အပိုင်း -၂၅၈

725 52 0
                                    

Unicode

အပိုင်း ၂၅၈  - A Brazen Kiss

What - သူဘာလုပ်ဖို့ကြိုးစားနေတာလဲ။

မုရှောင်းရှောင်  စိတ်လှုပ်ရှားစွာ  တံတွေး မျိုချလိုက်ပြီး သူမ၏ နှလုံးခုန်နှုန်း တိုးလာသည်။

သူတို့ရဲ့ ကိုယ်ဟန်အနေအထားက ဒီလေထုနဲ့ နဲနဲ ။

ဒါဖြစ်နိုင်မလား... သူ ငါ့ နမ်းချင်နေတာလား။

"ကျဲ -ထလော့! နင် ငါ့ကိုဘာလို့ နှိပ်စက်ချင်နေရတာလဲ။ နင်နှိပ် ပေးစရာ မလိုတော့ဘူး၊ ဘယ်လိုလဲ"

မုရှောင်းရှောင် အထစ်အထစ်နဲ့ ဒီထူးဆန်းနေတဲ့ အခိုက်အတန့်ကနေ လွတ်မြောက်ဖို့ ကြိုးစားလိုက်တယ်။

ယင်းရှောင်ကျဲ ၏ နတ်ဆိုး မျက်လုံးများ ရုတ်ချည်း ကျဉ်းမြောင်းသွားသည် ။ မုရှောင်းရှောင် စိုးရိမ်သောကအမူအရာကို လေ့လာရင်း သူ့ခေါင်းထဲသို့ မကောင်းဆိုးဝါး အတွေးတစ်ခု ဝင်လာသည်။

အဲဒီတုန်းက သူမကို ခိုးနမ်းလိုက်တာကို သူမတကယ်သိ နေတာလားဆိုတာ သူ ရုတ်တရက် အရမ်းသိချင်သွားသည်။

ထို့ကြောင့် သူသည် ယုတ်မာသော  အမူအရာဖြင့် ပြုံးကာ ရယ်မောပြ

"ငါ မင်းကို တကယ်နမ်းချင်နေပြီလို့ ပြောရင် မင်းဘာလုပ်မှာလဲ"

မုရှောင်းရှောင် အံ့သြသွားသည်။

"What -ဘာလဲ?"

မုရှောင်းရှောင် မျက်လုံးများ ပြူးကျယ်လာပြီး သူမ ပို၍ပင် စိုးရိမ်လာသည်။

သူက နမ်းချင်​တယ်လို့​ပြော နေတာလား

ဟေး!

ဒီအရူးက နည်းနည်းတော့ စည်းကျော်သွားပြီ မဟုတ်လား?

လျှို့ဝှက်အနမ်းတစ်ခု ခိုးယူတာကို မရှင်းရသေးဘူး ၊
ဒါကို  အခု  သူ့မကို ပြောင်ပြောင်တင်းတင်း နမ်းချင်တယ်လို့‌ ပြောနေတာလား။

ဘယ်ရမလဲ!

ဒါကို သူမတွေးနေရင်း မုရှောင်းရှောင်၏ မျက်နှာက ရှက်စိတ်ဖြင့် နီရဲသွားသည်။

မုရှောင်းရှောင် ယင်းရှောင်ကျဲကို မခို့တရို့ ပြုံးကာ ငြင်းဆန်ပြီး

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now