မိုးကောင်းကင်အောက်မှကလဲ့စား (...

By KazunoMora

14K 843 65

Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... More

🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
1123-----1124
1125----1126
1127---1128
1129----1130
1131----1132
1133----1134
1135----1136
1137----1138
1139----1140
1141----1142
1143---1144
1145----1146
1147----1148
1149---1150
1151----1152
1153---1154
1155----1156
1156----1157
🔥please read🔥
1177----1178
1179-----1180
1181-----1182
1183-----1184
1185-----1186
1187------1188
1189------1190
1191------1193
1195-----1196
1197------1198
1199------1200
1201------1202
1203-----1204
1205--------1206
1207--------1208
1209-------1210
1211-------1212
1213-------1214
1215-------1216
1217------1218
1219-------1220
1221------1222
1223-------1224
1225-------1226
1227-------1228
1229-----1230
1231--------1232
1233--------1234
1235-------1236
1237-------1238
1239------1240
1241------1242
1243------1244
1245-------1246
1247------1250
1251-------1252
1253-------1254
1255--------1256
1257-------1258
1259-------1260
1261------1264
1265-------1266
1267-------1268
1269-----1270
1271------1272
1273-----1274
1275-------1276
1277------1278
1279---------1282
1283--------1284
1285-------1286
1287-------1288
1289-------1290
1291-------1292
1293--------1294
1295--------1296
1297--------1298
1299------1300
1301-------1302
1303--------1306
1307--------1308
1309-------1312
1313--------1314
1315------1316
1317------1318
1319-------1320
1321--------1322
1323---------1324
1325---------1326
1327---------1328
1329-------1330
1331------1334
1335-------1338
1339------1340
1341--------1342
1343-------1344
1345--------1346
1347--------1352
1353-------1356
1357---------1362
1363--------1366
1367-----1374
1375-------1384
1385-------1388
စာစဉ် 100အတွက် PDF
1401------1402
1403-------1412
1413------1420
1421-----1430 Unicode
1421-----1430 Zawgyi
1431---------1435(ခ)
1435(ဂ)------1438(ဃ)
1439-------1442
1443-------1443(စ)
1444(က)-----1446(ဃ)
1447(က)------1448(က)
1448(ခ)--------1450(စ)
1451 (က)...(ခ)
1451(ဂ)...1452(ဂ)
1453
1454-----1455
1456
1457---1458
1459-----1460
1461-----1462
1463------1465
1466-----1468
1469-------1471
1472------1473
1474
1475
1476------1480
1481------1488
1489------1491
1492-----1495
1496-----1498
1499------1502
1503------1507
1508-------1511
1512-----1514
1515-------1517
1518-----1520
1521-----1523
1524--------1529
1530------1538
1539-------1541
1542---------1543

အခန်း (၁၁၉၄) "အဖြူရောင် အမွှေးအမျှင်"

123 6 2
By KazunoMora

အခန်း (၁၁၉၄)(စာစဉ် ၈၆- အပိုင်း ၄)

“အဖြူရောင် အမွှေးအမျှင်”

