အပိုင်း - ၁၀၆

1.7K 163 1
                                    

Unicode

အပိုင်း - ၁၀၆ သွယ်ဝိုက်သောအနမ်း

ယင်းရှောင်ကျဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီးတဲ့‌ နောက်မှာ
သူတို့နှစ်ယောက်ပိုနီးလာသည်။ မုရှောင်းရှောင်ထက် သူ့ရဲ့ အရပ်က မြင့်နေတာကြောင့် သူ့ရဲ့စူးရှတဲ့မျက်လုံးတွေနဲ့ သူမကို ငုံပြီးစိုက်ကြည့်နေတယ်။

မုရှောင်းရှောင် သူမဝန်ခံပြီး ခွင့်လွှတ်ရန်တောင်းပန်သင့်သလား ဆက်ငြင်းရမလား တွေးမိပြီးသူမတံတွေး မျိုချလိုက်မိသည်
သို့သော်သူကရုတ်တရက်

"မင်းငါ့နောက်ကွယ်မှာ မဟုတ်တာ တစ်ခုခုလုပ်ခဲ့တယ်!"

မုရှောင်းရှောင် မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်သည်။

အဲဒါကဘာကိုဆိုလိုချင်တာလဲ?

တကယ်လို့  သူမ လုရိချန်ကိုသွားတွေ့ခဲ့ရင်တောင် သူ့ကိုလှည့်စားပြီး နောက်ကွာ်မှာ မဟုတ်တာ သွားလုပ်တယ်လို့မမှတ်သင့်ဘူးမဟုတ်လား?

ယင်းရှောင်ကျဲက သူ့လက်ကိုမြှောက်လိုက်ပြီး သူမပါးစပ်ကိုလက်ညှိုးနဲ့ပွတ်ဆွဲလိုက်တယ်။  သူရဲ့လက်ချောင်းမှာ အဖြူရောင်ကိတ်မုန့် ခရင် က ကပ်ပေလာခဲ့သည် ။သူကအထောက်အထားတွေ ရှာတွေ့သွားခဲ့သလိုနဲ့

"မင်းငါ့နောက်ကွယ်မှာ ကိတ်မုန့်တွေ စားနေပြန်တာလား"

ဟု မေးလာတော့မှ သက်ပြင်းချမိကာ

"အိုး ... " သူက ဒါကိုပြောချင်တာလား ? စိတ်သက်သာရာရသွားပြီး သူက သူ့နောက်ကွယ်မှာ သူ့ကိုလှည့်စားတဲ့အကြောင်းပြောနေတာမဟုတ် အဲဒီအစားသူက သူ့နောက်ကွယ်မှာ ကိတ်မုန့် ထပ်စားနေတာကိုရည်ညွန်းတာ

ယင်းရှောင်ကျဲ လက်ညှိုးကပါးစပ်ထဲသို့ ထည့်လိုက်ပြီး အရသာခံလိုက်ကာ

  "စတော်ဘယ်ရီကိတ်မုန့်ပဲ ဖြစ်ပြန်ပြီဘာကြောင့်မင်းစတော်ဘယ်ရီကိတ်မုန့်တွေကိုအရမ်းကြိုက်နေရတာလဲ?  "

မုရှောင်းရှောင် ယင်းရှောင်ကျဲ လုပ်လိုက်တဲ့ ထူးဆန်းတဲ့ လုပ်ရပ်ကြောင့် သူမရဲ့မျက်နှာသည် အနည်းငယ်နီရဲလာသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now