အပိုင်း - ၁၅၇

1.2K 96 1
                                    

Unicode

အပိုင်း -၁၅၇ သူ့အနမ်းကို သူမ မလိုချင်ဘူး


"ငါ့ကို နာမည်ပျက်စာရင်း( Blacklist)ထဲသွင်းထားတယ်လို့ မင်းပြောနေတာလား။"

ယင်းရှောင်ကျဲ  က စကားလုံးတိုင်းကို  အေးစက်စွာ ထုတ်ပြောပြီး မေးသည်။

ဟန်ချီချင် ယင်းရှောင်ကျဲဒေါသကို ဖုန်းထဲတွင်ပင် ခံစားနိုင်သည်။

"ဟုတ်တယ် ...အဲဒါကြောင့် ငါသိချင်နေတာ ရှောင်းရှောင် ဒေါသအရမ်းထွက်သွားအောင် နင်ဘာလုပ်လိုက်တာလဲ"

လို့ စိတ်‌ ပေါက်ပေါက်နဲ့ ပြန်‌ မေးလိုက်သည်။ ယင်းရှောင်ကျဲ က မျက်ခုံး တွေကို  ရှုံတွကာ နှုတ်ခမ်းတွေကို ကိုက်ထားသော်လည်း အကြောင်းမပြန်။ စောစောက ရုံးခန်းထဲမှာ သူဘာကြောင့် လုပ်ခဲ့ရတာလဲဆိုပြီး စိတ်ရှုပ်သွားရသည်။ သူမရဲ့ နှုတ်ခမ်းတွေကို မင်းမူ သိမ်းပိုက်ခဲ့တာပင်။သို့သော် ထိုအရာသည် မုရှောင်းရှောင်အတွက် ဤမျှလေးနက် နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ့စိတ်ထဲတွင် သူမကို နမ်းချင်ရုံသာရှိခဲ့သည်။ ဒါဖြင့် သူလုပ်‌ တော့ရော ဘာဖြစ်လဲ။ သူ့ဒေါသကို ပြန်အာခံခဲ့တာပဲကို ။ ဒီ ကောင်မလေး ဘာတွေတွေးနေလဲ သူတကယ်နားမလည် နိုင်တော့ဘူး။

ယင်းရှောင်ကျဲ က ဟိုကောင်မလေးကို ဒေါသထွက်အောင် ဘယ်လိုလုပ်ခဲ့ဆိုတာကို ဟန်ချီချင်က မေးချင်နေတာပင်။ နမ်းရုံအပြင် သူမကို အခြားထိခိုက်အောင် မလုပ်ခဲ့ပါဘူး။ ထို့အပြင်၊ သူ့ကို နမ်းချင်သော မိန်းကလေး မြောက်မြားစွာ ရှိနေသည် မဟုတ်ပါလား။

သို့သော် သူသည် မုရှောင်းရှောင်ရဲ့ အတွေးကို ပယ်ချခဲ့ပြီး တသ်ချက်လေးတောင် မမေးခဲ့ပေ။

သူ စကားမပြောဘဲ နေရုံကလွဲပြီး သူ့မှာ ရွေးချယ်စရာမရှိ။
အသံထွက်မလာတဲ့ ယင်းရှောင်ကျဲကြောင့် ဟန်ချီချင်က

"တကယ်တော့ ရှောင်းရှောင် က ဒေါသကြောင့် ခဏတာ မျက်စိကန်းနေတာမို့ မကြာခင်မှာပဲ စိတ်ဆိုးပြေသွားမှာပါ ။ ဒီည ဒီမှာပဲ  အိပ်ပါစေ၊ ငါတို့ အိပ်ဖြစ်မှာတောင်မဟုတ်ဘူး၊ ညကျ အချိန်အတော်ကြာအောင် စကားတွေပြောရဦးမှာ ၊နင်  ရှောင်းရှောင်ကိုပြန်ချော့ဖို့ နည်းလမ်း မြန်မြန်စဉ်းစားသင့်တယ်"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now