကျီတို့ကို လာတွေ့ဆုံသည့်အခါတိုင်း ငယ်ရွယ်ချောမောသော ယောက်ျား လေးများကို ခေါ်လာကြသည် မဟုတ်ပါလား။
ထိုအခါတိုင်း လန်လန်နှင့် ဇုဝူကျီတို့က ထိုယောက်ျားလေးများကို အိမ်ရှေ့ထိရောက်အောင် မောင်းထုတ် ပစ်ကြရလေသည်။
ထိုအပြုအမူကြောင့် လူတိုင်း၏စိတ်ထဲတွင် လန်လန်တို့က ယခင်လူငယ်လေးမှလွဲ၍ အခြားလူများကို မည်သည့်နည်းနှင့်မျှ အစားမထိုးနိုင်ကြောင်း တထစ်ချ ယုံကြည်သွားကြသည်။
ရဲရှောင် ထွက်သွားသည့်တိုင် ကောလဟလများက ဇုဝူကျီတို့ထံ၌ အရိပ်ပမာ လိုက်ပါလျက်ရှိနေပါတော့ သည်။
. . .
တစ်နေ့တွင် ကောင်းကင်ထက်၌ မိုးခြိမ်းသံများကို လူတိုင်းကြားလိုက်ကြရ၏။
“ကျွန်မတို့လည်း မိုးကြိုးကပ်ဘေးကို ကြုံတွေ့ကြရတော့မယ်ထင်တယ် . . .”
ရွှမ်ပိုင်နှင့် ကျွင့်ယင်းလျန်တို့က ရဲရှောင်အား လှမ်းကြည့်ရင်း ပြောလိုက်သည်။
“ကျွန်မတို့တွေ ရှင်နဲ့အတူတူ လိုက်ပါခွင့်ရတာ ကျွန်မတို့ရဲ့ ကံတရားပဲ . . .”
ရဲရှောင် ခေါင်းညိတ်လိုက်ပြီး မိန်းကလေးနှစ်ဦး၏လက်ကို ကိုင်ကာ -
“ငါတို့တွေ အတူတကွ အမြဲတမ်း နေသွားကြမယ် . . .”
“ကျွန်မတို့ နေသွားမှာပါ ကျွန်မတို့ ဘဝဆုံးတဲ့အထိ ဘယ်တော့မှမခွဲဘူး . . .”
ထိုသို့ပြောနေချိန် မိန်းကလေးနှစ်ဦး၏ မျက်လုံးများမှာ တဖိတ်ဖိတ်တောက်ပနေကြသည်။
“ဂျိမ်း . . .”
မိုးကြိုးကပ်ဘေး၏ အရိပ်အယောင်ပေါ်လာပြီဖြစ်၍ သူတို့အဖို့ မော်တယ်ကမ္ဘာတွင် မည်သို့မှ ဆက်နေခွင့် ရတော့မည် မဟုတ်ချေ။
မူလတာအိုအဆင့်၏ မိုးကြိုးကပ်ဘေးမှာ မော်တယ်ကမ္ဘာကြီးတစ်ခုလုံးကိုပင် ပျက်စီးသွားစေနိုင်သည် မဟုတ်ပါလား။
တကယ်တမ်းတွင် ထိုကဲ့သို့ အရိပ်အယောင်ပေါ်လာသည်ကပင် အန္တရာယ်များလွန်းလှ၏။
ထို့ကြောင့် ရဲရှောင် အထက်သို့မတက်ခင် ညီအစ်ကိုနှစ်ဦးကို နှုတ်ဆက်စကားဆိုရတော့ပေမည်။
သူတို့အဖို့ မဖြစ်မနေ အထက်သို့ တက်ရတော့မည်အခြေအနေနှင့် ကြုံနေရခြင်းပင် ဖြစ်ပါတော့သည်။
. . .
သုံးရက်ကြာပြီးနောက်တွင် မိုးကြိုးလျပ်စီးများ လင်းလက်လာသည်။
ထိုမိုးကြိုးများကြောင့် ကမ္ဘာတစ်ခုလုံးကလည်း သွက်သွက်ခါနေတော့၏။
စင်စစ် မိုးကြိုးကပ်ဘေးနှစ်ခုက တစ်ပြိုင်တည်းပေါ်လာခဲ့ခြင်းကြောင့် ထိုသို့ဖြစ်သွားရခြင်းပါပင်။
ဤသို့သော အဖြစ်မျိုးကလည်း ရှားပါးလွန်းလှ၏။
ရဲရှောင်တုန်းကထက်ပင် မိုးကြိုးကပ်ဘေးက ပို၍အင်အားကြီးနေသည် မဟုတ်ပါလား။
ထို့ပြင် တိမ်တိုက်များက မိုးကြိုးများကို စုစည်းနေ၍ ချင်းရန်နယ်ပယ်တစ်ခုလုံးပင် တုန်ခါလျက်ရှိသည်။
သို့သော် ချင်းရန်နယ်ပယ်သို့ သူပြန်ရောက်လာသည်ကို ရဲရှောင်က မည်သူ့ကိုမှ မပြောခဲ့ချေ။
အကြောင်းမှာ မိန်းကလေးနှစ်ဦး၏ မိုးကြိုးကပ်ဘေးလုံခြုံမှုရှိစေရန် စောင့်ကြပ်ပေးနေရခြင်းကြောင့်ပါပင်။
လက်ရှိတွင် ရဲရှောင်တို့က မိုးကြိုးကပ်ဘေးကို နှင်းတောင်ထိပ်၌ ဖြတ်ကျော်ကြတော့မည် ဖြစ်သည်။
တကယ်တမ်းတွင် ထိုနေရာက လျှို့ဝှက်နေရာတစ်ခုဖြစ်၍ စိတ်ချရသည်ဟုလည်း ဆိုနိုင်သည်။
“ဂျိမ်း ဂျိမ်း . . .”
မိုးကြိုးသံများ အဆက်မပြတ်ထွက်ပေါ်နေချေပြီ။
ရဲရှောင်ပင်လျှင် မိုးကြိုးကပ်ဘေးနှစ်ခု တစ်ပြိုင်တည်းပေါ်သည့် စွမ်းအင်မျိုးကို မမှန်းဆနိုင်ချေ။
ထိုအချိန် ချင်းရန်နယ်ပယ်မှ ပညာရှင်များမှာ ကောင်းကင်ထက်မှ စွမ်းအင်လှိုင်းများကို ခံစားလိုက်မိကြ၍ အံ့ဩတုန်လှုပ်သွားကြ၏။
ထို့ကြောင့် လူတိုင်းမှာ ပါးစပ်အဟောင်းသားဖြင့် ထိုမြင်ကွင်းကို ငေးမောကြည့်ရှုနေကြလေသည်။
ထို့ပြင် စိတ်ထဲ၌လည်း ထိုကပ်ဘေးကို ဖြတ်ကျော်သည့် မည်သူမဆို အန္တရာယ်ကင်းစွာဖြင့် အထက်နယ် ပယ်သို့ တက်လှမ်းနိုင်ပါစေဟု ဆုတောင်းနေမိကြပြန်သည်။
ထိုသို့ဖြင့် မိုးကြိုးကပ်ဘေးမှာ ၁ ရက်လုံးလုံးပင် ကြာမြင့်ခဲ့လေသည်။
ထိုရက်ကျော်လွန်ပြီးနောက်တွင်မူ ကောင်းကင်ထက်၌ သက်တန့်တစ်ခုဖြစ်ပေါ်လာပြီး မိုးစက်မိုးပေါက်များ ကျဆင်းလာသည်။
မသိပါက ငြိမ်းချမ်းသော ချီဓာတ်များ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသလိုပါပင်။
ထို့ကြောင့် ပညာရှင်များလည်း ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခုပ်လက်ဝါးတီးလိုက်ကြပါတော့သည်။
“ပြီးသွားပြီ . . .”
“သူတို့အောင်မြင်သွားပြီ . . .”
. . .
ရဲရှောင်စိတ်ထဲ ထူးခြားသလို ခံစားနေရလေသည်။
ထိုသို့ ခံစားနေရသည်မှာလည်း အကြောင်းအရင်းရှိ၏။
မိန်းကလေးနှစ်ဦးထံ ကျရောက်ခဲ့သော မိုးကြိုးကပ်ဘေးက သူနှင့်မတူသောကြောင့်ဖြစ်သည်။
ထို့ပြင် ထိုမိုးကြိုးကပ်ဘေးက မယုံနိုင်လောက်အောင်လည်း အင်အားကြီးလွန်းနေသည်။
ရဲရှောင်ကိုယ်တိုင်လည်း ကပ်ဘေးကို ကျော်ဖြတ်ခဲ့၍ ကွဲပြားခြားနားချက်ကို ကောင်းစွာ သိနေသည်။
ထိုအချိန်က သူ့ထံသို့ကျရောက်သည့် မိုးကြိုးကပ်ဘေးက ပြင်းထန်သော်လည်း နာကျင်ခြင်းအလျဉ်းမရှိပေ။
ထိုအစား ပျက်စီးနေသော အရာများကို ပြန်လည်ပြုပြင်ပေးသလို ဖြစ်ခဲ့ပါသေးသည်။
သို့သော် ရွှမ်ပိုင်နှင့် ကျွင့်ယင်းလျန်တို့ကို သက်ရောက်လာသော မိုးကြိုးကပ်ဘေးမှာမူ သူနှင့်မတူ။
စင်စစ် အန္တရာယ်ကြီးမားနေခြင်းဖြစ်သည်။
ထို့ကြောင့် မိန်းကလေးနှစ်ဦးအဖို့ အသက်ထွက်လုနီးပါပင် ဖြစ်ခဲ့ရလေသည်။
တကယ်တမ်းတွင် ကျွင့်ယင်းလျန် ခံစားခဲ့ရသည့် ကပ်ဘေးက ရွှမ်ပိုင်ထက်ပင် ၂ ဆ ပြင်းထန်နေသည်။
စင်စစ် လူသုံးယောက်က မတူညီသော ကပ်ဘေးသုံးခုကို ရင်ဆိုင်ခဲ့ရသည်ဟု ဆိုနိုင်သည်။
ထို့အတွက်ကြောင့် ရဲရှောင်စိတ်ထဲ အံ့ဩမိသလို ထိတ်လန့်သွားခဲ့ရသည်။
သို့သော် မိုးကြိုးကြောင့် ဒဏ်ရာရရှိခဲ့သည့် မိန်းကလေးနှစ်ဦး၏ ဒဏ်ရာများမှာ လျင်မြန်စွာ သက်သာနိုင်ခဲ့ ကြသည်။
ထိုသို့ဖြစ်နေသည့်တိုင် ရဲရှောင်စိတ်ထဲ စိုးရိမ်စိတ်ဝင်နေမိတုန်းပါပင်။
ပိုင်အာကမူ ကျွင့်ယင်းလျန်လောက် မဆိုးဟုဆိုနိုင်သည်။
ထို့ကြောင့် ကျွင့်ယင်းလျန် မိုးကြိုးပစ်ခံနေရသည့်အချိန်တွင်မူ ရဲရှောင်စိတ်ထဲ အလွန်ထိတ်လန့်ခဲ့ရသည်။
ထို့ပြင် သူမထံသို့ ပြေးသွား၍လည်း ကယ်တင်ပေးလိုသည့် စိတ်များ တဖွားဖွားပင် ဖြစ်ပေါ်ခဲ့လေသည်။
နောက်ဆုံး ကပ်ဘေးပြီးသွားသည့်အချိန်တွင်မူ ရဲရှောင် မအောင့်အီးနိုင်တော့။
ကျွင့်ယင်းထံသို့ တဟုန်ထိုးပြေးသွားပြီး တင်းကြပ်စွာ ပွေ့ဖက်ထားမိလိုက်သည်။
ထို့နောက် ကျွင့်ယင်းလျန်အား စိုးရိမ်သည့်အကြည့်များဖြင့် စိုက်ကြည့်လိုက်ပါတော့သည်။

#translator
#ကြွေရွက်ဝါအခန်း (၁၄၅၁ - ခ)(စာစဉ် ၁၀၈- အပိုင်း ၄)
“အထက်နယ်ပယ်သို့ တက်ခြင်း”
ရဲရှောင်၏ ရင်ခွင်ထဲရှိ ကျွင့်ယင်းလျန်မှာမူ ကျေနပ်မှုများဖြင့် ပြည့်နေ၏။
မိုးကြိုးကပ်ဘေးကို ခံခဲ့ရစဉ်က သူမ၏ခန္ဓာကိုယ်အနှံ့တွင် မယုံနိုင်လောက်အောင် နာကျင်ခဲ့ရသည်။
သို့သော် ယခုအခါတွင်မူ သူမစိတ်ထဲ၌ ပျော်ရွှင်မှုများသာ ရှိတော့၏။
ထို့အတူ ကောင်းကင်ရေခဲနန်းတော်မှ လူများအားလုံးလည်း ဝမ်းမြောက်ဝမ်းသာဖြစ်နေကြလေသည်။
ထို့ပြင် သူမတို့စိတ်ထဲ ခံစားနေရသည့် ဖိအားများ၊ စိုးရိမ်မှုများမှာလည်း ကင်းစင်သွားပြီဖြစ်သည်။
ကျွင့်ယင်းလျန်၏ အောင်မြင်မှုက သူမတို့ ကောင်းကင်ရေခဲနန်းတော်၏ အောင်မြင်မှုပင် မဟုတ်ပါလား။
လက်ရှိတွင် ကျွင့်ယင်းလျန်၏ စိတ်စွမ်းအင်လှိုင်းများက မယုံနိုင်အောင်ကို အားကောင်းနေပြီဖြစ်သည်။
တောအထပ်ထပ် တောင်အသွယ်သွယ်ကိုပင် ဖြတ်သန်း၍ ဖြန့်ကျက်နိုင်စွမ်းရှိနေခြင်းဖြစ်သည်။
“ငါမိုးကြိုးကပ်ဘေးကို အောင်မြင်သွားခဲ့ပြီ . . .”
“ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ကို မကြာခင် တက်တော့မယ် . . .”
ဤသည်က ကောင်းကင်ရေခဲနန်းတော်အတွက် သတင်းကောင်းတစ်ခုပါပင်။
ရဲရှောင်က မိစ္ဆာကြီးကို အနိုင်တိုက်ခဲ့သော သူရဲကောင်းကြီးတစ်ဦး ဖြစ်သည်။
ထို့ကြောင့် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်၍ အထက်နယ်ပယ်သို့ တက်လှမ်းနိုင်သည်မှာ အံ့ဩဖွယ်ရာမရှိ ချေ။
သို့သော် ကပ်ဘေးကို ဒုတိယမြောက်ဖြတ်ကျော်နိုင်သူမှာ ကောင်းကင်ရေခဲနန်းတော်မှ မူလဂိုဏ်းချုပ်ဖြစ် နေသည်။
ထို့အတွက်ကြောင့် ဂိုဏ်းသူများအားလုံးမှာ ဂုဏ်ယူမဆုံးနိုင်အောင်ပင် ဖြစ်နေကြ၏။
သူမတို့၏ ယခင်ဂိုဏ်းချုပ်ဖြစ်သူ ကျွင့်ယင်းလျန်က ရွှမ်ပိုင်၊ ရှဲ့ဒါယူ၊ လိဝူလျန်နှင့် ဟန်ပိုင်ယွဲ့တို့ထက်ပင် အထက်နယ်ပယ်သို့ ဦးစွာ တက်နိုင်ခဲ့သည် မဟုတ်ပါလား။
ထိုသတင်းက ကောင်းကင်ရေခဲနန်းတော်အတွက် ဝမ်းအမြောက်ရဆုံး သတင်းတစ်ခုပါပင်။
ထိုအချိန် တိမ်မြူခိုးနန်းတော်မှ မိန်းကလေးများမှာလည်း ပျော်ရွှင်လျက်ရှိနေကြ၏။
သူမတို့စိတ်ထဲ ရွှမ်ပိုင်က ပိုင်အာဖြစ်သည်ဟု သံသယရှိခဲ့ကြသော်လည်း လုံလောက်သည့် သက်သေမူ မပြ နိုင်ခဲ့ကြချေ။
သို့သော် ယခုအခါတွင် သူမတို့၏ဥသျှောင်ကြီးဖြစ်သူ ရွှမ်ပိုင်က သတင်းကောင်းကို ပေးပို့လာ၍ အားလုံးမှာ ဂုဏ်ယူများမှုဖြင့် ဝမ်းမြောက်၍မဆုံးနိုင်အောင် ဖြစ်နေကြလေသည်။
တိမ်မြူခိုးနန်းတော်က ချင်းရန်နယ်ပယ်၏ အင်အားအကြီးဆုံး အမျိုးသမီးဂိုဏ်းတစ်ခုအဖြစ် ရှိနေနိုင်ဦးမည် မဟုတ်ပါလား။
“ကျွန်မတို့ စောင့်သင့်သလား . . .”
ကျွင့်ယင်းလျန်မှ ရဲရှောင်အားကြည့်ရင်း မေးလိုက်၏။
ရဲရှောင် မျက်မှောင်ကြုတ်ရင်း ခဏမျှစဉ်းစားလိုက်သည်။
အကယ်၍ သူ့တွင်သာ ရွေးချယ်စရာရှိပါက လိဝူလျန်၊ ဟန်ပိုင်ယွဲ့နှင့် ရှဲ့ဒါယူတို့ကို စောင့်နေဦးမည်သာ။
အထက်နယ်ပယ်သို့ အားလုံးအတူတကွ တက်သွားနိုင်ပါက အကောင်းဆုံးပင် မဟုတ်ပါလား။
သို့သော် သူတို့ရင်ထဲတွင် အမျိုးအမည်မသိသည့် ဖိအားတစ်မျိုးကို ခံစားနေရ၏။
စင်စစ် ထိုဖိအားက ကောင်းကင်ဘုံမှ ဖိအားတစ်မျိုးဖြစ်ပြီး ၃ ယောက်လုံး ခံစားနေရခြင်းဖြစ်သည်။
တဖြည်းဖြည်းဖြင့် ထိုဖိအားက မုန်တိုင်းပမာ ပြင်းထန်သထက်လည်း ပြင်းထန်လာနေသည်။
ထိုအချိန်မျိုးတွင် သူတို့သာ ဆက်နေနေမည်ဆိုပါက အထက်နယ်ပယ်သို့ တက်ခွင့်ရမရကိုပင် မသေချာချေ။
သုံးယောက်လုံးက ယခုနယ်ပယ်၏ ကျင့်ကြံမှုအဆင့်ကို ကျော်လွန်သွား၍ ချင်းရန်နယ်ပယ်တွင် မရှိသင့် သော လူများဖြစ်နေကြပြီ မဟုတ်ပါလား။
အတိအကျဆိုရလျှင် သူတို့ကို ယခုကမ္ဘာကြီး၏ ပညာရှင်များအဖြစ် သတ်မှတ်၍ မရနိုင်တော့ခြင်းဖြစ်သည်။
ထို့ကြောင့် ထိုသို့သောအခြေအနေတွင် အတင်းအကြပ်နေနေမည်ဆိုပါက ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်း ကို ခံရမည်သာ။
အကယ်၍ ထိုသို့သာ အပြစ်ပေးခံရပါက မလွယ်ကူနိုင်ချေ။
ချင်းရန်နယ်ပယ်၏ နတ်ဘုရားအပြစ်ဒဏ်က မော်တယ်ကမ္ဘာထက်ပင် များစွာပြင်းထန်နေသည် မဟုတ်ပါ လား။
မော်တယ်ကမ္ဘာက အဆင့်နိမ့်နယ်ပယ်ဖြစ်၍ အပြစ်ပေးမှုမှာလည်း အားနည်းလှသည်မှာ မဆန်းပေ။
ထို့ကြောင့် ယခုနယ်ပယ်၏ နတ်ဘုရားအပြစ်ပေးမှုဒဏ်ကို ရဲရှောင်ပင်လျှင် အလွယ်တကူ မခုခံနိုင်မည်မှာ သေချာလှသည်။
သို့သော် လက်ရှိအချိန်တွင်မူ ရဲရှောင်အဖို့ ထူးခြားသည့် ကျင့်စဉ်များကို ကျင့်ကြံမှုပြုလုပ်ထားသည့် အကျိုး ကြောင့် ကောင်းကင်ဖိအားများကို ပြင်းထန်စွာ မခံစားရသေးချေ။
ရွှမ်ပိုင်နှင့် ကျွင့်ယင်းလျန်တို့မှာမူ ထိုသို့ မဟုတ်။
သူမတို့အနေဖြင့် ဆက်လက်နေနိုင်ရန် ခက်ခဲသထက် ခက်ခဲလာနေပြီဖြစ်သည်။
မည်မျှထိဆိုလျှင် ကောင်းကင်ဘုံက သူမတို့ကို အတင်းအကြပ် မောင်းထုတ်နေသည့်အလားပင် ဖြစ်တည် နေခြင်းဖြစ်သည်။
ထိုခံစားမှုနှင့်အတူ အချိန်မရွေး ပြစ်ဒဏ်ခံရတော့မည့် လူများကဲ့သို့လည်း ခံစားနေကြရ၏။
“လိဝူလျန်နဲ့ ဟန်ပိုင်ယွဲ့တို့က အချိန်မရွေး မိုးကြိုးကပ်ဘေးကျလာနိုင်အောင် လုပ်လို့ရနေလောက်ပြီ . . .”
“လိဝူလျန်က ရှဲ့ဒါယူကို စောင့်နေတာ ဖြစ်နိုင်တယ်၊ ဟန်ပိုင်ယွဲ့ကလည်း သူ့မိသားစုနဲ့သူ စီစဉ်စရာရှိတာ စီစဉ်နေတာဖြစ်လိမ့်မယ်၊ သူတို့အတွက် အချိန်ပိုလိုတယ် . . .”