ဝုဖမှာ ယုံကြည်ချက် ရှိလာ၍ စိုးရိမ်ပူပန်မှုလည်း အလျဉ်း မရှိတော့ပေ။
(ငါ့ရဲ့စွမ်းအင်တွေ တော်တော်များ ကုန်ဆုံးသွားရင် တောင် ၇ ရက်လောက်ကို ငါပျံသန်းနိုင်ဦးမှာ၊ ဒီအရိပ် က ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ . . .)
(သူ့ရဲ့အရှိန် နည်းနည်းလောက် နှေးသွားရင်ဖြင့်ကို ငါမီနိုင်ပြီ . . .)
ထိုသို့ဖြင့် နေမင်းကြီးပင် အိပ်စက်သွားပြီး ငွေစန္ဒာ လမင်းကြီး အလှည့်ကျ တာဝန်ယူရသည့် အချိန်သို့ပင် ရောက်လာလေသည်။
ဝုဖနှင့် အဖြူရောင် အရိပ်တို့မှာ ချင်းနယ်ပယ်တွင် သတ်မှတ်ထားသည့် နှုန်းထက်ကို ပိုမိုကျော်လွန်သော နှုန်းများဖြင့် ပျံသန်းမြဲ ပျံသန်းနေဆဲပါပင်။
ထိုသို့ ပြေးလွှားနေရင်းဖြင့် အချိန်များက ကုန်မှန်း မသိကုန်သွားပြီး နေမင်းကြီး ပြန်ထွက်ပေါ်လာသည့် အချိန် ဝုဖမှာ အတော်ကြီး အံ့ဩသွားရလေသည်။
သူ၏ရှေ့၌ သူရင်းနှီးနေသည့် တောင်ကြီးကို တွေ့ လိုက်ရ၍ဖြစ်ပြီး ထိုတောင်ကြီး၌ အနက်ရောင် တိမ် တိုက်များ၊ အခိုးအငွေ့များက ဖုံးလွှမ်းထားသည်။
(ဒါဒါကငါ့နေရာကို ငါပြန်ရောက်လာတာလား)
ထိုတောင်ကြီးမှာ တိမ်မဲတောင်ကြီးပင် ဖြစ်၏။
ဝုဖမှာ သူမြင်နေရသည့် မြင်ကွင်းကို မျက်စိဖြင့် အတပ်မြင်နေရသည့်တိုင် မယုံနိုင်ကြည်နိုင်အောင် ဖြစ် နေမိသည်။
သူ့အဖို့ တစ်ရက်လုံးလုံး မရပ်မနား ပျံသန်းခဲ့ရပြီး အဖြူရောင် အရိပ်သို့နောက်သို့ မိုင်ပေါင်း ၁၃၀၀၀ ခန့် လိုက်ပါခဲ့ရသည်။
ထိုမိုင်ပေါင်း ၁၃၀၀၀ ဆိုသည်က ကောင်းကင်လှေ ကားနှင့် သူနေထိုင်သည့် နေရာ၏ကြား အကွာအဝေး အတိအကျပင် ဖြစ်၏။
ထို့ကြောင့် သူ့စိတ်ထဲ၌ အဖြူရောင်အရိပ်ကို ကြိတ် ၍ ချီးကျူးလိုက်မိသည်။
တကယ်တမ်း အတိအကျ ဆိုရလျှင် အစပိုင်းတွင် အကွေ့အကောက်များစွာဖြင့်ပါ ပျံသန်းခဲ့ရ၍ မိုင်ပေါင်း ၂၀၀၀၀ ခန့်လောက်ပင် ဖြတ်သန်းခဲ့ပြီးပြီဟု ဆိုနိုင် သည်။
(ဒီလို အရည်အချင်းမျိုးက ငါ့ထက် နည်းနည်းပဲ အားနည်းတဲ့ ရွှမ်ပိုင်တောင် လုပ်နိုင်မယ် မထင်ဘူး)
(ဒါပေမယ့် မင်းကတော့ ဘယ်လောက်ပဲ မြန်မြန် လမ်းမှားသွားခဲ့ပြီ၊ အဲဒီတော့ မင်းရဲ့ ကံကောင်းမှုတွေ က ဒီနေရာမှာပဲ အဆုံးသတ်ရတော့မယ် . . .)
(ဒီတိမ်မဲတောင်အကြောင်း ဒီကမ္ဘာမှာ ငါ့ထက်ပိုပြီး ဘယ်သူမှ ပိုမသိနိုင်ဘူး၊ မင်းက ကိုယ့်သေတွင်းကိုယ် တူးလိုက်မိပြီပဲ . . .)
(တိမ်မဲတောင်ကြီးထဲ ရောက်သွားရင် ငါတို့ရဲ့ ပြေး တမ်းလိုက်တမ်း ကစားပွဲကြီးက အဲဒီအခါမှ တကယ် စတင်တော့မှာကွ ဟား ဟား ဟား . . .)
