အပိုင်း ၂၆၈

615 40 0
                                    

Unicode

အပိုင်း ၂၆၈ - ရှောင်းရှောင်ကို အကာအကွယ်ပေးမယ့်သူမရှိခဲ့ရင် ဘယ်လိုလုပ်မလဲ။

အဲဒါကိုကြားတော့ မုရှောင်းရှောင် က သူမကို မျက်လုံးပြူးပြီး

"ဒါဆို ကျောင်းတစ်ကျောင်းလုံး ချီတက်ပွဲလုပ်ပြီး  ငါ့ရဲ့ကိုယ်ပိုင်အမှတ်အသားပါတဲ့ တံဆိပ်ပြားကို ဝတ်ဆင်ထားရမှာလား?"

ဟန်ချီချင် စကားကြောင့် မုရှောင်းရှောင် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

“ဒီလောက်ထိ လုပ်စရာမလိုပါဘူး…”

“အဲဒီကို လုပ်ရတာကို ငါမကြိုက်ဘူး”

မုရှောင်းရှောင် ချီချင် ကို မည်သို့ရှင်းပြရမည်ကို မသိသောကြောင့် သက်ပြင်းချလိုက်သည်။

လူတိုင်းမှာ နှစ်သက်တဲ့ ဘဝနေထိုင်နည်းတွေ ရှိကြသည်။

မုရှောင်းရှောင်သည် ယခုအချိန်တွင် ရိုးရိုးရှင်းရှင်းနှင့် ပျော်ရွှင်နေသည့်ပုံစံကိုသာ နှစ်သက်ပြီး သူမအား သူမ၏အဆင့်အတန်း‌ ကြောင့်  လာပြီး ခင်မင်တာမဟုတ်ဘဲ သမကို စိတ်ရင်းအတိုင်း  ပတ်ဝန်းကျင်လူများက  ခင်မင်ကြတာမျိုး ဖြစ်စေချင်သည်။

ယုကျန်  သူမ၏ အဆင့်အတန်းကို မသိဘဲ သူမနှင့် တွေ့ဆုံကာ ခင်မင်ခဲ့ကြသည့် ကိစ္စကဲ့သို့ပင် သူမ၏ အဆင့်အတန်းကို သိပါက သူမနှင့် ခင်မင်ရင်းနှီးရန် သတ္တိရှိမည်မဟုတ်ပေ။

သူတို့အနားမှာ ရှိနေတဲ့ စုန့်ရှီကျွင်း က သူမစကားကို သဘောတူပြီး

"ရှောင်းရှောင် က ဒီလိုမျိုး  နေတာပဲ အဆင်ပြေတယ်လို့ ငါထင်တယ်။ သူမရဲ့ အဆင့်အတန်းကို လူတိုင်းကို ဖော်ပြနေစရာ မလိုပါဘူး။ နှိမ့်ချတတ်တဲ့ အကျင့်ကို ထိန်းထားတာ ကောင်းပါတယ်။”

ဟန်ချီချင် က သူ့ကို စိုက်ကြည့်နေတယ်။
နောက်ကွယ်မှ ချောင်းနားထောင်ပြီး ဝေဖန်နေတယ် ဟွန့် ။

မုရှောင်းရှောင်  ဆိုဖာပေါ်မှ မတ်တပ်ထရပ်လိုက်စဉ် သူမ၏ မျက်ခုံးကြားက နေရာလွတ်ကို ဆုပ်နယ်လိုက်ပြီး

“ငါ မခံနိုင်တော့ဘူး။ ခေါင်းကိုက်တယ်။ ငါ အပြင်ခဏသွားဦးမယ်"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now