“နင်ဘီလျူနဲ့ ကျန်နှစ်ယောက်ကတော့ ရှဲ့ဒါယူလောက် အင်အားမကြီးကြသေးဘူးလေ၊ အဲဒါကြောင့် အား လုံး တစ်ချိန်တည်း တက်နိုင်မယ်လို့တော့ မထင်ဘူး . . .”
ရဲရှောင်က ခဏမျှ စဉ်းစားရင်း ပြောလိုက်၏။
“အခုလက်ရှိ အခြေအနေအရ နောက်ကျသွားရင် မကောင်းဘူး၊ ငါတို့တွေ အရင်သွားသင့်တယ်ထင်တယ်”
ရဲရှောင်က ဆုံးဖြတ်ချက်ချလိုက်သော်လည်း မိန်းကလေးနှစ်ဦးမှာမူ အဖြေပြန်မပေးကြချေ။
ရဲရှောင်လည်း အံ့ဩသွားဟန်ဖြင့် မိန်းကလေးနှစ်ဦးအား လှမ်းကြည့်လိုက်၏။
ထို့နောက် ကျယ်လောင်သော အသံဖြင့် -
“မင်းတို့က ဘာဖြစ်နေတာလဲ၊ ဘာလို့ စိုးရိမ်နေတဲ့ပုံပေါ်နေတာလဲ၊ ဘာဖြစ်လို့လဲ . . .”
“ရှောင်ရှောင် . . .”
“ကျွန်မ ရှင်နဲ့အတူ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ကို မလိုက်နိုင်မှာ ကြောက်မိတယ် . . .”
“ကျွန်မ အခုမှ စဉ်းစားမိတာ၊ ကျွန်မ ကောင်းကင်ရေခဲနန်းတော်ကိုပြန်ပြီး ကျွန်မလူတွေအတွက် စီစဉ်စရာ ရှိတာတွေကို စီစဉ်ပေးရဦးမယ်လေ . . .”
“ကျွန်မက အထက်နယ်ပယ်ကို တက်သွားတယ်ဆိုပေမယ့် ကောင်းကင်ရေခဲနန်းတော်က ကျွန်မကို ဆုံးရှံး လိုက်ရမှာ၊ ဒါကသက်ရောက်မှုအများကြီးဖြစ်သွားနိုင်တယ်၊ အဲဒါကြောင့် ကျွန်မ မထွက်သွားခင်မှာ လိုအပ်တာတွေ ပြင်ဆင်ပေးခဲ့ဖို့ လိုတယ် . . .”
ကျွင့်ယင်းလျန်က ခဏမျှ စဉ်းစားရင်း ပြောလိုက်၏။
ရဲရှောင်မှာမူ ကျွင့်ယင်းလျန်၏ စကားကြောင့် ဝမ်းနည်းသွားလေသည်။
သို့သော် ဤသည်က သူ့အတွက် စိတ်ဓာတ်ကျစရာအခြေအနေတော့ မဟုတ်ချေ။
“ဟုတ်တယ် ကျွန်မလည်း ပြန်ဖို့ လိုနေသေးတယ် . . .”
“ကျွန်မ မသွားခင် လုပ်စရာလေးတွေ ရှိနေသေးလို့ပါ . . .”
ရွှမ်ပိုင်ကလည်း လေသံတီးတိုးဖြင့် ပြောလိုက်၏။
“ဘာ . . . မင်း . . .”
“ပိုင်အာ မင်းကဘာတွေ ပြောနေတာလဲ . . .”
ရဲရှောင်က နားမလည်ဟန်ဖြင့် မေးလိုက်သည်။
“လျန်လျန်က ကောင်းကင်ရေခဲနန်းတော်က ဂိုဏ်းချုပ်မလို့ သူလုပ်စရာရှိတာ၊ စီစဉ်စရာရှိတာတွေကို စီစဉ် ပေးခဲ့ရမယ်ဆိုတာ ငါနားလည်တယ် ဒါပေမယ့်  ပိုင်အာ မင်းကတော့ တခြားလူအတိုင်း လုပ်လိုက်စရာမလိုဘူးလေ၊ မင်းက ဘာစီစဉ်ရှိနေသေးလို့လဲ . . .”
“ဪဒါနဲ့ ငါအမြဲတမ်းမေးဖို့မေ့နေခဲ့တာ မင်းက ဘယ်ဂိုဏ်းကလဲ . . .”
ရွှမ်ပိုင် ပြန်မဖြေခင်မှာပင် ကျွင့်ယင်းလျန်က မအောင့်အီးနိုင်တော့ဘဲ ရယ်မောလိုက်သည်။
ရဲရှောင်နှင့်အတူ မတက်နိုင်မှန်း ဖြစ်နေသည့်တိုင် ကျွင့်ယင်းလျန်က ရယ်မောနေသည်မှာ ထူးဆန်းနေသည် မဟုတ်ပါလား။
“တော်တော်ကိုရူးတဲ့ အားဟူပဲ . . .”
“သူက အခုထိ သရုပ်မှန်ကို မသိသေးဘူး၊ ကြည့်စမ်းပါဦး မယုံနိုင်လောက်အောင် ရူးမိုက်တဲ့လူ . . .”
“သေစမ်း . . .”
“ငါ့နာမည်ကိုပဲ ထပ်ပြီးသုံးနေပြန်ပြီ၊ ငါဘယ်နှစ်ခါများ ဒါမျိုးအပြောခံနေရဦးမှာလဲ . . .”
“ငါ့နာမည်က နာမည်ကောင်းတစ်ခုလေ၊ ဘာလို့ ငါ့နာမည်ကို ထုတ်သုံးနေရတာလဲ . . .”
“အင်း ဒါပေမယ့် ဒီတစ်ခါသုံးခံလိုက်ရတာက ငါ့သခင်ကိုဆိုတော့ ငါ့နာမည်က ငါ့သခင်နဲ့ကိုက်ညီတယ်ဆို တာကိုတော့ ဝန်ခံရမှာပဲ . . .”
ရွှမ်ပိုင်လည်း ခဏတာမျှစဉ်းစားလိုက်ပြီးနောက် ထပ်မံဖုံးကွယ်မထားတော့ရန် ဆုံးဖြတ်လိုက်တော့သည်။
ထို့ကြောင့် ရဲရှောင်နှင့် မျက်လုံးချင်းဆုံအောင် ကြည့်လိုက်ပြီးနောက် လေသံတီးတိုးဖြင့် -
“အစ်ကိုကြီး . . .”
“ကျွန်မက ပိုင်အာလည်းဖြစ်သလို ရွှမ်ပိုင်လည်းဖြစ်တယ် . . .”
မိုးကြိုးကပ်ဘေး ခံရပြီးနောက်ပိုင်းတွင် ရွှမ်ပိုင်၏ဝိညာဉ်စွမ်းအားများမှာ ပိုတည်ငြိမ်လာခဲ့သည်။
ထို့ကြောင့် ရဲရှောင်ကို နက်နက်ရှိုင်းရှိုင်း ချစ်သည့်အချစ်များနှင့်အတူ သူမ၏နှလုံးသားကလည်း ပိုသန်မာ လာခဲ့၏။
လက်ရှိအချိန်တွင် ယခင်ကကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမရှိသည့် လူတစ်ဦး မဟုတ်တော့ချေ။
ယခင်ကဆိုလျှင် ရွှမ်ပိုင်က ပိုင်အာဖြစ်မှန်း ရဲရှောင် သိသွားမည်ကို အလွန်စိုးရိမ်ခဲ့ရသည် မဟုတ်ပါလား။
သို့သော် ယခုအခါတွင်မူ သူမကိုယ်တိုင်ပင် ရဲရဲဝံ့ဝံ့ ဝန်ခံလိုက်ချေပြီ။
ထိုအချိန် ရဲရှောင်မှာမူ ပိုင်အာ၏စကားကြောင့် မျက်လုံးများပြုတ်ထွက်မတတ် ပြူးကျယ်သွားလေသည်။
ထို့အတူ ပိုင်အာကိုကြည့်ရင်း ခေါင်းများမူးဝေလာသလိုလည်း ခံစားလိုက်ရ၏။
သူ၏ကျင့်ကြံမှုအခြေအနေ မည်မျှမြင့်မားပါစေ ယခုအခြေအနေက မမျှော်လင့်ထားစရာဖြစ်နေ၍ ရဲရှောင် အနေဖြင့် မည်သို့ စိတ်ကိုထိန်းထားနိုင်ပါတော့မည်နည်း။
“ဘာ . . . ရွှမ်ပိုင် ဟုတ်လား . . .”
“မင်းက တိမ်မြူခိုးနန်းတော်ရဲ့ ဥသျှောင်ကြီး ရွှမ်ပိုင်လို့ ပြောချင်တာလား . . .”
ရွှမ်ပိုင် ပြန်မဖြေ၊ ခေါင်းသာ ညိတ်ပြလိုက်၏။
သူမ၏ မျက်နှာတစ်ခုလုံးမှာလည်း ရှက်စိတ်ကြောင့် နီရဲလျက်ရှိနေလေသည်။
“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အစ်ကိုကြီး . . .”
“ကျွန်မ အကြာကြီး လိမ်ခဲ့မိတယ် . . .”
ပိုင်အာက တောင်းပန်နေသည့်တိုင် ရဲရှောင်ကမူ အမှန်တရားကို လက်မခံနိုင်သေးချေ။
(ဘာတွေဖြစ်ကုန်တာလဲ . . .)
ရဲရှောင်လည်း သူ့ရှေ့ရှိ မိန်းကလေးကို မယုံနိုင်သောမျက်လုံးများဖြင့် ငေးစိုက်ကြည့်နေမိသည်။
ဝတ်ရုံနက်များကိုသာ အမြဲဝတ်ဆင်ပြီး ရေခဲတမျှအေးစက်လေ့ရှိသည့် ရွှမ်ပိုင်က ချစ်စဖွယ်ကောင်းသော ပိုင်အာအဖြစ် မည်ကဲ့သို့ နေထိုင်ခဲ့ပါသနည်း။
ထိုအချက်ကို ရဲရှောင် စဉ်းစား၍မရနိုင်အောင်ပင် ဖြစ်နေမိသည်။
(ငါအိပ်မက်မက်နေတာများလား . . .)
ရဲရှောင် မစဉ်းစားနိုင်တော့။
ထို့ကြောင့် ကျွင့်ယင်းလျန်အား အကူအညီရလိုရငြား လှမ်းကြည့်လိုက်၏။
ထိုအခါ ကျွင့်ယင်းလျန်မှလည်း မှန်ကန်ကြောင်း ခေါင်းညိတ်ပြလာလေသည်။
ထို့ပြင် သူမ၏မျက်နှာက မရယ်မိအောင် ကြိုးစားနေပုံပါပင်။
“ကျွန်မ ကျွန်မ လိမ်ခဲ့တယ်ဆိုတာ . . .”
“ . . .”
ရွှမ်ပိုင်လည်း အစအဆုံး ရှင်းပြလိုက်တော့၏။
“ကျွန်မပြောချင်ခဲ့ပါတယ်၊ အဲဒါအမှန်တိုင်းပြောနေတာပါ . . .”
