အပိုင်း - ၂၂၀

1.2K 84 3
                                    

Unicode

အပိုင်း - ၂၂၀  ကြားထဲက ခံရတဲ့သူ


မုရှောင်းရှောင် ယင်းရှောင်ကျဲ ကို ခဏလောက် ငိုင်တွေကာ စိုက်ကြည့်နေပြီး  နှုတ်ခမ်းကို  လက်နဲ့ ပွတ်သပ်လိုက်ကာ

“ငါ မသိဘူး…”

သူမ ခေါင်းအုံးကိုသာ တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီး ခေါင်းကို ယင်းရှောင်ကျဲ ပခုံးပေါ်မှီကာ သက်ပြင်းချသည်။

“အနာဂတ်မှာ သူမကို ထပ်မတွေ့ချင်ဘူးဆိုတာတော့  ငါ သေချာတယ်”

လို့ မကျေမနပ်နဲ့ ဆက်ပြောလိုက်သည် ။

ယင်းရှောင်ကျဲ  သူမ၏ ပျော့ပျောင်းသော ဆံပင်များကို သူ၏ လက်ချောင်းရှည်များဖြင့်  ခေါင်းကို ညင်သာစွာ ပုတ် ပေးလိုက်သည်။

"ကောင်းပြီ၊ ငါနားလည်ပြီ ။   သူ့ကို ဘယ်လိုအပြစ်ပေးမလဲဆိုတဲ့ ငါ့ ဘာသာငါ စီစဉ် လိုက်မယ် စိတ်မပူနဲ့ "

လို့ တိုးတိုးလေးပြောလိုက်သည်။

မုရှောင်းရှောင် သည် မျက်လုံးများကိုမှိတ်ထားပြီး ခေါင်းညိတ်ရင်း သူမက

"ဟုတ်တယ်၊ မပြောနဲ့၊ ငါမသိချင်ဘူး ..."

ဘာပဲဖြစ်ဖြစ် သူမ ပိုင်မိန်‌ကျောင်း နဲ့ ထပ်မဆုံချင်တော့ပါ။

ယင်းရှောင်ကျဲ ဘာလုပ်ဖို့စီစဉ်ထားလဲ သူမ မသိပေမဲ့ ဒီအတိုင်း ကျော်မသွားဘူးဆိုတာတော့ သူမသိသည်။

ယင်းရှောင်ကျဲ က ခေါင်းညိတ်လိုက်ပြီး

"ဒါဆို အေးအေးဆေးဆေး အနားယူ ငါ အပြင်သွားဦးမယ်"

တစ်ချို့အရာတွေကို စီစဉ်ဖို့  ဖုန်းအနည်းငယ်ခေါ်ဖို့သာ လိုအပ်ပေမယ့် ဖုန်းခေါ်ကာ ပြောမယ့် အကြောင်းအရာတွေက က သူမကြားသင့်တဲ့အရာတွေပင်။

မုရှောင်းရှောင် သူနှင့်ခွဲခွာရန် တွန့်ဆုတ်နေပုံပေါ်သည်။ သို့သော် သူမနှင့်ခွဲခွာရန် ဝန်လေးနေသည့်အရာမှာ မှီထားသည့် သူ့ပခုံးပင်ဖြစ်သည်။ သူ့ကို မှီရတာက အရမ်းသက်တောင့်သက်သာရှိပြီး  ဒီလိုမျိုး‌လေး အိပ်ပျော်သွားချင်ခဲ့တာပင်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Onde histórias criam vida. Descubra agora