အပိုင်း - ၁၇၀

1.1K 88 0
                                    

Unicode

အပိုင်း - ၁၇၀ ငါ နင့်ကို  လိမ်ညာစရာအကြောင်းမရှိ။


သစ်ပင်၏အရိပ်အောက်တွင် ဥရောပပုံစံ ခုံတန်းလျားတစ်ခုရှိသည်။ ဟန်ချီချင် ထိုင်နေရာကနေ မတ်တပ်ရပ်ကာပြုံးလိုက်သည်။

"ဒါက ရိုးရှင်းပါတယ် ၊ ယင်းရှောင်ကျဲ နဲ့ ရင်းနှီးတဲ့ ငါတို့က သူ့ကိစ္စတွေကို အကုန်သိတယ်"

"ဘာလို့လဲ ငါကသူအကြောင်း အကုန် မသိရတာလဲ ? "

မုရှောင်းရှောင်  သည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်ပြီး ခုံတန်းပေါ်တွင် လှဲနေလိုက်သည်။

ဟန်ချီချင်ကဝောာ့ ညည်းတွားနေတဲ့ သူမရဲ့ကလေးလေးကို 

"အင်း၊ ရှောင်းရှောင် နင်က  လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ကတည်းက နိုင်ငံခြားထွက်သွားခဲ့ပြီး ငါတို့နဲ့ ခဏ အဆက်အသွယ်ပြတ်နေခဲ့တာကိုး၊ ဒါ့ကြောင့် နင် ယင်းရှောင်ကျဲရဲ့ ကိစ္စကို မသိတာ ပုံမှန်ပါပဲ"

"ယင်းရှောင်ကျဲ ဘာဖြစ်တာလဲ မြန်မြန်ပြောပြ!"

မုရှောင်းရှောင် ဝေ့လည်ကြောင်ပတ်လုပ်နေတဲ့ ဟန်ချီချင်အား သည်းမခံနိုင်တော့ပေ။

"Aiyo ငါ့လက်ကို ညှစ်နေတာ ရပ်လိုက်တော့ ရှောင်းရှောင်ရဲ့  နာတယ်!"

ဟန်ချီချင် အလျင်လိုနေတဲ့ ကြောင်ပေါက်ကြောင့် အော်ဟစ်ပြီး ‌မုရှောင်းရှောင် လက်မှ သူမ၏လက်ကို အမြန် ရုတ်လိုက်သည်။

"ကောင်းပြီ၊ ငါ နင့်ကို အခုပြောပြမယ်။ ငါ့ကို မတိုက်ခိုက်နဲ့တော့"

မုရှောင်းရှောင်  သူမ၏ တိုက်ခိုက်မှုကို ရပ်လိုက်ပြီး သူမအား လေးနက်သော မျက်နှာဖြင့် စိုက်ကြည့်နေသည်။

ဟန်ချီချင်က

"တကယ်တော့ ယင်းရှောင်ကျဲမှာ mysophobia ( အသန့်ကြိုက်တဲ့ရောဂါ/ညစ်ပေမှာ ကြောက်တဲ့ ရောဂါ ) ရှိနေပုံရတယ်"

"အကြောက်လွန်ရောဂါ?"

မုရှောင်းရှောင်သည် တစ်ခုခု လွဲချော်နေပြီဟု ထင်ကာ သူမနားကိုပင် ကောက်ကိုင်လိုက်သည်။ မယုံကြည်နိုင်လောက်တဲ့လေသံနဲ့

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now