“တကယ်တော့ ကျွန်မ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ ပိုင်အာ ဒါမှမဟုတ် ရွှမ်ပိုင်ပဲဖြစ်ဖြစ်ပေါ့ . . .”
“ဒီဟာနှစ်ခုလုံးက ကျွန်မနာမည်တွေပဲလေ၊ ကျွန်မက တစ်ယောက်တည်းပါပဲ . . .”
“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက ရှင့်ရဲ့မိန်းမပဲလေ . . .”
ထိုစကားများကိုပြောချိန် ရွှမ်ပိုင်၏ ပါးမို့မို့တွင် နှင်းဆီရောင် ယှက်သန်းသွား၏။
ထို့အတူ သူမ၏နှလုံးသားထဲတွင်လည်း ခံစားချက်မျိုးစုံ ရောထွေးသွားလေသည်။
ထို့ကြောင့် ရဲရှောင်ရှေ့မှ ရုတ်တရက် ပျံသန်းထွက်ခွာသွားတော့သည်။
ရဲရှောင်မှာမူ ကူရာကယ်ရာမဲ့သလိုဖြစ်နေသော ရွှမ်ပိုင်ကိုကြည့်ရင်း တုန်လှုပ်လျက်ရှိနေသည်။
သို့သော် ခဏအကြာတွင်မူ ကျယ်လောင်သော အသံဖြင့် -
“ဟုတ်တယ် ..  .”
“မင်းက ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး . . .”
“မင်းက ငါ့မိန်းမ၊ မင်းကငါ့ရဲ့ ပိုင်အာပဲ . . .”
“ဘာတွေပဲဖြစ်နေပါစေ၊ ဘယ်နေရာပဲရောက်နေပါစေ မင်းကငါ့မိန်းမ ငါ့မိန်းမပဲ . . .”
ရဲရှောင်လည်း ပျံသန်းသွားသည့် ရွှမ်ပိုင်ကိုကြည့်ရင်း အော်ဟစ်လိုက်ပါတော့သည်။

#translator
#ကြွေရွက်ဝါ


အခန္း (၁၄၅၁ - က)(စာစဥ္ ၁၀၈- အပိုင္း ၃)
“အထက္နယ္ပယ္သို႔ တက္ျခင္း”
ရဲေ႐ွာင္အတြက္ ေကာင္းကင္ဘုံအထက္ လူသားနယ္ပယ္က ခ်င္းရန္နယ္ပယ္ႏွင့္မတူဘဲ ကြဲျပားလွသည္။
ခ်င္းရန္နယ္ပယ္ဆိုသည္က သူ၏ေမြးရပ္ေျမျဖစ္၍ ထိုနယ္ပယ္သို႔ ျပန္တက္လွမ္းခ်ိန္ ကိုယ့္အိမ္ကိုယ့္ရာျပန္ ေရာက္သလိုသာ ရဲေ႐ွာင္ ခံစားခဲ့ရသည္။
သို႔ေသာ္ ယခုအခါတြင္ နယ္ပယ္အသစ္ျဖစ္သည့္ ေကာင္းကင္ဘုံအထက္ လူသားနယ္ပယ္သို႔ တက္ရမည္ ျဖစ္၍ အရာအားလုံးက အစိမ္းသက္သက္သာ ျဖစ္ေနလိမ့္မည္။
ထိုအရာမ်ားထက္ သူ႕အတြက္ ပို၍အေရးႀကီးသည့္အခ်က္တစ္ခ်က္ ႐ွိေနသည္။
ေကာင္းကင္ဘုံအထက္ လူသားနယ္ပယ္မွ ျပန္ေရာက္ခ်ိန္ သူ၏ညီအစ္ကိုမ်ား အသက္႐ွင္လ်က္႐ွိမ႐ွိကို သိ လိုျခင္းပါပင္။
ထို႔ေၾကာင့္ လက္႐ွိတြင္ ရဲေ႐ွာင္၏စိတ္ထဲ၌ အေတြးေပါင္းစုံျဖစ္ေပၚေနမိေလသည္။
အခ်ိန္တန္ၾကာၿပီးေနာက္ ရဲေ႐ွာင္လည္း သက္ျပင္းခ်လိုက္ၿပီး လန္လန္ႏွင့္ ဇုဝူက်ီတို႔႐ွိရာသို႔ ျပန္သြားလိုက္ ၏။
ထိုအခါ အိပ္ေမာက်ေနၿပီျဖစ္သည့္တိုင္ ပါးစပ္မွ ကေယာင္ကတမ္းမ်ားေျပာေနၾကေသာ သူငယ္ခ်င္းမ်ားကို ျမင္ေတြ႕လိုက္ရသည္။
ထိုစကားမ်ားက ပလုံးပေထြးျဖစ္ေန၍ မည္သည့္အရာမ်ားေျပာေနသည္ကိုပင္ သိႏိုင္ရန္ ခက္ခဲလြန္းလွ သည္။
ရဲေ႐ွာင္လည္း သူငယ္ခ်င္းျဖစ္သူမ်ားကိုၾကည့္ရင္း ေခါင္းခါယမ္းကာ ျပဳံးလိုက္မိသည္။
ထို႔ေနာက္ သူ၏လက္ကို ဆန္႔တန္း၍ ေဆးလုံးအခ်ိဳ႕ထုတ္ကာ သူငယ္ခ်င္းျဖစ္သူမ်ား၏ ပါးစပ္အတြင္းသို႔ ထည့္ေပးလိုက္ေတာ့သည္။
“ငါ့ေကာင္တို႔ . . .”
“ငါတို႔ေတြ တစ္ေန႔ေန႔မွာ ျပန္ဆုံႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ . . .”
“ဒီလိုညမ်ိဳး ထပ္ၿပီးေတာ့ ေရာက္ႏိုင္မွာပါ . . .”
. . .
ေမာ္တယ္ကမ႓ာ႐ွိ ေန႔ရက္မ်ားက ကုန္ဆုံးသည္မွာ ျမန္ဆန္လြန္းလွသည္။
တခဏအတြင္းမွာပင္ ၁၀ ရက္တာမွ် အခ်ိန္ကုန္လြန္သြားၿပီ မဟုတ္ပါလား။
ထိုေန႔ရက္မ်ားတြင္ ရဲေ႐ွာင္က ညီအစ္ကိုႏွစ္ေယာက္ႏွင့္အတူ ေပ်ာ္႐ႊင္စရာမ်ားကိုသာ ျပဳလုပ္ခဲ့သည္။
အရက္မ်ားေသာက္ကာ ေလာင္းကစားမ်ား ျပဳလုပ္သည္။
ဥယ်ာဥ္မ်ားသို႔ လည္ပတ္ကာ ကစားပြဲမ်ား ျပဳလုပ္သည္။
သူတို႔အဖို႔ ယခင္ေန႔ရက္မ်ားက ျပဳလုပ္ခဲ့သည့္ ထိုအရာမ်ားကို မေမာႏိုင္ေအာင္ပင္ ျပဳလုပ္ခဲ့ၾကေလသည္။
သို႔ေသာ္ ခ်န္ႏိုင္ငံေတာ္၏ ဘုရင္မင္းျမတ္မွာမူ ထိုအေတာအတြင္း ဒုကၡေရာက္ေနသည္ဟု ဆိုႏိုင္သည္။
ညီလာခံက ဇုဝူက်ီမ႐ွိဘဲ မစတင္ႏိုင္ ျဖစ္ေနသည္ မဟုတ္ပါလား။
ထိုသို႔ျဖစ္ေနသည့္တိုင္ ဇုဝူက်ီက ဘုရင္မင္းျမတ္ကို ေနမေကာင္းျဖစ္ေနသည္ဟုဆိုကာ အလုပ္မွန္သမွ်ကို ေမ့ေဖ်ာက္ထားခဲ့ေလသည္။
တကယ္တမ္းတြင္ ထိုေနမေကာင္းသည့္လူက အိပ္ရာထက္တြင္ ႐ွိမေန။
အၿမဲတေစ ေပ်ာ္ပါး၍သာ ႐ွိေန၏။
လူတိုင္းကလည္း ထိုျမင္ကြင္းကို အၿမဲတေစ ျမင္ေနၾကေလသည္။
သို႔ေသာ္ ၎တို႔အဖို႔ လန္လန္ကိုသာ သိၾကၿပီး ငယ္႐ြယ္ေခ်ာေမာသည့္ လူငယ္ေလးကိုမူ မသိၾကေခ်။
မည္သို႔ပင္ဆိုေစကာမူ ဇုဝူက်ီအတြက္ ထိုလူမ်ားမွလြဲ၍ မည္သည့္အရာကမွ အေရးမႀကီးသည့္ပုံပါပင္။
ထို႔ေၾကာင့္ ခ်န္ႏိုင္ငံေတာ္အတြင္း႐ွိ မႉးမတ္မ်ားအားလုံးမွာ အံ့ဩေနၾကေလသည္။
“ဘယ္လိုျဖစ္တာလဲ . . .”
“ဒီလူငယ္ေလးက အဲဒီေလာက္ေတာင္ပဲ ဆြဲေဆာင္မႈ႐ွိတာလား . . .”
“ငါတို႔ႏိုင္ငံရဲ႕ အေရးႀကီးဆုံး လူႏွစ္ေယာက္ကို သူကသိမ္းပိုက္ထားႏိုင္တာပဲ . . .”
“တစ္ခ်ိဳ႕ေတြဆိုရင္ ေျပာၾကေသးတယ္ ဇုဝူက်ီနဲ႔ လန္လန္တို႔က ဒီေကာင္ေလးအတြက္နဲ႔ ရန္ျဖစ္ေနၾကတာ တဲ့၊ ဒါေပမယ့္ အဲဒီေကာင္ေလးက ဝင္ေရာက္ဖ်န္ေျဖလိုက္တာနဲ႔ သူတို႔က စိတ္ေလွ်ာ့သြားၾကတယ္၊ ဒါႀကီးက မယုံ ႏိုင္စရာပဲ . . .”
“ဒီေကာင္ေလးက ဘယ္သူမ်ားလဲ၊ သူကဘာျဖစ္လို႔ ဒီေလာက္ထိ အရည္အခ်င္း႐ွိေနရတာလဲ . . .”
“သူက ေမာ္တယ္ကမ႓ာႀကီးကို ကယ္တင္ခဲ့လို႔လား၊ အဲဒီလိုမွမဟုတ္ရင္ ႏိုင္ငံေတာ္ရဲ႕အေရးႀကီးဆုံး လူႏွစ္ ေယာက္က ဘာလို႔ သူ႕စကားကိုဆို နားေထာင္ေနရတာလဲ၊ ဒါကေတာ့ မယုံႏိုင္စရာပဲ . . .”
