အပိုင်း -၂၆၃

635 46 0
                                    

Unicode
အပိုင်း- ၂၆၃  ယင်းရှောင်ကျဲကို ငါက သဘောကျတယ် ဟုတ်လား။

မုရှောင်းရှောင် အနည်းငယ် လန့်သွားပုံရသည်။

“သူ ငါ့ကို မဖွင့်ပြောပါဘူး…”

ဒီအကြောင်းကို တွေးနေရင်းနဲ့ သူမ နည်းနည်းလေး လန့်သွားသည်။ ထိုလူဆိုးသည် သူမဆီမှတိတ်တဆိတ် အနမ်းတစ်ခုကို ခိုးယူသွားသော်လည်း သူမကို ချစ်ခင် နှစ်သက်ကြောင်း မသေချာမရေရာသော စကားလုံးများဖြင့် သူမကို မပြောခဲ့ပေ။

သူက  သူမကို ယခုလို   နောက်ပြောင်နေရတာကို မကြာသေးမီကပင်  အတော့်ကို စွဲလန်းသွားခဲ့ပုံ‌ပေါ် သည်။

သို့သော်လည်း သူတို့နှစ်ယောက်က  အတိုင်းအတာထက် ကျော်လွန်မသွားခဲ့‌သေး။

ဟန်ချီချင် က တအံ့တသြနဲ့

“သူ ဖွင့်မပြောဘူးလား။နင်တို့  စေ့စပ်ပြီးသားမို့လား။ အဲ့ဒါကြောင့် ဒီအဆင့်ကို ကျော်သွားတာ အဆင်ပြေတယ်လို့ သူထင်နေတာလား။ သူ ဘယ်လိုလုပ် အခုလို လုပ်နိုင်ရတာလဲ!"

"မဟုတ်ဘူး၊ အဲဒါမဟုတ်ဘူး!"

မုရှောင်းရှောင် အနည်းငယ် စိတ်ရှုပ်သွားသည်။ယင်းရှောင်ကျဲ နှင့် သူမ၏ ရှုပ်ထွေးပွေလီသောဆက်ဆံရေးကို ဟန်ချီချင်အား သူမ မည်သို့ရှင်းပြရမည်ကို သူမ မသိပါ။

“ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ဆက်ဆံရေးက နင် ထင်သလိုမဟုတ်ဘူး။ အရင်ကလိုပါပဲ၊ ငါတို့က တစ်ယောက်နဲ့တစ်ယောက်ရဲ့ တကယ့်သူငယ်ချင်းကောင်းတွေပါပဲ။”

တကယ်ကောင်းတဲ့ ငယ်သူငယ်ချင်းတွေ။

အချစ်ရေး စုံတွဲ မဟုတ်ဘူး။

မုရှောင်းရှောင် သည် ဤအကြောင်းကို တွေးနေရင်း အနည်းငယ် စိတ်တိုလာသည်။

ယင်းရှောင်ကျဲ တွေးနေတာတွေကို သူမတကယ်မသိလို့ပင်။

သူမထံမှ လျှို့ဝှက်အနမ်းတစ်ခုကို ခိုးယူသွားသည်ဟု ဆိုလိုသည်မှာ သူသည် သူမကို အမှန်တကယ် သဘောကျနေသည်ဟု ဆိုလိုတာ မဟုတ်။

ဒါပေမယ့် သူဘာလို့...

သူမစကားကြားတော့ ဟန်ချီချင် အံ့အားသင့်စွာ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမကို အပြင်းအထန် လှုပ်ယမ်းကာ ပွေ့ဖက်ပြီး

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now