Unicode
အပိုင်း - ၁၆၉ ယင်းရှောင်ကျဲကို ရှာဖွေ
သူဘာလို့ဒီလိုပြောတာလဲ။ယင်းရှောင်ကျဲသည် ရှန်တ အထက်တန်း ကျောင်းတွင် အာရုံစိုက်မှု အခံရဆုံးသော ကျော်ကြားသူဖြစ်သောကြောင့်ပင်။
သူ့ရဲ့ လုပ်ဆောင်ချက်တိုင်းကို လူတိုင်းက စောင့်ကြည့်နေခဲ့ကြပြီး သူတစ်ခုခုလုပ်တာနဲ့ သတင်းက တောမီးလို ကျောင်းအနှံ့ ပျံ့နှံ့သွားလိမ့်မယ်။ ထို့အပြင်၊ သူနှင့်တွဲဖူးသော မိန်းကလေးများသည် သူဆီက မျက်နှာသာရရေးအတွက် ကြိုးပမ်းရခြင်းကို အထူးနှစ်သက်ကြသည်။ သူတို့ထဲက တစ်ယောက်ယောက်က ယင်းရှောင်ကျဲဆီကနေ လက်ဆောင်တစ်ခုခုရခဲ့ရင်တောင် အဲဒါကို တစ်ကမ္ဘာလုံးကို ကြောငြာပစ်လိမ့်မည်။ ကောင်မလေးတစ် ယောက်ကသာ က သူနဲ့ အိပ်ခဲ့ရမယ် ဆိုရင်၊ သူမဟာ တစ်ကမ္ဘာလုံးကို မသိသိအောင် ကြေညာမှာ သေချာသည်။သို့သော် ထိုကဲ့သို့သော သတင်းသည် လုံး၀ ပျံ့နှံ့ခြင်းမရှိခဲ့ပါ။ယင်းရှောင်ကျံ ၏ ပင်ကိုယ်စရိုက်အကြောင်းကို လူတိုင်းကသိကြပြီး သူ့အကြောင်း သတင်းအတုများကို ဖြန့်ရန် သတ္တိမရှိပေ။ မုရှောင်းရှောင်က ယုကျန် ကိုကြည့်ပြီး
"တကယ်လား?"
ယုကျန်ကလဲ ခေါင်းညိတ်လိုက်သည်။
"တကယ်။ ငါ့ကိုယုံ"
မုရှောင်းရှောင် အသာ ခေါင်းညိတ်လိုက်ပြီး စကားဆက်မပြောတော့။
တကယ်တော့ စေ့စပ်ထားသူဖြစ်တဲ့ မုရှောင်းရှောင် အနေနဲ့ ဒီလိုစကားကို ခံနိုင်ရည်ရှိဖို့က တကယ်ကို ခက်ခဲပါတယ်။ ယင်းရှောင်ကျဲက ပိုင်မိန်ကျောင်းနဲ့ အဲလိုမလုပ်ခဲ့ဘူးဆိုရင်တောင် သူမကို ကွန်ဒိုမီနီယံသို့ တကယ်ခေါ်ခဲ့တာလားလို့ သူမ တွေးနေမိပြန်သည်။
ပိုင်မိန်ကျောင်း က ဧည့်ခန်းထဲမှာပဲ ရပ်နေခဲ့တယ်ဆိုရင်တောင် မုရှောင်းရှောင် လုံး၀ လက်မခံနိုင်။ ဧည့်ခန်းတစ်ခုလုံးကို ဖြိုချပစ်ရမည် ။
မှန်တယ်!
တကယ်သာ ခေါ်သွားခဲ့ရင် ငါမီးရှို့ပြီး ကွန်ဒိုတစ်ခုလုံး မီးရှို့ပစ်မယ်ဟု မုရှောင်းရှောင် ဒေါသတကြီး တွေးလိုက်မိသည်။
أنت تقرأ
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
العاطفيةThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...