လူတိုင္းမွာ ဇုဝူက်ီတို႔ႏွင့္အတူ႐ွိေနေသာ လူငယ္ေလးအေၾကာင္းကိုသာ ေျပာဆိုေနၾကေလသည္။
တကယ္တမ္းတြင္ ရဲေ႐ွာင္က လူငယ္ေလးတစ္ဦးပုံစံ ႐ုပ္ဖ်က္ထားျခင္း ျဖစ္သည္။
ထို႔ေၾကာင့္ ဇုဝူက်ီႏွင့္ လန္လန္တို႔သာ သူ၏သ႐ုပ္မွန္ကို ျမင္ရၿပီး အျခားလူမ်ားမွာမူ ငယ္႐ြယ္ႏုပ်ိဳေသာ လူ ငယ္တစ္ဦးအျဖစ္သာ ျမင္ေတြ႕ႏိုင္ၾက၏။
ရဲေ႐ွာင္က ႐ုပ္ဆင္းသြင္ျပင္ႏွင့္ပတ္သက္လွ်င္ မ်ားစြာ ဂ႐ုစိုက္တတ္သူတစ္ဦးျဖစ္သည္။
သူ႕အဖို႔ အလြန္အမင္း ေခ်ာေမာခန္႔ညားေနသည္ကိုလည္း မလိုလားေခ်။
သို႔ေသာ္ အနည္းဆုံးမူ ၾကည့္ေကာင္းရမည္ဆိုသည့္အခ်က္ကို လက္ကိုင္ထား၏။
ထို႔ေၾကာင့္ သူ႕ကိုယ္သူ ႐ုပ္ဖ်က္သည့္အခါတိုင္း ၾကည့္ေကာင္းသည့္ပုံစံမ်ိဳးသာ ႐ုပ္ဖ်က္ေလ့႐ွိေလသည္။
ထိုသို႔ျဖင့္ ေမာ္တယ္ကမ႓ာမွ သူျပန္ထြက္ခြာခ်ိန္တြင္မူ လူငယ္ေလးတစ္ဦးက ခ်န္ႏိုင္ငံေတာ္၏အေရးပါဆုံး ပုဂၢိဳလ္ႏွစ္ဦးကို စည္း႐ုံးခဲ့သည့္ ဇာတ္လမ္းတစ္ပုဒ္ က်န္ရစ္ခဲ့ေတာ့၏။
တကယ္တမ္းတြင္ ထိုဇာတ္လမ္းက သမိုင္းပင္တြင္ခဲ့သည္ဟု ဆိုႏိုင္သည္။
ထို႔ျပင္ လန္လန္ႏွင့္ ဇုဝူက်ီတို႔အတြက္လည္း ႐ွင္းမရေအာင္႐ႈပ္သည့္ ဇာတ္လမ္းတစ္ခုျဖစ္ခဲ့ေလသည္။
အျခားႏိုင္ငံမ်ားမွ လန္လန္ႏွင့္ ဇုဝူက်ီတို႔ကို လာေတြ႕ဆုံသည့္အခါတိုင္း ငယ္႐ြယ္ေခ်ာေမာေသာ ေယာက်္ား ေလးမ်ားကို ေခၚလာၾကသည္ မဟုတ္ပါလား။
ထိုအခါတိုင္း လန္လန္ႏွင့္ ဇုဝူက်ီတို႔က ထိုေယာက်္ားေလးမ်ားကို အိမ္ေ႐ွ႕ထိေရာက္ေအာင္ ေမာင္းထုတ္ ပစ္ၾကရေလသည္။
ထိုအျပဳအမူေၾကာင့္ လူတိုင္း၏စိတ္ထဲတြင္ လန္လန္တို႔က ယခင္လူငယ္ေလးမွလြဲ၍ အျခားလူမ်ားကို မည္သည့္နည္းႏွင့္မွ် အစားမထိုးႏိုင္ေၾကာင္း တထစ္ခ် ယုံၾကည္သြားၾကသည္။
ရဲေ႐ွာင္ ထြက္သြားသည့္တိုင္ ေကာလဟလမ်ားက ဇုဝူက်ီတို႔ထံ၌ အရိပ္ပမာ လိုက္ပါလ်က္႐ွိေနပါေတာ့ သည္။
. . .
တစ္ေန႔တြင္ ေကာင္းကင္ထက္၌ မိုးၿခိမ္းသံမ်ားကို လူတိုင္းၾကားလိုက္ၾကရ၏။
“ကြၽန္မတို႔လည္း မိုးႀကိဳးကပ္ေဘးကို ၾကဳံေတြ႕ၾကရေတာ့မယ္ထင္တယ္ . . .”
႐ႊမ္ပိုင္ႏွင့္ ကြၽင့္ယင္းလ်န္တို႔က ရဲေ႐ွာင္အား လွမ္းၾကည့္ရင္း ေျပာလိုက္သည္။
“ကြၽန္မတို႔ေတြ ႐ွင္နဲ႔အတူတူ လိုက္ပါခြင့္ရတာ ကြၽန္မတို႔ရဲ႕ ကံတရားပဲ . . .”
ရဲေ႐ွာင္ ေခါင္းညိတ္လိုက္ၿပီး မိန္းကေလးႏွစ္ဦး၏လက္ကို ကိုင္ကာ -
“ငါတို႔ေတြ အတူတကြ အၿမဲတမ္း ေနသြားၾကမယ္ . . .”
“ကြၽန္မတို႔ ေနသြားမွာပါ ကြၽန္မတို႔ ဘဝဆုံးတဲ့အထိ ဘယ္ေတာ့မွမခြဲဘူး . . .”
ထိုသို႔ေျပာေနခ်ိန္ မိန္းကေလးႏွစ္ဦး၏ မ်က္လုံးမ်ားမွာ တဖိတ္ဖိတ္ေတာက္ပေနၾကသည္။
“ဂ်ိမ္း . . .”
မိုးႀကိဳးကပ္ေဘး၏ အရိပ္အေယာင္ေပၚလာၿပီျဖစ္၍ သူတို႔အဖို႔ ေမာ္တယ္ကမ႓ာတြင္ မည္သို႔မွ ဆက္ေနခြင့္ ရေတာ့မည္ မဟုတ္ေခ်။
မူလတာအိုအဆင့္၏ မိုးႀကိဳးကပ္ေဘးမွာ ေမာ္တယ္ကမ႓ာႀကီးတစ္ခုလုံးကိုပင္ ပ်က္စီးသြားေစႏိုင္သည္ မဟုတ္ပါလား။
တကယ္တမ္းတြင္ ထိုကဲ့သို႔ အရိပ္အေယာင္ေပၚလာသည္ကပင္ အႏၲရာယ္မ်ားလြန္းလွ၏။
ထို႔ေၾကာင့္ ရဲေ႐ွာင္ အထက္သို႔မတက္ခင္ ညီအစ္ကိုႏွစ္ဦးကို ႏႈတ္ဆက္စကားဆိုရေတာ့ေပမည္။
သူတို႔အဖို႔ မျဖစ္မေန အထက္သို႔ တက္ရေတာ့မည္အေျခအေနႏွင့္ ၾကဳံေနရျခင္းပင္ ျဖစ္ပါေတာ့သည္။
. . .
သုံးရက္ၾကာၿပီးေနာက္တြင္ မိုးႀကိဳးလ်ပ္စီးမ်ား လင္းလက္လာသည္။
ထိုမိုးႀကိဳးမ်ားေၾကာင့္ ကမ႓ာတစ္ခုလုံးကလည္း သြက္သြက္ခါေနေတာ့၏။
စင္စစ္ မိုးႀကိဳးကပ္ေဘးႏွစ္ခုက တစ္ၿပိဳင္တည္းေပၚလာခဲ့ျခင္းေၾကာင့္ ထိုသို႔ျဖစ္သြားရျခင္းပါပင္။
ဤသို႔ေသာ အျဖစ္မ်ိဳးကလည္း ႐ွားပါးလြန္းလွ၏။
ရဲေ႐ွာင္တုန္းကထက္ပင္ မိုးႀကိဳးကပ္ေဘးက ပို၍အင္အားႀကီးေနသည္ မဟုတ္ပါလား။
ထို႔ျပင္ တိမ္တိုက္မ်ားက မိုးႀကိဳးမ်ားကို စုစည္းေန၍ ခ်င္းရန္နယ္ပယ္တစ္ခုလုံးပင္ တုန္ခါလ်က္႐ွိသည္။
သို႔ေသာ္ ခ်င္းရန္နယ္ပယ္သို႔ သူျပန္ေရာက္လာသည္ကို ရဲေ႐ွာင္က မည္သူ႕ကိုမွ မေျပာခဲ့ေခ်။
အေၾကာင္းမွာ မိန္းကေလးႏွစ္ဦး၏ မိုးႀကိဳးကပ္ေဘးလုံျခဳံမႈ႐ွိေစရန္ ေစာင့္ၾကပ္ေပးေနရျခင္းေၾကာင့္ပါပင္။
လက္႐ွိတြင္ ရဲေ႐ွာင္တို႔က မိုးႀကိဳးကပ္ေဘးကို ႏွင္းေတာင္ထိပ္၌ ျဖတ္ေက်ာ္ၾကေတာ့မည္ ျဖစ္သည္။
တကယ္တမ္းတြင္ ထိုေနရာက လွ်ိဳ႕ဝွက္ေနရာတစ္ခုျဖစ္၍ စိတ္ခ်ရသည္ဟုလည္း ဆိုႏိုင္သည္။
“ဂ်ိမ္း ဂ်ိမ္း . . .”
မိုးႀကိဳးသံမ်ား အဆက္မျပတ္ထြက္ေပၚေနေခ်ၿပီ။
ရဲေ႐ွာင္ပင္လွ်င္ မိုးႀကိဳးကပ္ေဘးႏွစ္ခု တစ္ၿပိဳင္တည္းေပၚသည့္ စြမ္းအင္မ်ိဳးကို မမွန္းဆႏိုင္ေခ်။
ထိုအခ်ိန္ ခ်င္းရန္နယ္ပယ္မွ ပညာ႐ွင္မ်ားမွာ ေကာင္းကင္ထက္မွ စြမ္းအင္လိႈင္းမ်ားကို ခံစားလိုက္မိၾက၍ အံ့ဩတုန္လႈပ္သြားၾက၏။
ထို႔ေၾကာင့္ လူတိုင္းမွာ ပါးစပ္အေဟာင္းသားျဖင့္ ထိုျမင္ကြင္းကို ေငးေမာၾကည့္႐ႈေနၾကေလသည္။
ထို႔ျပင္ စိတ္ထဲ၌လည္း ထိုကပ္ေဘးကို ျဖတ္ေက်ာ္သည့္ မည္သူမဆို အႏၲရာယ္ကင္းစြာျဖင့္ အထက္နယ္ ပယ္သို႔ တက္လွမ္းႏိုင္ပါေစဟု ဆုေတာင္းေနမိၾကျပန္သည္။
ထိုသို႔ျဖင့္ မိုးႀကိဳးကပ္ေဘးမွာ ၁ ရက္လုံးလုံးပင္ ၾကာျမင့္ခဲ့ေလသည္။
ထိုရက္ေက်ာ္လြန္ၿပီးေနာက္တြင္မူ ေကာင္းကင္ထက္၌ သက္တန္႔တစ္ခုျဖစ္ေပၚလာၿပီး မိုးစက္မိုးေပါက္မ်ား က်ဆင္းလာသည္။
မသိပါက ၿငိမ္းခ်မ္းေသာ ခ်ီဓာတ္မ်ား ကမ႓ာတစ္ခုလုံးကို လႊမ္းျခဳံသြားသလိုပါပင္။
ထို႔ေၾကာင့္ ပညာ႐ွင္မ်ားလည္း ဝမ္းေျမာက္ဝမ္းသာျဖင့္ လက္ခုပ္လက္ဝါးတီးလိုက္ၾကပါေတာ့သည္။
“ၿပီးသြားၿပီ . . .”