ထိုသို့ဖြင့် တိမ်မဲ တောင်ကြီးထံသို့ ခဏအတွင်းမှာ ပင် ရောက်ရှိသွားသွားသည်။
အဖြူရောင် အရိပ်မှာလည်း လျင်မြန်စွာ ထွက်ပြေး လျက်ရှိပြီး ခဏအကြာတွင် အရှေ့ဘက်၌အလင်းတန်း တစ်ခု လင်းလက်သွားလေသည်။
စင်စစ် အဖြူရောင် အရိပ်မှာ အလင်းတန်းနှင့်အတူ တောင်အတွင်းရှိ လှိုဏ်ဂူတစ်ခုအတွင်းသို့ တိုးဝင်သွား ခြင်း ဖြစ်သည်။
အဆိုပါ တိမ်မဲတောင်မှာ အဝင်လွယ်သလောက် အထွက်ခက်လှပြီး မူလတာအို အဆင့်ကိုး ပညာရှင်ပင် လျှင် ထွက်ခွာချင်ပါက အချိန်ယူရလိမ့်မည်။
ထို့ကြောင့် ယခုကဲ့သို့ အချိန်တွင် အဖြူရောင်အရိပ် မှာ အရှိန်နှေးသွားသည်နှင့် ဝုဖအဖို့ အမီလိုက်နိုင်မည် ဖြစ်သည်။
ဝုဖကို ကောင်းကင်ဘုံကမျက်နှာသာ‌ပေးလိုက်ခြင်း လော သို့တည်းမဟုတ် သူကိုယ်တိုင်ပင် ကံကောင်းနေ ခြင်းလော။
ထိုအခြင်းအရာကို မည်သူမှ အတိအကျ အဖြေ ထုတ်နိုင်လိမ့်မည် မဟုတ်ပါ။
ဝုဖလည်း နောက်မှ လိုက်နေရင်းဖြင့် သူ့ကိုယ်သူ အောင်သူတစ်ဦးပမာပင် ခံစားနေရလေသည်။
ထို့ကြောင့် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း -
“ဟား ဟား ဟား အခုမှ တကယ့်ပြေးတမ်းလိုက် တမ်း စတော့မှာ၊ မင်းဘယ်ကို ပြေးမလဲ သိချင်လာပြီ”
ဝုဖလည်း လှိုဏ်ဂူ အပေါက်ဝတွင် ရပ်တန့်လိုက် ပြီး အတွင်းဘက်သို့ လှမ်းကြည့်လိုက်သည်။
လက်ရှိတွင် အဖြူရောင် အရိပ်အဖို့ ပုန်းခိုသည့် နေ ရာမရှိနိုင်၊ အနှေးနဲ့ အမြန်ဆိုသလို သူ၏ လက်အတွင်း သက်ဆင်းရနိုင်ပေသည်။
ထို့ကြောင့် ဝုဖလည်း သူ၏လှိုဏ်ဂူအတွင်းသို့ အေး အေးလူလူဖြင့်ပင် ဝင်သွားလိုက်သည်။
သို့သော် ခဏအကြာတွင် မျက်မှောင်ကြုတ်လိုက်မိ ပြီး -
“ဟင် ဘယ်ရောက်သွားတာလဲ . . .”
လှိုဏ်ဂူအတွင်း၌ မည်သည့်အရာမှမရှိ၊ အဖြူရောင် ဝတ်ရုံတစ်ထည်သာ ကျန်ခဲ့၍ သူ့အဖို့ အံ့ဩတကြီး ဖြစ် သွားရသည်။
ဝတ်ရုံမှာမူ မြေပြင်၌ ကျန်ခဲ့ပြီး လူမှာ ပျောက်ဆုံး သွားခြင်း ဖြစ်သည်။
ဂူအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ထွက်ပြေးစရာ လမ်းဟူ၍ မရှိသဖြင့် ယခုဖြစ်ရပ်က ထူးဆန်းလွန်းနေ သည် မဟုတ်ပါလား။
(ဘယ်လိုဖြစ်သွားတာလဲ၊ ဘယ်ရောက်သွားတာပါ လိမ့်၊ တော်တော်ထူးဆန်းသွားပြီ . . .)
ဝုဖလည်း တွေဝေမနေတော့ဘဲ သူ၏ စိတ်စွမ်းအင် များကို ထိုနေရာအနှံ့ လွှမ်းခြုံလိုက်ပြီး အပေါက်ဝသို့ ပြန်လာခဲ့လိုက်သည်။
(နေစမ်းပါဦး သူက ဘယ်လိုပျောက်သွားရတာလဲ၊ သူက ခေါင်းစည်းအဆင့် ဆိုရင်တောင် ဒီလိုမျိုးပျောက် သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး . . .)
