အပိုင်း - ၁၇၇

1.2K 92 0
                                    

Unicode

အပိုင်း -၁၇၇ ဒဏ္ဍာရီဆန်ဆန်  လျို့ဝှက်လွန်းတဲ့ မုမိသားစု

ဇိမ်ခံ စားသောက်ဆိုင်တွင်

ယင်းရှောင်ကျဲ သည် ဟန်ချီချင် နှင့်  စု့န်ရှီကျွင်းအပါအဝင်
သူတို့၏ ရင်းနှီးသော အခြား သူငယ်ချင်းများကို ခေါ်ခဲ့သည်။
စုန့်ရှီကျွင်း ကလည်း သူ့သူငယ်ချင်းတစ်ယောက်ကို ခေါ်လာခဲ့သည်။

တံခါး၀ကိုရောက်တာနဲ့ စုန့်ရှီကျွင်း က ပြုံးပြီး မုရှောင်းရှောင် ကို
အတင်းဖက်ဟန်ပြင်သည်။

"အာယိုး  မတွေ့တာကြာပြီနော် သခင်မလေး မု ။
ငါမင်းကို အရမ်းလွမ်းနေတာ!"

စုန့်ရှီကျွင်းရဲ့ ဧည့်ဝတ်ကြေမှုက ယင်းရှောင်ကျဲ လက်ဖြင့် တားဆီးခြင်းခံလိုက်ရသောအခါ စုန့်ရှီကျွင်းခမျာ လက်ဆွဲ နျုတ်ဆက်ရုံသာ လုပ်နိုင်သည် ။

ယင်းရှောင်ကျဲ က  စုန့်ရှီကျွင်းကို စူးစူးရဲရဲ အကြည့်တစ်ခု  ပစ်လိုက်ပြီး

"မင်းကို ညစာလာစားဖို့ပဲ ငါလုပ်ခိုင်းတာ၊ လူတွေကို အခွင့်ကောင်းမယူနဲ့!"

"ရှောင်ရှောင်ဟာ မင်းရဲ့ဇနီးလို့ မသိတဲ့သူတွေက ထင်ကြလိမ့်မယ်!"

  စုန့်ရှီကျွင်း က နောက်ပြောင်ပြီး သူ့သူငယ်ချင်းကို ထိုင်ခုံတစ်ခုဆီ ခေါ်သွားသည် ။

ယင်းရှောင်ကျဲက မုရှောင်းရှောင်ကုလားထိုင်နောက်ဘက်ကို လက်တင်ထားလိုက်ပြီး မထီမဲ့မြင်  ပြုံးလိုက်သည်။

“ ဘာဖြစ်လဲ?  ရှောင်းရှောင်က ငါ့ဇနီးပဲ”

ဟု ပြောကြားလိုက်သည်။

စုန့်ရှီကျွင်းက ယင်းရှောင်ကျဲ သည်  မုရှောင်းရှောင်  နှင့် ပတ်သက်သည့် ကိစ္စရပ်များအပေါ်  လွှမ်းမိုးလေ့ရှိတာကြောင့်  သူ၏စကားများကို  အလေးမထားမိခဲ့ပေ။

သို့သော် စုန့်ရှီကျွင်းအနားရှိ သူငယ်ချင်းက  မုရှောင်းရှောင် ကမည်သူဖြစ်သည်ကို မသိခဲ့ပေ။

"ဒါဆို သူမက မုရှောင်းရှောင်  လား ၊ သူမက တကယ့် သခင်လေးကျဲ ရဲ့ ဇနီးလား။ သူမက ဘယ်လိုလူလဲ"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now