“သူတို႔ေအာင္ျမင္သြားၿပီ . . .”
. . .
ရဲေ႐ွာင္စိတ္ထဲ ထူးျခားသလို ခံစားေနရေလသည္။
ထိုသို႔ ခံစားေနရသည္မွာလည္း အေၾကာင္းအရင္း႐ွိ၏။
မိန္းကေလးႏွစ္ဦးထံ က်ေရာက္ခဲ့ေသာ မိုးႀကိဳးကပ္ေဘးက သူႏွင့္မတူေသာေၾကာင့္ျဖစ္သည္။
ထို႔ျပင္ ထိုမိုးႀကိဳးကပ္ေဘးက မယုံႏိုင္ေလာက္ေအာင္လည္း အင္အားႀကီးလြန္းေနသည္။
ရဲေ႐ွာင္ကိုယ္တိုင္လည္း ကပ္ေဘးကို ေက်ာ္ျဖတ္ခဲ့၍ ကြဲျပားျခားနားခ်က္ကို ေကာင္းစြာ သိေနသည္။
ထိုအခ်ိန္က သူ႕ထံသို႔က်ေရာက္သည့္ မိုးႀကိဳးကပ္ေဘးက ျပင္းထန္ေသာ္လည္း နာက်င္ျခင္းအလ်ဥ္းမ႐ွိေပ။
ထိုအစား ပ်က္စီးေနေသာ အရာမ်ားကို ျပန္လည္ျပဳျပင္ေပးသလို ျဖစ္ခဲ့ပါေသးသည္။
သို႔ေသာ္ ႐ႊမ္ပိုင္ႏွင့္ ကြၽင့္ယင္းလ်န္တို႔ကို သက္ေရာက္လာေသာ မိုးႀကိဳးကပ္ေဘးမွာမူ သူႏွင့္မတူ။
စင္စစ္ အႏၲရာယ္ႀကီးမားေနျခင္းျဖစ္သည္။
ထို႔ေၾကာင့္ မိန္းကေလးႏွစ္ဦးအဖို႔ အသက္ထြက္လုနီးပါပင္ ျဖစ္ခဲ့ရေလသည္။
တကယ္တမ္းတြင္ ကြၽင့္ယင္းလ်န္ ခံစားခဲ့ရသည့္ ကပ္ေဘးက ႐ႊမ္ပိုင္ထက္ပင္ ၂ ဆ ျပင္းထန္ေနသည္။
စင္စစ္ လူသုံးေယာက္က မတူညီေသာ ကပ္ေဘးသုံးခုကို ရင္ဆိုင္ခဲ့ရသည္ဟု ဆိုႏိုင္သည္။
ထို႔အတြက္ေၾကာင့္ ရဲေ႐ွာင္စိတ္ထဲ အံ့ဩမိသလို ထိတ္လန္႔သြားခဲ့ရသည္။
သို႔ေသာ္ မိုးႀကိဳးေၾကာင့္ ဒဏ္ရာရ႐ွိခဲ့သည့္ မိန္းကေလးႏွစ္ဦး၏ ဒဏ္ရာမ်ားမွာ လ်င္ျမန္စြာ သက္သာႏိုင္ခဲ့ ၾကသည္။
ထိုသို႔ျဖစ္ေနသည့္တိုင္ ရဲေ႐ွာင္စိတ္ထဲ စိုးရိမ္စိတ္ဝင္ေနမိတုန္းပါပင္။
ပိုင္အာကမူ ကြၽင့္ယင္းလ်န္ေလာက္ မဆိုးဟုဆိုႏိုင္သည္။
ထို႔ေၾကာင့္ ကြၽင့္ယင္းလ်န္ မိုးႀကိဳးပစ္ခံေနရသည့္အခ်ိန္တြင္မူ ရဲေ႐ွာင္စိတ္ထဲ အလြန္ထိတ္လန္႔ခဲ့ရသည္။
ထို႔ျပင္ သူမထံသို႔ ေျပးသြား၍လည္း ကယ္တင္ေပးလိုသည့္ စိတ္မ်ား တဖြားဖြားပင္ ျဖစ္ေပၚခဲ့ေလသည္။
ေနာက္ဆုံး ကပ္ေဘးၿပီးသြားသည့္အခ်ိန္တြင္မူ ရဲေ႐ွာင္ မေအာင့္အီးႏိုင္ေတာ့။
ကြၽင့္ယင္းထံသို႔ တဟုန္ထိုးေျပးသြားၿပီး တင္းၾကပ္စြာ ေပြ႕ဖက္ထားမိလိုက္သည္။
ထို႔ေနာက္ ကြၽင့္ယင္းလ်န္အား စိုးရိမ္သည့္အၾကည့္မ်ားျဖင့္ စိုက္ၾကည့္လိုက္ပါေတာ့သည္။

#translator
#ေႂကြ႐ြက္ဝါအခန္း (၁၄၅၁ - ခ)(စာစဥ္ ၁၀၈- အပိုင္း ၄)
“အထက္နယ္ပယ္သို႔ တက္ျခင္း”
ရဲေ႐ွာင္၏ ရင္ခြင္ထဲ႐ွိ ကြၽင့္ယင္းလ်န္မွာမူ ေက်နပ္မႈမ်ားျဖင့္ ျပည့္ေန၏။
မိုးႀကိဳးကပ္ေဘးကို ခံခဲ့ရစဥ္က သူမ၏ခႏၶာကိုယ္အႏွံ႔တြင္ မယုံႏိုင္ေလာက္ေအာင္ နာက်င္ခဲ့ရသည္။
သို႔ေသာ္ ယခုအခါတြင္မူ သူမစိတ္ထဲ၌ ေပ်ာ္႐ႊင္မႈမ်ားသာ ႐ွိေတာ့၏။
ထို႔အတူ ေကာင္းကင္ေရခဲနန္းေတာ္မွ လူမ်ားအားလုံးလည္း ဝမ္းေျမာက္ဝမ္းသာျဖစ္ေနၾကေလသည္။
ထို႔ျပင္ သူမတို႔စိတ္ထဲ ခံစားေနရသည့္ ဖိအားမ်ား၊ စိုးရိမ္မႈမ်ားမွာလည္း ကင္းစင္သြားၿပီျဖစ္သည္။
ကြၽင့္ယင္းလ်န္၏ ေအာင္ျမင္မႈက သူမတို႔ ေကာင္းကင္ေရခဲနန္းေတာ္၏ ေအာင္ျမင္မႈပင္ မဟုတ္ပါလား။
လက္႐ွိတြင္ ကြၽင့္ယင္းလ်န္၏ စိတ္စြမ္းအင္လိႈင္းမ်ားက မယုံႏိုင္ေအာင္ကို အားေကာင္းေနၿပီျဖစ္သည္။
ေတာအထပ္ထပ္ ေတာင္အသြယ္သြယ္ကိုပင္ ျဖတ္သန္း၍ ျဖန္႔က်က္ႏိုင္စြမ္း႐ွိေနျခင္းျဖစ္သည္။
“ငါမိုးႀကိဳးကပ္ေဘးကို ေအာင္ျမင္သြားခဲ့ၿပီ . . .”
“ေကာင္းကင္ဘုံအထက္ လူသားနယ္ပယ္ကို မၾကာခင္ တက္ေတာ့မယ္ . . .”
ဤသည္က ေကာင္းကင္ေရခဲနန္းေတာ္အတြက္ သတင္းေကာင္းတစ္ခုပါပင္။
ရဲေ႐ွာင္က မိစၧာႀကီးကို အႏိုင္တိုက္ခဲ့ေသာ သူရဲေကာင္းႀကီးတစ္ဦး ျဖစ္သည္။
ထို႔ေၾကာင့္ မိုးႀကိဳးကပ္ေဘးကို ျဖတ္ေက်ာ္၍ အထက္နယ္ပယ္သို႔ တက္လွမ္းႏိုင္သည္မွာ အံ့ဩဖြယ္ရာမ႐ွိ ေခ်။
သို႔ေသာ္ ကပ္ေဘးကို ဒုတိယေျမာက္ျဖတ္ေက်ာ္ႏိုင္သူမွာ ေကာင္းကင္ေရခဲနန္းေတာ္မွ မူလဂိုဏ္းခ်ဳပ္ျဖစ္ ေနသည္။
ထို႔အတြက္ေၾကာင့္ ဂိုဏ္းသူမ်ားအားလုံးမွာ ဂုဏ္ယူမဆုံးႏိုင္ေအာင္ပင္ ျဖစ္ေနၾက၏။
သူမတို႔၏ ယခင္ဂိုဏ္းခ်ဳပ္ျဖစ္သူ ကြၽင့္ယင္းလ်န္က ႐ႊမ္ပိုင္၊ ႐ွဲ႕ဒါယူ၊ လိဝူလ်န္ႏွင့္ ဟန္ပိုင္ယြဲ႕တို႔ထက္ပင္ အထက္နယ္ပယ္သို႔ ဦးစြာ တက္ႏိုင္ခဲ့သည္ မဟုတ္ပါလား။
ထိုသတင္းက ေကာင္းကင္ေရခဲနန္းေတာ္အတြက္ ဝမ္းအေျမာက္ရဆုံး သတင္းတစ္ခုပါပင္။
ထိုအခ်ိန္ တိမ္ျမဴခိုးနန္းေတာ္မွ မိန္းကေလးမ်ားမွာလည္း ေပ်ာ္႐ႊင္လ်က္႐ွိေနၾက၏။
သူမတို႔စိတ္ထဲ ႐ႊမ္ပိုင္က ပိုင္အာျဖစ္သည္ဟု သံသယ႐ွိခဲ့ၾကေသာ္လည္း လုံေလာက္သည့္ သက္ေသမူ မျပ ႏိုင္ခဲ့ၾကေခ်။
သို႔ေသာ္ ယခုအခါတြင္ သူမတို႔၏ဥေသွ်ာင္ႀကီးျဖစ္သူ ႐ႊမ္ပိုင္က သတင္းေကာင္းကို ေပးပို႔လာ၍ အားလုံးမွာ ဂုဏ္ယူမ်ားမႈျဖင့္ ဝမ္းေျမာက္၍မဆုံးႏိုင္ေအာင္ ျဖစ္ေနၾကေလသည္။
တိမ္ျမဴခိုးနန္းေတာ္က ခ်င္းရန္နယ္ပယ္၏ အင္အားအႀကီးဆုံး အမ်ိဳးသမီးဂိုဏ္းတစ္ခုအျဖစ္ ႐ွိေနႏိုင္ဦးမည္ မဟုတ္ပါလား။
“ကြၽန္မတို႔ ေစာင့္သင့္သလား . . .”