(အနည်းဆုံးတော့ ခြေရာလက်ရာ လှုပ်ရှားမှုတွေ ကျန်ခဲ့ရမှာပဲ၊ အခုကျ လေနဲ့အတူ ပျောက်ကွယ်သွား တာကတော့ မဖြစ်နိုင်လိုက်တာ . . .)
ထိုသို့တွေးရင်း ကျန်ရစ်ခဲ့သည့် အဖြူရောင် ဝတ်ရုံ ကို ကောက်ကိုင်ကာ ဝုဖမှာ အတော်လေးပင် ပေါက် ကွဲလာမိလေသည်။
(ဘယ်လိုများ ဖြစ်သွားတာလဲ၊ ဒါကပုံရိပ်ယောင် များလား၊ ငါကလူမဟုတ်တဲ့ ပုံရိပ်ယောင်နောက်ကို တစ်ချိန်လုံး ပြေးလိုက်ခဲ့မိနေတာလား . . .)
(မဖြစ်နိုင်ဘူး ဒါကဝတ်ရုံအစစ်ဆိုတော့ အရိပ်က လည်း အစစ်ပဲ ဖြစ်ရမယ်၊ ဒါပေမယ့် စဉ်းစားစရာပဲ သူ က ခြေရာလက်ရာ မကျန်အောင် ဘယ်လိုများ ထွက်‌ ပြေးသွားနိုင်ရတာလဲ . . .)
ဝုဖလည်း ဝတ်ရုံစကို ကိုင်ရင်း တွေးတောနေရင်း ဖြင့် စိတ်ထဲ၌ မခံချိမခံသာပင် ဖြစ်လာမိသည်။
ထို့ကြောင့် ကောင်းကင်ထက်သို့ ရုတ်တရက် ပျံ သန်းလိုက်ပြီး တောင်ကြီးတစ်ခုလုံးကို သူ၏ လက်ဝါး ဖြင့် ရိုက်ချပစ်လိုက်သည်။
“ဘုန်း . . .”
ထိုရိုက်ချက်က တောင်ကြီးအား ချွန်ထက်လှသော ဓားကြီးဖြင့် ထက်ခြမ်းခွဲလိုက်သလိုပါပင်။
နောက်ဆုံးတွင် တိမ်မဲတောင်ကြီး တစ်ခုလုံးမှာ ဝုဖ ၏ ဒေါသူပုန်ထွက်မှုများအောက်တွင် တစစီ ပြိုဆင်း၍ သွားရတော့သည်။
ထို့ကြောင့် ဖုန်များ၊ သဲများမှာ ကောင်းကင်ယံထိ တိုင်အောင် ဖုံးလွှမ်းသွားပြီး အလင်းရောင်ကိုပင် ပိတ် ဆို့သွားလေသည်။
ဝုဖလည်း ကောင်းကင်ထက်တွင် ရပ်နေရင်း ထိုနေ ရာနှင့် ၁၀ မိုင်ပတ်လည်ကို အာရုံခံ၍ ကြည့်နေမိသည်။
သို့သော် အဖြူရောင် အရိပ်နှင့် တူသည့်အရာဟူ၍ မည်သည့်အရာကိုမှ မတွေ့၊ စုံးစုံးမြှပ်အောင် ပျောက်ရှ သွားလေသည်။
အဆုံးသတ်၌ သူ၏ နေရာဖြစ်သော တိမ်မဲတောင် ကြီးသာ ပြိုပျက်သွားရသည် မဟုတ်ပါလား။
“တောက် . . .”
“ဘယ်လိုတောင် ပျောက်သွားတာလဲ . . .”
ဝုဖ မကျေမချမ်းဖြင့် တောက်တစ်ချက် ခေါက်ရင်း ရေရွတ်လိုက်မိသည်။
ထိုအချိန် သူ၏ မျက်လုံးများကလည်း ဒေါသများ ကြောင့် မီးဝင်းဝင်း တောက်နေပြီ ဖြစ်သည်။
ထို့နောက် သူ့လက်ထဲရှိ ဝတ်ရုံကို ကြည့်လိုက်ပြီး ထပ်မံ တွေးလိုက်မိပြန်သည်။
(မဟုတ်သေးပါဘူးကွာ ဘယ်လိုဖြစ်ရတာလဲ . . .)
ထိုအချိန် ဝုဖလည်း အတွေးပေါ်သွား၍ ဝတ်ရုံကို အသေအချာ စစ်ဆေးကြည့်မိလိုက်သည်။
ထိုအခါ သူ၏ မျက်လုံးများက ပြူးကျယ်သွားပြီး အရောင်များ တဖိတ်ဖိတ် တောက်သွားလေသည်။
ဝုဖတွေ့လိုက်ရသည့် အရာမှာ မည်သည့်အရာဖြစ် နိုင်ပါသနည်း။
အဖြူရောင် အဆင်းရှိသည့် အမွှေးအမျှင်တစ်ခုပင် ဖြစ်၏။
(ဟင် အမွှေး အမွှေးတစ်ပင်ပါလား . . .)
ထိုအမွှေးအမျှင်ကို ကြည့်ရင်း ဝုဖ၏ ပါးစပ်မှ အော် ဟစ်မိမတတ်ပင် ဖြစ်သွားရပါတော့သည်။

