အပိုင်း -၂၅၄

694 51 0
                                    

Unicode

အပိုင်း - ၂၅၄ - ထိန်းချုပ်စွမ်းပျောက်ဆုံးခြင်း။

မုရှောင်းရှောင် ပြောတာကိုကြားတော့ ဟန်ချီချင်ဟာ ​​ခဏလောက်  ကြောင်သွားသည်။  ရုတ်တရက် သူမမျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး

"နင် တကယ် ပြောနေတာလား... သူ ညခင်းကြီးကို ရေအေးနဲ့ ချိုးလိုက်ရတာတာလား"

မုရှောင်းရှောင် က ခေါင်းညိတ်လိုက်ပြီး ချီချင် ပြန်မေးလိုက်သည့် အရာကို အံ့အားသင့်သွားဟန်ဖြင့်

"ငါ့ကို ပြော အိပ်ခန်းထဲမှာ အိပ်နေတာက ရေချိုးတာနဲ့ ဘာဆိုင်လို့လဲ? ဘာမှလဲ မဆိုင်ဘူး!"

ဟန်ချီချင်  ပါးစပ်ကိုပိတ်ကာ အသာ ကြိတ် ရယ်မောလိုက်သည်။

" ဆက်စပ်တာပေါ့ဟယ်!"

"ဘယ်လို ဆက်စပ်တာလဲ"

မုရှောင်းရှောင် က သူမကို အံ့သြစွာ ကြည့်လိုက်သည်။

"သိပ်ကို တုံးပါလား! ရှောင်းရှောင်၊ နင် တကယ်ပဲ လေးနှစ် လောက် တောမှာ နေခဲ့တာလားလို့  ငါတကယ်သံသယဖြစ်မိတယ်။ အဲဒီက  ယဉ်ကျေးမှုက ဘာပဲပြောပြော ပွင့်လင်းပါတယ် ။ အဲဒါ ဘာကိုဆိုလိုလဲ နင်တကယ်  မသိဘူးလား "

ဟန်ချီချင်က ခေါင်းခါပြီး သူမရဲ့ နုံအမှု သနားသလိုကြည့်သည်။

"ဘာလို့လဲ? ငါ့ကို အရင်ဖြေပါ၊ အဲဒီတစ်ခုက နောက်တစ်ခုနဲ့ ဘာဆိုင်လို့လဲ"

မုရှောင်းရှောင်  သူမကို တုံးခံသည်ဟု အခေါ်ရခံခြင်းအတွက် ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်နေသည်။

ဟန်ချီချင် သည် ဘေးနားမှ စုန့်ရှီကျွင်း ကို တစ်ချက်ကြည့်လိုက်ပြီး သူကြားသွားမှာကို ကြောက်သဖြင့် သူမသည် မုရှောင်းရှောင် ၏ လက်နှစ်ဖက်ကို ဆွဲကာ ထောင့်တစ်နေရာသို့ ရောက်သွားခဲ့သည်။

ထို့နောက် မုရှောင်းရှောင် ၏ နားရွက်ကို လက်နှစ်ချောင်းဖြင့် အုပ်ထားရင်း

“ရေအေးချိုး တယ်ဆိုတာ  … သူကို နင်က  လှု့ံဆော်လိုက်လို့ ။ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘူးလို့ တွေးထားလို့ နင်နဲ့ မအိပ်ချင်တာ ။ နင် အခုနားလည်ပြီလား?"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now