အပိုင်း -၁၅၄

1.2K 96 1
                                    

Unicode

အပိုင်း-၁၅၄  မသင့်မြတ်

  ယင်းရှောင်ကျဲ  ရက်စက်ကြမ်းကြုတ်စွာ သူမကို အတင်းနမ်းလိုက်တဲ့ အချိန်မှာ သူမက မျက်လုံးတွေ မှိတ်ထားရုံသာ တတ်နိုင်သည် ။ သို့သော် ယနေ့ ယင်းရှောင်ကျဲရဲ့  အာဏာရှင်ဆန်တဲ့ အပြုအမူသည် သူမ၏နှလုံးသားကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

"ယင်းရှောင်ကျဲ  !"
မုရှောင်းရှောင် ဒေါသများစွာနဲ့  အတင်းအော်လိုက်မိသည်။အခုကြည့်ရတာ သူမတကယ်ဒေါသထွက်နေပုံပင်။ ယင်းရှောင်ကျဲ ၏ တောက်ပသော မျက်လုံးများကို ကြည့်လိုက်မိရာ သူ၏ နက်မှောင်သော မျက်၀န်းများသည် ပုံမှန်ထက် ပိုတောက်ပပြီး လှပနေသည်ကို သတိပြုမိပြန်သည်။

"နင်က အရူးပဲ!"

မုရှောင်းရှောင်  က အော်ဟစ်ကာ ယင်းရှောင်ကျဲကို ကြိမ်းမောင်းသည်။ သူမသည် သူ့ခြေထောက်ကို ချိန်ရွယ်ပြီး ရှိသမျှအားဖြင့်တက်နင်းလိုက်ကာ  သူမအား ဆုပ်ကိုင်ထားသော သူ့ရင်ခွင်မှ လွတ်မြောက်သည်နှင့်  ချက်ချင်းပင် သူ့ထံမှ ပြေးထွက်သွားသည်။ ယင်းရှောင်ကျဲ  သည် ခေတ္တမျှ အေးခဲသွားပြီး  မှင်သက်နေမိကာ လိုက်သွားရန် မတွေးမိ။ အတော်ကြာမှ
"SH*T!" ဟူသည့် ကျိန်ဆဲခြင်းကို ပြုလေ၏။ သူက ကုလားထိုင်တစ်လုံးကို ကန်ချလိုက်ပြီး အပြစ်မဲ့တဲ့ ကုလားထိုင်လေးက လဲကျသွားပေမယ့် သူ့ဒေါသက အပြည့်အ၀ ဖြေလို့မရခဲ့။ ဒါ့ကြောင့် သူသည် စားပွဲပေါ်ရှိ ပစ္စည်းအားလုံးကို ကြမ်းပြင်ပေါ်သို့  တွန်းချပစ်လိုက်မိသည်။

D*mmit! D*mmit!

ယင်း ရှောင်ကျဲ အသိစိတ်လွတ်ကာ ရှောင်းရှောင်အပေါ်ပြုမူမှုကြောင်ါလမိမိကိုယ်ကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက် ပေမယ့် သူအခု တကယ် ဒေါသထွက်နေတာက ကိုယ့်ကိုကိုယ်လား မုရှောင်းရှောင်ကိုလား  ဆိုတာ သူ့ကိုယ်တိုင်တောင် ရှင်းရှင်းလင်းလင်း မသိတော့ပေ။

...

ယင်းရှောင်ကျဲ က သူမကို လိုက်ဖမ်းမှာကြောက်လို့ မုရှောင်းရှောင်  က မရပ်ရဲ။ သူမ အောက်ထပ်သို့ ပြေးဆင်းလာခဲ့ပြီး  လမ်းတွင် အပန်းဖြေရာမှ ထွက်လာသော ဟန်ချီချင်နှင့် တွေ့ဆုံခဲ့သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Onde histórias criam vida. Descubra agora