#translator
#ကြွေရွက်ဝါ





အခန္း (၁၁၉၄)(စာစဥ္ ၈၆- အပိုင္း ၄)

“အျဖဴေရာင္ အေမႊးအမွ်င္”

ဝုဖမွာ ယုံၾကည္ခ်က္ ႐ွိလာ၍ စိုးရိမ္ပူပန္မႈလည္း အလ်ဥ္း မ႐ွိေတာ့ေပ။
(ငါ့ရဲ႕စြမ္းအင္ေတြ ေတာ္ေတာ္မ်ား ကုန္ဆုံးသြားရင္ ေတာင္ ၇ ရက္ေလာက္ကို ငါပ်ံသန္းႏိုင္ဦးမွာ၊ ဒီအရိပ္ က ဘယ္ေလာက္ၾကာေအာင္ ေျပးႏိုင္မွာလဲ . . .)
(သူ႕ရဲ႕အ႐ွိန္ နည္းနည္းေလာက္ ေႏွးသြားရင္ျဖင့္ကို ငါမီႏိုင္ၿပီ . . .)
ထိုသို႔ျဖင့္ ေနမင္းႀကီးပင္ အိပ္စက္သြားၿပီး ေငြစႏၵာ လမင္းႀကီး အလွည့္က် တာဝန္ယူရသည့္ အခ်ိန္သို႔ပင္ ေရာက္လာေလသည္။
ဝုဖႏွင့္ အျဖဴေရာင္ အရိပ္တို႔မွာ ခ်င္းနယ္ပယ္တြင္ သတ္မွတ္ထားသည့္ ႏႈန္းထက္ကို ပိုမိုေက်ာ္လြန္ေသာ ႏႈန္းမ်ားျဖင့္ ပ်ံသန္းၿမဲ ပ်ံသန္းေနဆဲပါပင္။
ထိုသို႔ ေျပးလႊားေနရင္းျဖင့္ အခ်ိန္မ်ားက ကုန္မွန္း မသိကုန္သြားၿပီး ေနမင္းႀကီး ျပန္ထြက္ေပၚလာသည့္ အခ်ိန္ ဝုဖမွာ အေတာ္ႀကီး အံ့ဩသြားရေလသည္။
သူ၏ေ႐ွ႕၌ သူရင္းႏွီးေနသည့္ ေတာင္ႀကီးကို ေတြ႕ လိုက္ရ၍ျဖစ္ၿပီး ထိုေတာင္ႀကီး၌ အနက္ေရာင္ တိမ္ တိုက္မ်ား၊ အခိုးအေငြ႕မ်ားက ဖုံးလႊမ္းထားသည္။
(ဒါဒါကငါ့ေနရာကို ငါျပန္ေရာက္လာတာလား)
ထိုေတာင္ႀကီးမွာ တိမ္မဲေတာင္ႀကီးပင္ ျဖစ္၏။
ဝုဖမွာ သူျမင္ေနရသည့္ ျမင္ကြင္းကို မ်က္စိျဖင့္ အတပ္ျမင္ေနရသည့္တိုင္ မယုံႏိုင္ၾကည္ႏိုင္ေအာင္ ျဖစ္ ေနမိသည္။
သူ႕အဖို႔ တစ္ရက္လုံးလုံး မရပ္မနား ပ်ံသန္းခဲ့ရၿပီး အျဖဴေရာင္ အရိပ္သို႔ေနာက္သို႔ မိုင္ေပါင္း ၁၃၀၀၀ ခန္႔ လိုက္ပါခဲ့ရသည္။
ထိုမိုင္ေပါင္း ၁၃၀၀၀ ဆိုသည္က ေကာင္းကင္ေလွ ကားႏွင့္ သူေနထိုင္သည့္ ေနရာ၏ၾကား အကြာအေဝး အတိအက်ပင္ ျဖစ္၏။
ထို႔ေၾကာင့္ သူ႕စိတ္ထဲ၌ အျဖဴေရာင္အရိပ္ကို ႀကိတ္ ၍ ခ်ီးက်ဴးလိုက္မိသည္။
တကယ္တမ္း အတိအက် ဆိုရလွ်င္ အစပိုင္းတြင္ အေကြ႕အေကာက္မ်ားစြာျဖင့္ပါ ပ်ံသန္းခဲ့ရ၍ မိုင္ေပါင္း ၂၀၀၀၀ ခန္႔ေလာက္ပင္ ျဖတ္သန္းခဲ့ၿပီးၿပီဟု ဆိုႏိုင္ သည္။
(ဒီလို အရည္အခ်င္းမ်ိဳးက ငါ့ထက္ နည္းနည္းပဲ အားနည္းတဲ့ ႐ႊမ္ပိုင္ေတာင္ လုပ္ႏိုင္မယ္ မထင္ဘူး)