ကြၽင့္ယင္းလ်န္မွ ရဲေ႐ွာင္အားၾကည့္ရင္း ေမးလိုက္၏။
ရဲေ႐ွာင္ မ်က္ေမွာင္ၾကဳတ္ရင္း ခဏမွ်စဥ္းစားလိုက္သည္။
အကယ္၍ သူ႕တြင္သာ ေ႐ြးခ်ယ္စရာ႐ွိပါက လိဝူလ်န္၊ ဟန္ပိုင္ယြဲ႕ႏွင့္ ႐ွဲ႕ဒါယူတို႔ကို ေစာင့္ေနဦးမည္သာ။
အထက္နယ္ပယ္သို႔ အားလုံးအတူတကြ တက္သြားႏိုင္ပါက အေကာင္းဆုံးပင္ မဟုတ္ပါလား။
သို႔ေသာ္ သူတို႔ရင္ထဲတြင္ အမ်ိဳးအမည္မသိသည့္ ဖိအားတစ္မ်ိဳးကို ခံစားေနရ၏။
စင္စစ္ ထိုဖိအားက ေကာင္းကင္ဘုံမွ ဖိအားတစ္မ်ိဳးျဖစ္ၿပီး ၃ ေယာက္လုံး ခံစားေနရျခင္းျဖစ္သည္။
တျဖည္းျဖည္းျဖင့္ ထိုဖိအားက မုန္တိုင္းပမာ ျပင္းထန္သထက္လည္း ျပင္းထန္လာေနသည္။
ထိုအခ်ိန္မ်ိဳးတြင္ သူတို႔သာ ဆက္ေနေနမည္ဆိုပါက အထက္နယ္ပယ္သို႔ တက္ခြင့္ရမရကိုပင္ မေသခ်ာေခ်။
သုံးေယာက္လုံးက ယခုနယ္ပယ္၏ က်င့္ၾကံမႈအဆင့္ကို ေက်ာ္လြန္သြား၍ ခ်င္းရန္နယ္ပယ္တြင္ မ႐ွိသင့္ ေသာ လူမ်ားျဖစ္ေနၾကၿပီ မဟုတ္ပါလား။
အတိအက်ဆိုရလွ်င္ သူတို႔ကို ယခုကမ႓ာႀကီး၏ ပညာ႐ွင္မ်ားအျဖစ္ သတ္မွတ္၍ မရႏိုင္ေတာ့ျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ထိုသို႔ေသာအေျခအေနတြင္ အတင္းအၾကပ္ေနေနမည္ဆိုပါက ေကာင္းကင္ဘုံ၏ အျပစ္ေပးျခင္း ကို ခံရမည္သာ။
အကယ္၍ ထိုသို႔သာ အျပစ္ေပးခံရပါက မလြယ္ကူႏိုင္ေခ်။
ခ်င္းရန္နယ္ပယ္၏ နတ္ဘုရားအျပစ္ဒဏ္က ေမာ္တယ္ကမ႓ာထက္ပင္ မ်ားစြာျပင္းထန္ေနသည္ မဟုတ္ပါ လား။
ေမာ္တယ္ကမ႓ာက အဆင့္နိမ့္နယ္ပယ္ျဖစ္၍ အျပစ္ေပးမႈမွာလည္း အားနည္းလွသည္မွာ မဆန္းေပ။
ထို႔ေၾကာင့္ ယခုနယ္ပယ္၏ နတ္ဘုရားအျပစ္ေပးမႈဒဏ္ကို ရဲေ႐ွာင္ပင္လွ်င္ အလြယ္တကူ မခုခံႏိုင္မည္မွာ ေသခ်ာလွသည္။
သို႔ေသာ္ လက္႐ွိအခ်ိန္တြင္မူ ရဲေ႐ွာင္အဖို႔ ထူးျခားသည့္ က်င့္စဥ္မ်ားကို က်င့္ၾကံမႈျပဳလုပ္ထားသည့္ အက်ိဳး ေၾကာင့္ ေကာင္းကင္ဖိအားမ်ားကို ျပင္းထန္စြာ မခံစားရေသးေခ်။
႐ႊမ္ပိုင္ႏွင့္ ကြၽင့္ယင္းလ်န္တို႔မွာမူ ထိုသို႔ မဟုတ္။
သူမတို႔အေနျဖင့္ ဆက္လက္ေနႏိုင္ရန္ ခက္ခဲသထက္ ခက္ခဲလာေနၿပီျဖစ္သည္။
မည္မွ်ထိဆိုလွ်င္ ေကာင္းကင္ဘုံက သူမတို႔ကို အတင္းအၾကပ္ ေမာင္းထုတ္ေနသည့္အလားပင္ ျဖစ္တည္ ေနျခင္းျဖစ္သည္။
ထိုခံစားမႈႏွင့္အတူ အခ်ိန္မေ႐ြး ျပစ္ဒဏ္ခံရေတာ့မည့္ လူမ်ားကဲ့သို႔လည္း ခံစားေနၾကရ၏။
“လိဝူလ်န္နဲ႔ ဟန္ပိုင္ယြဲ႕တို႔က အခ်ိန္မေ႐ြး မိုးႀကိဳးကပ္ေဘးက်လာႏိုင္ေအာင္ လုပ္လို႔ရေနေလာက္ၿပီ . . .”
“လိဝူလ်န္က ႐ွဲ႕ဒါယူကို ေစာင့္ေနတာ ျဖစ္ႏိုင္တယ္၊ ဟန္ပိုင္ယြဲ႕ကလည္း သူ႕မိသားစုနဲ႔သူ စီစဥ္စရာ႐ွိတာ စီစဥ္ေနတာျဖစ္လိမ့္မယ္၊ သူတို႔အတြက္ အခ်ိန္ပိုလိုတယ္ . . .”
“နင္ဘီလ်ဴနဲ႔ က်န္ႏွစ္ေယာက္ကေတာ့ ႐ွဲ႕ဒါယူေလာက္ အင္အားမႀကီးၾကေသးဘူးေလ၊ အဲဒါေၾကာင့္ အား လုံး တစ္ခ်ိန္တည္း တက္ႏိုင္မယ္လို႔ေတာ့ မထင္ဘူး . . .”
ရဲေ႐ွာင္က ခဏမွ် စဥ္းစားရင္း ေျပာလိုက္၏။
“အခုလက္႐ွိ အေျခအေနအရ ေနာက္က်သြားရင္ မေကာင္းဘူး၊ ငါတို႔ေတြ အရင္သြားသင့္တယ္ထင္တယ္”
ရဲေ႐ွာင္က ဆုံးျဖတ္ခ်က္ခ်လိုက္ေသာ္လည္း မိန္းကေလးႏွစ္ဦးမွာမူ အေျဖျပန္မေပးၾကေခ်။
ရဲေ႐ွာင္လည္း အံ့ဩသြားဟန္ျဖင့္ မိန္းကေလးႏွစ္ဦးအား လွမ္းၾကည့္လိုက္၏။
ထို႔ေနာက္ က်ယ္ေလာင္ေသာ အသံျဖင့္ -
“မင္းတို႔က ဘာျဖစ္ေနတာလဲ၊ ဘာလို႔ စိုးရိမ္ေနတဲ့ပုံေပၚေနတာလဲ၊ ဘာျဖစ္လို႔လဲ . . .”
“ေ႐ွာင္ေ႐ွာင္ . . .”
“ကြၽန္မ ႐ွင္နဲ႔အတူ ေကာင္းကင္ဘုံအထက္ လူသားနယ္ပယ္ကို မလိုက္ႏိုင္မွာ ေၾကာက္မိတယ္ . . .”
“ကြၽန္မ အခုမွ စဥ္းစားမိတာ၊ ကြၽန္မ ေကာင္းကင္ေရခဲနန္းေတာ္ကိုျပန္ၿပီး ကြၽန္မလူေတြအတြက္ စီစဥ္စရာ ႐ွိတာေတြကို စီစဥ္ေပးရဦးမယ္ေလ . . .”
“ကြၽန္မက အထက္နယ္ပယ္ကို တက္သြားတယ္ဆိုေပမယ့္ ေကာင္းကင္ေရခဲနန္းေတာ္က ကြၽန္မကို ဆုံး႐ွံး လိုက္ရမွာ၊ ဒါကသက္ေရာက္မႈအမ်ားႀကီးျဖစ္သြားႏိုင္တယ္၊ အဲဒါေၾကာင့္ ကြၽန္မ မထြက္သြားခင္မွာ လိုအပ္တာေတြ ျပင္ဆင္ေပးခဲ့ဖို႔ လိုတယ္ . . .”
ကြၽင့္ယင္းလ်န္က ခဏမွ် စဥ္းစားရင္း ေျပာလိုက္၏။
ရဲေ႐ွာင္မွာမူ ကြၽင့္ယင္းလ်န္၏ စကားေၾကာင့္ ဝမ္းနည္းသြားေလသည္။
သို႔ေသာ္ ဤသည္က သူ႕အတြက္ စိတ္ဓာတ္က်စရာအေျခအေနေတာ့ မဟုတ္ေခ်။
“ဟုတ္တယ္ ကြၽန္မလည္း ျပန္ဖို႔ လိုေနေသးတယ္ . . .”
“ကြၽန္မ မသြားခင္ လုပ္စရာေလးေတြ ႐ွိေနေသးလို႔ပါ . . .”
႐ႊမ္ပိုင္ကလည္း ေလသံတီးတိုးျဖင့္ ေျပာလိုက္၏။
“ဘာ . . . မင္း . . .”
“ပိုင္အာ မင္းကဘာေတြ ေျပာေနတာလဲ . . .”
ရဲေ႐ွာင္က နားမလည္ဟန္ျဖင့္ ေမးလိုက္သည္။
“လ်န္လ်န္က ေကာင္းကင္ေရခဲနန္းေတာ္က ဂိုဏ္းခ်ဳပ္မလို႔ သူလုပ္စရာ႐ွိတာ၊ စီစဥ္စရာ႐ွိတာေတြကို စီစဥ္ ေပးခဲ့ရမယ္ဆိုတာ ငါနားလည္တယ္ ဒါေပမယ့္  ပိုင္အာ မင္းကေတာ့ တျခားလူအတိုင္း လုပ္လိုက္စရာမလိုဘူးေလ၊ မင္းက ဘာစီစဥ္႐ွိေနေသးလို႔လဲ . . .”
“ဪဒါနဲ႔ ငါအၿမဲတမ္းေမးဖို႔ေမ့ေနခဲ့တာ မင္းက ဘယ္ဂိုဏ္းကလဲ . . .”
