အပိုင်း -၂၉၈

772 46 1
                                    

Unicode

အပိုင်း ၂၉၈- အမှန်တရား

မုရှောင်းရှောင်  ဝမ်းနည်းစရာ အတိတ်ကို  ‌ဖော်လိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။

နောက်ဆုံးတော့  မုရှောင်းရှောင်ကို သေချာ ကြည့်ရင်း

"သမီး ကုပင်းယွမ်ကို သိလား? သမီး သူနဲ့ ဘယ်လို ပတ်သက်နေတာလဲ"

မုရှောင်းရှောင် က ချက်ခြင်းရှင်းပြလိုက်သည် 

" သမီး သူ့ကိုသိပါတယ်၊ ဒါပေမယ့်  သူ့ကို အသိ လူကြီးတစ်ယောက်အနေနဲ့ပဲ သိတာပါ ။ တခြား  ပတ်သတ်တဲ့ ဆက်ဆံရေး မရှိပါဘူး။”

လုချင်းလန် ၏အမူအရာမှာ ရှုပ်ထွေးနေပုံရပြီး

"ဒါဆို သမီး... တစ်ခုခုကို သိသွားပြီလား"

မုရှောင်းရှောင် ခဏလောက် စဉ်းစားနေမိသည်။ ထို့နောက် သူမက ရိုးရိုးသားသား ခေါင်းညိတ်ပြီး

“သမီး ရိုးရိုးသားသား ပြောပါ့မယ်။  သူက... လုရိချန် ရဲ့အဖေဆို ။အဲဒါအမှန်လား?"

မုရှောင်းရှောင် အမှန်အတိုင်းပြောလိုက်သောအခါ လုချင်းလန် သည် သက်ပြင်းချရင်း စိတ်မကောင်းဖြစ်သွားပုံရသည်။

“မှန်ပါတယ်”

လို့ ပြန်ဖြေပါတယ်။

သူမသိချင်သည့်အဖြေကို အတည်ပြုလိုက်ရသောအခါ  မုရှောင်းရှောင်ရဲ့ စိတ်‌သည် လေးလံလာရသည်။

“ဒါဆို အန်တီနဲ့ အန်ကယ်ကုက…”

လုရိချန် သည် ကုပင်းယွမ်၏တရားမ၀င်ကလေးဖြစ်သည်ဟု ယင်းရှောင်ကျဲ ကပြောဖူးသည်မဟုတ်လော။

လုချင်းလန် သူမအား အထင်မှားသွားမည်ကို စိုးရိမ်သဖြင့် မုရှောင်းရှောင် က လျင်မြန်စွာ ရှင်းပြလိုက်သည်။

"အန်တီက ဒီလိုလူမဟုတ်ဘူးလို့  သမီးယူဆပါတယ်။ အန်တီပြောရခက်တဲ့ကိစ္စ ရှိ‌နေလို့လား"

"ဘယ်လိုလူလဲ"

လုချင်းလန် နားမလည်သဖြင့်  မေးလိုက်သည်။

“အဲဒါက…”

မုရှောင်းရှောင် က ပြောရခက်နေတာသည်။ သူမ ဘယ်လိုပြောရမှန်းကို မသိတဲ့အတွက် လက်တွေ တွန့်လိမ်နေမိသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Место, где живут истории. Откройте их для себя