(ဒါေပမယ့္ မင္းကေတာ့ ဘယ္ေလာက္ပဲ ျမန္ျမန္ လမ္းမွားသြားခဲ့ၿပီ၊ အဲဒီေတာ့ မင္းရဲ႕ ကံေကာင္းမႈေတြ က ဒီေနရာမွာပဲ အဆုံးသတ္ရေတာ့မယ္ . . .)
(ဒီတိမ္မဲေတာင္အေၾကာင္း ဒီကမ႓ာမွာ ငါ့ထက္ပိုၿပီး ဘယ္သူမွ ပိုမသိႏိုင္ဘူး၊ မင္းက ကိုယ့္ေသတြင္းကိုယ္ တူးလိုက္မိၿပီပဲ . . .)
(တိမ္မဲေတာင္ႀကီးထဲ ေရာက္သြားရင္ ငါတို႔ရဲ႕ ေျပး တမ္းလိုက္တမ္း ကစားပြဲႀကီးက အဲဒီအခါမွ တကယ္ စတင္ေတာ့မွာကြ ဟား ဟား ဟား . . .)
ထိုသို႔ျဖင့္ တိမ္မဲ ေတာင္ႀကီးထံသို႔ ခဏအတြင္းမွာ ပင္ ေရာက္႐ွိသြားသြားသည္။
အျဖဴေရာင္ အရိပ္မွာလည္း လ်င္ျမန္စြာ ထြက္ေျပး လ်က္႐ွိၿပီး ခဏအၾကာတြင္ အေ႐ွ႕ဘက္၌အလင္းတန္း တစ္ခု လင္းလက္သြားေလသည္။
စင္စစ္ အျဖဴေရာင္ အရိပ္မွာ အလင္းတန္းႏွင့္အတူ ေတာင္အတြင္း႐ွိ လိႈဏ္ဂူတစ္ခုအတြင္းသို႔ တိုးဝင္သြား ျခင္း ျဖစ္သည္။
အဆိုပါ တိမ္မဲေတာင္မွာ အဝင္လြယ္သေလာက္ အထြက္ခက္လွၿပီး မူလတာအို အဆင့္ကိုး ပညာ႐ွင္ပင္ လွ်င္ ထြက္ခြာခ်င္ပါက အခ်ိန္ယူရလိမ့္မည္။
ထို႔ေၾကာင့္ ယခုကဲ့သို႔ အခ်ိန္တြင္ အျဖဴေရာင္အရိပ္ မွာ အ႐ွိန္ေႏွးသြားသည္ႏွင့္ ဝုဖအဖို႔ အမီလိုက္ႏိုင္မည္ ျဖစ္သည္။
ဝုဖကို ေကာင္းကင္ဘုံကမ်က္ႏွာသာ‌ေပးလိုက္ျခင္း ေလာ သို႔တည္းမဟုတ္ သူကိုယ္တိုင္ပင္ ကံေကာင္းေန ျခင္းေလာ။
ထိုအျခင္းအရာကို မည္သူမွ အတိအက် အေျဖ ထုတ္ႏိုင္လိမ့္မည္ မဟုတ္ပါ။
ဝုဖလည္း ေနာက္မွ လိုက္ေနရင္းျဖင့္ သူ႕ကိုယ္သူ ေအာင္သူတစ္ဦးပမာပင္ ခံစားေနရေလသည္။
ထို႔ေၾကာင့္ က်ယ္ေလာင္စြာ ရယ္ေမာလိုက္ရင္း -
“ဟား ဟား ဟား အခုမွ တကယ့္ေျပးတမ္းလိုက္ တမ္း စေတာ့မွာ၊ မင္းဘယ္ကို ေျပးမလဲ သိခ်င္လာၿပီ”
ဝုဖလည္း လိႈဏ္ဂူ အေပါက္ဝတြင္ ရပ္တန္႔လိုက္ ၿပီး အတြင္းဘက္သို႔ လွမ္းၾကည့္လိုက္သည္။
လက္႐ွိတြင္ အျဖဴေရာင္ အရိပ္အဖို႔ ပုန္းခိုသည့္ ေန ရာမ႐ွိႏိုင္၊ အေႏွးနဲ႔ အျမန္ဆိုသလို သူ၏ လက္အတြင္း သက္ဆင္းရႏိုင္ေပသည္။
ထို႔ေၾကာင့္ ဝုဖလည္း သူ၏လိႈဏ္ဂူအတြင္းသို႔ ေအး ေအးလူလူျဖင့္ပင္ ဝင္သြားလိုက္သည္။
သို႔ေသာ္ ခဏအၾကာတြင္ မ်က္ေမွာင္ၾကဳတ္လိုက္မိ ၿပီး -
“ဟင္ ဘယ္ေရာက္သြားတာလဲ . . .”
လိႈဏ္ဂူအတြင္း၌ မည္သည့္အရာမွမ႐ွိ၊ အျဖဴေရာင္ ဝတ္႐ုံတစ္ထည္သာ က်န္ခဲ့၍ သူ႕အဖို႔ အံ့ဩတႀကီး ျဖစ္ သြားရသည္။
