အပိုင်း - ၂၀၄

942 71 0
                                    

Unicode

အပိုင်း - ၂၀၄  မင်းမနာလိုဖြစ်နေတယ်လို့ ဝန်ခံလိုက်စမ်းပါ။


ဒါကိုကြားတော့  မုရှောင်းရှောင်ဟာ ထူးထူးခြားခြား စိတ်မသက်မသာဖြစ်ခဲ့ရသည်။

သူပြောတာ အမှန်ဖြစ်သည်။ ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ယင်းရှောင်ကျဲလို  တစ်စုံတစ်ယောက်ဟာ ဘယ်သူ့ကိုမှ ဆွဲဆောင်ဖို့ မလိုအပ်ဘဲ လှပတဲ့ မိန်းမချောလေးတွေက သူ့ကိုယ်သူ အလိုအလျောက် ပေးအပ်မှာမို့ပင်။

မုရှောင်းရှောင် သူ့ကို ထိတ်လန့်စွာ ကြည့်ရင်း

"နင် အရမ်း ပွေတာပဲ!"

မုရှောင်းရှောင် ယင်းရှောင်ကျဲနဲ့ စကားမဆက်ပြောချင်တော့ဘဲ အခန်းထဲက ထွက်လာခဲ့သည်။ 

"ဟေး  ရှောင်းရှောင်!"

ယင်းရှောင်ကျဲ သူမနောက်သို့ တစ်ချက်ပြေးလိုက်သွားပြီး သူမရဲ့ လက်မောင်းကို ဖမ်းကိုင်လိုက်သည်။

"ဘာလဲ? မင်း မနာလိုဘူးလား"

သူ့ကိုယ်သူ အနည်းငယ် ကျေနပ်နေသံဖြင့်  မုရှောင်းရှောင် ပြောင်နေသည်။

မုရှောင်းရှောင် သူ့လက်ကို ခါထုတ်လိုက်ပြီး

"ဘယ်သူက မနာလိုတာလဲ၊ ဘာလို့ မနာလိုရမှာလဲ"

ဒီစကားကို ပြောရင်း လှေကားထစ်ကို ဆက်ဆင်းဖို့ ကြိုးစားလိုက်သည်။

ယင်းရှောင်ကျဲ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ ပီးပြင်လာရသည်။ သူမ၏ အပြုအမူသည် မနာလို ဖြစ်နေကာ သ၀န်တိုနေခြင်း မဟုတ်ပါလား။

ဒီလူဆိုးမလေးက သူမ ပြောခဲ့တာ ဘာအဓိပ္ပာယ်လဲ ဆိုတာ သေချာ မသိဘူးဘဲ ။

ယင်းရှောင်ကျဲ သည် သူ၏ ရှည်လျားသော ခြေတံရှည်များဖြင့် ရှေ့သို့ တိုးသွားကာ သူမကို နောက်တစ်ကြိမ် ထပ်ဖမ်းဆွဲလိုက်သည်။ ဒီတစ်ခါတော့ သူက သူမကို နံရံနဲ့ ကပ်ပြီး ပြေးမရအောင် တားထားလိုက်သည်။

"မင်းတကယ် မနာလို မဖြစ်ဘူးလား?"

ဟု  နှိမ့်ချသော အသံဖြင့် မေးပြီး ယုတ်မာစွာ ပြုံးပြနေသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now