အပိုင်း -၁၈၃

1.1K 84 0
                                    

Unicode

အပိုင်း -၁၈၃ သူမကို ထိပါးလိုခြင်း

ကြီးမြတ်သော သခင်လေး ယင်းသည် အများအားဖြင့် အမိန့်ပေးသူသာဖြစ်သည်။ မည်​သူက သူ့ကို ခိုင်းစေတဲ့ စ​ကား​မျိုး ပြော​နိုင်သ​နည်း။ အဲဒါကို သတ္တိရှိရှိ လုပ်ရဲတဲ့သူက ဒီလူဆိုးမလေးပင်။

ဤသို့တွေးနေသော်လည်း ယင်းရှောင်ကျဲသည် စောင်တစ်ထည်ကို နာခံမှုရှိရှိ ကောက်ကိုင်ကာ သူမဗိုက်ပေါ်၌ တင်ထား ပေးဆဲဖြစ်သည်။

သူသည် လေအေးပေးစက်ကို အဆုံးထိ ဖွင့်လေ့ရှိသောကြောင့် ဤအခန်းတွင် အအေးဓာတ်များ အပြည့်ရှိ နေသည်။ယင်းရှောင်ကျဲ ခဏလောက်စဉ်းစားပြီး အပူချိန်နည်းနည်းတိုးဖို့ ဆုံးဖြတ်လိုက်သည်။ ထိုကောင်မလေး အအေးပတ်မိမှာ စိုးရိမ်တာပင်။

အခုတော့ အဆင်ပြေသွားပုံရသည့် လူဆိုးမလေးက သူမမျက်နှာကို ခေါင်းအုံးနဲ့ ပွတ်သပ်ပြီး ဖက်လုံးကို ခိုင်မြဲစွာပွေ့ဖက်ကာ အေးချမ်းစွာ အိပ် နေသည်။

ယင်းရှောင်ကျဲဆိုဖာဘေးတွင် ထိုင်ချလိုက်ပြီး သူမ၏မျက်နှာကို မစိုက်ကြည့်ဘဲ မ နေနိုင်ပေ။ သူမ၏ နူးညံ့ပြီး လက်ရာမြောက်သော အသားအရေသည် ကလေးလေးကဲ့သို့ ချောမွေ့နေပုံရပြီး ချွေးပေါက်များလဲ မရှိ။ သူမအရေပြားက အနမ်းပေးရန် ဆွဲဆောငိ နေသလိုပင် ။

သို့သော် ယင်းရှောင်ကျဲကို စိတ်ရိုင်း၀င်စေသောအရာမှာ သူမ၏ နှုတ်ခမ်းများဖြစ်သည်။ စောစောက အစပ်စားထားတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူမရဲ့နှုတ်ခမ်းတွေက နီရဲနေပြီး ဆွဲဆောင်မှုရှိကာ ရွှန်းစိုနေတာကြောင့်ပင်။

ယင်းရှောင်ကျဲ ၏ နှုတ်ခမ်းများ လှုပ်ယမ်းသွားရကာ သူ့လည်ချောင််းက အနည်းငယ် ခြောက်ကပ်လာသလို ခံစားရသည်။

သူ့မျက်လုံးများက သူမနှုတ်ခမ်းများကို စူးစူးစိုက်စိုက် ကြည့် နေကာ စောစောက အစေခံတစ်ယောက်လို သူ့ကို အမိန့်ပေးခဲ့တာအတွက် သူမဆီက အနမ်းခိုးယူလိုက်ရင်တောင် ကြီးကြီးမားမား ပြဿနာ မရှိဘူး မှတ်လား ဟု တွေးနေသည်။

သို့သော် ဒီကောင်မလေး တကယ်ပဲ အိပ်ပျော်သွားပြီလားဆိုတာ သူမသိ။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Wo Geschichten leben. Entdecke jetzt