အပိုင်း -၁၃၉

1.4K 117 1
                                    

Unicode

အပိုင်း - ၁၃၉ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့တော့

ဗီဒီယိုကိုကြည့်ရင်း ယုကျန် ရဲ့ သွေးတွေ ဆူပွက်လာရသည်။ကောင်မလေးတွေက မုရှောင်းရှောင်  ကို တစ်ကြိမ် ပစ်ပေါက်ပြီးတဲ့ နောက်မှာတစ်ယောက်ကို တစ်ယောက် ကြည့်ကာ သဘော တွေကျနေပြီး ဆက်လက် ပစ်ပေါက်ဖို့ တိုင်ပင်နေကြသည်။

မုရှောင်းရှောင်ကို မထိခဲ့ဘူးဆိုရင် သုံးလေးခါ မထိထိအောင် ထပ်ပစ်နေကြတာပင်

"အမှန်တရားက မင်းမျက်စေ့ရှေ့မှာပဲ မင်းဘာပြောစရာရှိသေးလဲ!"

မုရှောင်းရှောင် ဂုဏ်သိက္ခာကို ထိလိုက်နေကြောင်းပြသရန် တစ်ချိန်တည်းမှာပင် အခြားသူများ၏အမြင်တွင်လဲ ယုကျန်က  ဒေါသတကြီးဖြစ် နေတဲ့ မျက်လုံးနီ တွေနဲ့ မိန်းကလေးများဘက်သို့ လှည့်ကာ အော်ငေါက်လိုက်သည်။ ယုကျန်ရဲ့  အဲလို ပုံစံကို မမြင်ဖူးကြတဲ့ မိန်းကလေးတွေက စကား တစ်ခွန်းမျ ဆက်မပြောရဲကြ

"တောင်းပန် အခုချက်ချင်း !"

ယုကျန် က ဟောက်လိုက်ပြန်သည်။  ကောင်မလေးတွေက တွန့်ဆုတ်နေပုံရပြီး တစ်ယောက်ကို တစ်ယောက် အရိပ်အကဲ ကြည့်နေကြသည် ။  နောက်ဆုံး ယုကျန် ပြင်းထန်တဲ့ သဘောထားကြောင့် ထိတ်လန့်လာကာ သူတို့ထဲက  တစ်ဦးက ဦးညွှတ်တောင်းပန်လာသည်။

"ဆော-"

"နေဦး "

ရုတ်​တရက်​ မိန်းက​လေးတစ်​​ယောက်​ လှမ်းပြီး နှောင့်ယှက် လိုက်​သည်​။

"နင် တောင်းပန်စရာ မလိုဘူး နေပါဦး ငါတို့က ဘာလို့ အဲလိုလုပ်ရမှာလဲ၊ နင်နဲ့ဘာဆိုင်လို့လဲ ပြီးဝောာ့ သူက သခင်လေးကျဲ ရဲ့အကာအကွယ်အောက်မှာ မရှိတော့ဘူး။ ငါတို့က ဘာလို့ဆက်ပြီးကြောက်နေရမှာလဲ? "

ယုကျန်၏နောက်ခံသည် အလွန်ကြောက်စရာမကောင်းသော်လည်း၊ နောက်ခံမရှိရင် ဘယ်ကျောင်းသားကမှ Class S ကို မဝင်နိုင်။ သူတို့ကို တားတဲ့ မိန်းကလေးမှာလဲ ယုကျန် နဲ့ ဆင်တူတဲ့ နောက်ခံ ရှိတဲ့အတွက် ယုကျန် ခြိမ်းခြောက်တာကို သူ့ကို မကြောက်ပေ

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Donde viven las historias. Descúbrelo ahora