ဝတ္႐ုံမွာမူ ေျမျပင္၌ က်န္ခဲ့ၿပီး လူမွာ ေပ်ာက္ဆုံး သြားျခင္း ျဖစ္သည္။
ဂူအတြင္းသို႔ ဝင္ေရာက္ၿပီးသည္ႏွင့္ ထြက္ေျပးစရာ လမ္းဟူ၍ မ႐ွိသျဖင့္ ယခုျဖစ္ရပ္က ထူးဆန္းလြန္းေန သည္ မဟုတ္ပါလား။
(ဘယ္လိုျဖစ္သြားတာလဲ၊ ဘယ္ေရာက္သြားတာပါ လိမ့္၊ ေတာ္ေတာ္ထူးဆန္းသြားၿပီ . . .)
ဝုဖလည္း ေတြေဝမေနေတာ့ဘဲ သူ၏ စိတ္စြမ္းအင္ မ်ားကို ထိုေနရာအႏွံ႔ လႊမ္းျခဳံလိုက္ၿပီး အေပါက္ဝသို႔ ျပန္လာခဲ့လိုက္သည္။
(ေနစမ္းပါဦး သူက ဘယ္လိုေပ်ာက္သြားရတာလဲ၊ သူက ေခါင္းစည္းအဆင့္ ဆိုရင္ေတာင္ ဒီလိုမ်ိဳးေပ်ာက္ သြားဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး . . .)
(အနည္းဆုံးေတာ့ ေျခရာလက္ရာ လႈပ္႐ွားမႈေတြ က်န္ခဲ့ရမွာပဲ၊ အခုက် ေလနဲ႔အတူ ေပ်ာက္ကြယ္သြား တာကေတာ့ မျဖစ္ႏိုင္လိုက္တာ . . .)
ထိုသို႔ေတြးရင္း က်န္ရစ္ခဲ့သည့္ အျဖဴေရာင္ ဝတ္႐ုံ ကို ေကာက္ကိုင္ကာ ဝုဖမွာ အေတာ္ေလးပင္ ေပါက္ ကြဲလာမိေလသည္။
(ဘယ္လိုမ်ား ျဖစ္သြားတာလဲ၊ ဒါကပုံရိပ္ေယာင္ မ်ားလား၊ ငါကလူမဟုတ္တဲ့ ပုံရိပ္ေယာင္ေနာက္ကို တစ္ခ်ိန္လုံး ေျပးလိုက္ခဲ့မိေနတာလား . . .)
(မျဖစ္ႏိုင္ဘူး ဒါကဝတ္႐ုံအစစ္ဆိုေတာ့ အရိပ္က လည္း အစစ္ပဲ ျဖစ္ရမယ္၊ ဒါေပမယ့္ စဥ္းစားစရာပဲ သူ က ေျခရာလက္ရာ မက်န္ေအာင္ ဘယ္လိုမ်ား ထြက္‌ ေျပးသြားႏိုင္ရတာလဲ . . .)
ဝုဖလည္း ဝတ္႐ုံစကို ကိုင္ရင္း ေတြးေတာေနရင္း ျဖင့္ စိတ္ထဲ၌ မခံခ်ိမခံသာပင္ ျဖစ္လာမိသည္။
ထို႔ေၾကာင့္ ေကာင္းကင္ထက္သို႔ ႐ုတ္တရက္ ပ်ံ သန္းလိုက္ၿပီး ေတာင္ႀကီးတစ္ခုလုံးကို သူ၏ လက္ဝါး ျဖင့္ ႐ိုက္ခ်ပစ္လိုက္သည္။
“ဘုန္း . . .”
ထို႐ိုက္ခ်က္က ေတာင္ႀကီးအား ခြၽန္ထက္လွေသာ ဓားႀကီးျဖင့္ ထက္ျခမ္းခြဲလိုက္သလိုပါပင္။
ေနာက္ဆုံးတြင္ တိမ္မဲေတာင္ႀကီး တစ္ခုလုံးမွာ ဝုဖ ၏ ေဒါသူပုန္ထြက္မႈမ်ားေအာက္တြင္ တစစီ ၿပိဳဆင္း၍ သြားရေတာ့သည္။
ထို႔ေၾကာင့္ ဖုန္မ်ား၊ သဲမ်ားမွာ ေကာင္းကင္ယံထိ တိုင္ေအာင္ ဖုံးလႊမ္းသြားၿပီး အလင္းေရာင္ကိုပင္ ပိတ္ ဆို႔သြားေလသည္။