႐ႊမ္ပိုင္ ျပန္မေျဖခင္မွာပင္ ကြၽင့္ယင္းလ်န္က မေအာင့္အီးႏိုင္ေတာ့ဘဲ ရယ္ေမာလိုက္သည္။
ရဲေ႐ွာင္ႏွင့္အတူ မတက္ႏိုင္မွန္း ျဖစ္ေနသည့္တိုင္ ကြၽင့္ယင္းလ်န္က ရယ္ေမာေနသည္မွာ ထူးဆန္းေနသည္ မဟုတ္ပါလား။
“ေတာ္ေတာ္ကို႐ူးတဲ့ အားဟူပဲ . . .”
“သူက အခုထိ သ႐ုပ္မွန္ကို မသိေသးဘူး၊ ၾကည့္စမ္းပါဦး မယုံႏိုင္ေလာက္ေအာင္ ႐ူးမိုက္တဲ့လူ . . .”
“ေသစမ္း . . .”
“ငါ့နာမည္ကိုပဲ ထပ္ၿပီးသုံးေနျပန္ၿပီ၊ ငါဘယ္ႏွစ္ခါမ်ား ဒါမ်ိဳးအေျပာခံေနရဦးမွာလဲ . . .”
“ငါ့နာမည္က နာမည္ေကာင္းတစ္ခုေလ၊ ဘာလို႔ ငါ့နာမည္ကို ထုတ္သုံးေနရတာလဲ . . .”
“အင္း ဒါေပမယ့္ ဒီတစ္ခါသုံးခံလိုက္ရတာက ငါ့သခင္ကိုဆိုေတာ့ ငါ့နာမည္က ငါ့သခင္နဲ႔ကိုက္ညီတယ္ဆို တာကိုေတာ့ ဝန္ခံရမွာပဲ . . .”
႐ႊမ္ပိုင္လည္း ခဏတာမွ်စဥ္းစားလိုက္ၿပီးေနာက္ ထပ္မံဖုံးကြယ္မထားေတာ့ရန္ ဆုံးျဖတ္လိုက္ေတာ့သည္။
ထို႔ေၾကာင့္ ရဲေ႐ွာင္ႏွင့္ မ်က္လုံးခ်င္းဆုံေအာင္ ၾကည့္လိုက္ၿပီးေနာက္ ေလသံတီးတိုးျဖင့္ -
“အစ္ကိုႀကီး . . .”
“ကြၽန္မက ပိုင္အာလည္းျဖစ္သလို ႐ႊမ္ပိုင္လည္းျဖစ္တယ္ . . .”
မိုးႀကိဳးကပ္ေဘး ခံရၿပီးေနာက္ပိုင္းတြင္ ႐ႊမ္ပိုင္၏ဝိညာဥ္စြမ္းအားမ်ားမွာ ပိုတည္ၿငိမ္လာခဲ့သည္။
ထို႔ေၾကာင့္ ရဲေ႐ွာင္ကို နက္နက္႐ိႈင္း႐ိႈင္း ခ်စ္သည့္အခ်စ္မ်ားႏွင့္အတူ သူမ၏ႏွလုံးသားကလည္း ပိုသန္မာ လာခဲ့၏။
လက္႐ွိအခ်ိန္တြင္ ယခင္ကကဲ့သို႔ ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္စြမ္းမ႐ွိသည့္ လူတစ္ဦး မဟုတ္ေတာ့ေခ်။
ယခင္ကဆိုလွ်င္ ႐ႊမ္ပိုင္က ပိုင္အာျဖစ္မွန္း ရဲေ႐ွာင္ သိသြားမည္ကို အလြန္စိုးရိမ္ခဲ့ရသည္ မဟုတ္ပါလား။
သို႔ေသာ္ ယခုအခါတြင္မူ သူမကိုယ္တိုင္ပင္ ရဲရဲဝံ့ဝံ့ ဝန္ခံလိုက္ေခ်ၿပီ။
ထိုအခ်ိန္ ရဲေ႐ွာင္မွာမူ ပိုင္အာ၏စကားေၾကာင့္ မ်က္လုံးမ်ားျပဳတ္ထြက္မတတ္ ျပဴးက်ယ္သြားေလသည္။
ထို႔အတူ ပိုင္အာကိုၾကည့္ရင္း ေခါင္းမ်ားမူးေဝလာသလိုလည္း ခံစားလိုက္ရ၏။
သူ၏က်င့္ၾကံမႈအေျခအေန မည္မွ်ျမင့္မားပါေစ ယခုအေျခအေနက မေမွ်ာ္လင့္ထားစရာျဖစ္ေန၍ ရဲေ႐ွာင္ အေနျဖင့္ မည္သို႔ စိတ္ကိုထိန္းထားႏိုင္ပါေတာ့မည္နည္း။
“ဘာ . . . ႐ႊမ္ပိုင္ ဟုတ္လား . . .”
“မင္းက တိမ္ျမဴခိုးနန္းေတာ္ရဲ႕ ဥေသွ်ာင္ႀကီး ႐ႊမ္ပိုင္လို႔ ေျပာခ်င္တာလား . . .”
႐ႊမ္ပိုင္ ျပန္မေျဖ၊ ေခါင္းသာ ညိတ္ျပလိုက္၏။
သူမ၏ မ်က္ႏွာတစ္ခုလုံးမွာလည္း ႐ွက္စိတ္ေၾကာင့္ နီရဲလ်က္႐ွိေနေလသည္။
“ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးပါ အစ္ကိုႀကီး . . .”
“ကြၽန္မ အၾကာႀကီး လိမ္ခဲ့မိတယ္ . . .”
ပိုင္အာက ေတာင္းပန္ေနသည့္တိုင္ ရဲေ႐ွာင္ကမူ အမွန္တရားကို လက္မခံႏိုင္ေသးေခ်။
(ဘာေတြျဖစ္ကုန္တာလဲ . . .)
ရဲေ႐ွာင္လည္း သူ႕ေ႐ွ႕႐ွိ မိန္းကေလးကို မယုံႏိုင္ေသာမ်က္လုံးမ်ားျဖင့္ ေငးစိုက္ၾကည့္ေနမိသည္။
ဝတ္႐ုံနက္မ်ားကိုသာ အၿမဲဝတ္ဆင္ၿပီး ေရခဲတမွ်ေအးစက္ေလ့႐ွိသည့္ ႐ႊမ္ပိုင္က ခ်စ္စဖြယ္ေကာင္းေသာ ပိုင္အာအျဖစ္ မည္ကဲ့သို႔ ေနထိုင္ခဲ့ပါသနည္း။
ထိုအခ်က္ကို ရဲေ႐ွာင္ စဥ္းစား၍မရႏိုင္ေအာင္ပင္ ျဖစ္ေနမိသည္။
(ငါအိပ္မက္မက္ေနတာမ်ားလား . . .)
ရဲေ႐ွာင္ မစဥ္းစားႏိုင္ေတာ့။
ထို႔ေၾကာင့္ ကြၽင့္ယင္းလ်န္အား အကူအညီရလိုရျငား လွမ္းၾကည့္လိုက္၏။
ထိုအခါ ကြၽင့္ယင္းလ်န္မွလည္း မွန္ကန္ေၾကာင္း ေခါင္းညိတ္ျပလာေလသည္။
ထို႔ျပင္ သူမ၏မ်က္ႏွာက မရယ္မိေအာင္ ႀကိဳးစားေနပုံပါပင္။
“ကြၽန္မ ကြၽန္မ လိမ္ခဲ့တယ္ဆိုတာ . . .”
“ . . .”
႐ႊမ္ပိုင္လည္း အစအဆုံး ႐ွင္းျပလိုက္ေတာ့၏။
“ကြၽန္မေျပာခ်င္ခဲ့ပါတယ္၊ အဲဒါအမွန္တိုင္းေျပာေနတာပါ . . .”
“တကယ္ေတာ့ ကြၽန္မ ဘယ္သူလဲဆိုတာ အေရးမႀကီးပါဘူး၊ ပိုင္အာ ဒါမွမဟုတ္ ႐ႊမ္ပိုင္ပဲျဖစ္ျဖစ္ေပါ့ . . .”
“ဒီဟာႏွစ္ခုလုံးက ကြၽန္မနာမည္ေတြပဲေလ၊ ကြၽန္မက တစ္ေယာက္တည္းပါပဲ . . .”
“ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္မက ႐ွင့္ရဲ႕မိန္းမပဲေလ . . .”
ထိုစကားမ်ားကိုေျပာခ်ိန္ ႐ႊမ္ပိုင္၏ ပါးမို႔မို႔တြင္ ႏွင္းဆီေရာင္ ယွက္သန္းသြား၏။
ထို႔အတူ သူမ၏ႏွလုံးသားထဲတြင္လည္း ခံစားခ်က္မ်ိဳးစုံ ေရာေထြးသြားေလသည္။
ထို႔ေၾကာင့္ ရဲေ႐ွာင္ေ႐ွ႕မွ ႐ုတ္တရက္ ပ်ံသန္းထြက္ခြာသြားေတာ့သည္။
ရဲေ႐ွာင္မွာမူ ကူရာကယ္ရာမဲ့သလိုျဖစ္ေနေသာ ႐ႊမ္ပိုင္ကိုၾကည့္ရင္း တုန္လႈပ္လ်က္႐ွိေနသည္။
သို႔ေသာ္ ခဏအၾကာတြင္မူ က်ယ္ေလာင္ေသာ အသံျဖင့္ -
“ဟုတ္တယ္ ..  .”
“မင္းက ဘာပဲျဖစ္ျဖစ္ ငါဂ႐ုမစိုက္ဘူး . . .”
“မင္းက ငါ့မိန္းမ၊ မင္းကငါ့ရဲ႕ ပိုင္အာပဲ . . .”
“ဘာေတြပဲျဖစ္ေနပါေစ၊ ဘယ္ေနရာပဲေရာက္ေနပါေစ မင္းကငါ့မိန္းမ ငါ့မိန္းမပဲ . . .”
ရဲေ႐ွာင္လည္း ပ်ံသန္းသြားသည့္ ႐ႊမ္ပိုင္ကိုၾကည့္ရင္း ေအာ္ဟစ္လိုက္ပါေတာ့သည္။

#translator
#ေႂကြ႐ြက္ဝါ

Continue Reading

You'll Also Like

577 75 8
စုန်းမတစ်ယောက်အား ပြောင်းဖူးလေးလို လှည့်စားမိသည့်အတွက် ချစ်မိလေတိုင်း ချစ်သူ့လက်ချက်နှင့်ပင် သေဆုံးရသူ။ အဆုံးမဲ့ ပြန်မွေးဖွားမှု သံသရာ၌ ရှိရှိသမျှ...
174K 7.3K 21
In which Felix and changbin have feelings for each other but can only show them in the locker room because there school is very homophobic. some nsfw
200K 8K 60
Forth saved Beam from his abusive father. They start living together, and soon find beams mother. Things seem to be going good but occasionally thing...
138K 2.3K 27
bl . Taekook 🔞🔥 បម្រាម:ក្មេងក្រោម18ឆ្នាំ🙏 សូមអភ័យទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🔥