ဝုဖလည္း ေကာင္းကင္ထက္တြင္ ရပ္ေနရင္း ထိုေန ရာႏွင့္ ၁၀ မိုင္ပတ္လည္ကို အာ႐ုံခံ၍ ၾကည့္ေနမိသည္။
သို႔ေသာ္ အျဖဴေရာင္ အရိပ္ႏွင့္ တူသည့္အရာဟူ၍ မည္သည့္အရာကိုမွ မေတြ႕၊ စုံးစုံးျမႇပ္ေအာင္ ေပ်ာက္႐ွ သြားေလသည္။
အဆုံးသတ္၌ သူ၏ ေနရာျဖစ္ေသာ တိမ္မဲေတာင္ ႀကီးသာ ၿပိဳပ်က္သြားရသည္ မဟုတ္ပါလား။
“ေတာက္ . . .”
“ဘယ္လိုေတာင္ ေပ်ာက္သြားတာလဲ . . .”
ဝုဖ မေက်မခ်မ္းျဖင့္ ေတာက္တစ္ခ်က္ ေခါက္ရင္း ေရ႐ြတ္လိုက္မိသည္။
ထိုအခ်ိန္ သူ၏ မ်က္လုံးမ်ားကလည္း ေဒါသမ်ား ေၾကာင့္ မီးဝင္းဝင္း ေတာက္ေနၿပီ ျဖစ္သည္။
ထို႔ေနာက္ သူ႕လက္ထဲ႐ွိ ဝတ္႐ုံကို ၾကည့္လိုက္ၿပီး ထပ္မံ ေတြးလိုက္မိျပန္သည္။
(မဟုတ္ေသးပါဘူးကြာ ဘယ္လိုျဖစ္ရတာလဲ . . .)
ထိုအခ်ိန္ ဝုဖလည္း အေတြးေပၚသြား၍ ဝတ္႐ုံကို အေသအခ်ာ စစ္ေဆးၾကည့္မိလိုက္သည္။
ထိုအခါ သူ၏ မ်က္လုံးမ်ားက ျပဴးက်ယ္သြားၿပီး အေရာင္မ်ား တဖိတ္ဖိတ္ ေတာက္သြားေလသည္။
ဝုဖေတြ႕လိုက္ရသည့္ အရာမွာ မည္သည့္အရာျဖစ္ ႏိုင္ပါသနည္း။
အျဖဴေရာင္ အဆင္း႐ွိသည့္ အေမႊးအမွ်င္တစ္ခုပင္ ျဖစ္၏။
(ဟင္ အေမႊး အေမႊးတစ္ပင္ပါလား . . .)
ထိုအေမႊးအမွ်င္ကို ၾကည့္ရင္း ဝုဖ၏ ပါးစပ္မွ ေအာ္ ဟစ္မိမတတ္ပင္ ျဖစ္သြားရပါေတာ့သည္။

#translator
#ေႂကြ႐ြက္ဝါ

Continue Reading

You'll Also Like

8K 302 37
The eternal supreme! ထာ၀ရနတ်ဘုရားအရှင်သခင် -------------------------------------------- မူရင်းအာသာ -Taiyi Shengshui ဘာသာပြန် - Yun'e Chapter-2404(com...
169K 4.1K 58
After your defeat, sonic decided to spare you.You became something of a anti-hero like shadow and help them on their adventures.The mad doctor now ha...
200K 8K 60
Forth saved Beam from his abusive father. They start living together, and soon find beams mother. Things seem to be going good but occasionally thing...
179K 4.4K 28
"We will never love you" Zane said "We will never accept you" Tristan said. "We will make your life living hell" Haydes said . "We will make you reg...