အပိုင်း - ၁၇၂

1.1K 89 0
                                    

Unicode

အပိုင်း - ၁၇၂  အများသူငှာရှေ့တွင် ချစ်ခင်မှုကို ပြသခြင်း။


နေ့လည်ခင်း

ယင်းရှောင်ကျဲနဲ့ ပိုင်မိန်ကျောင်း ကန်တင်းထဲကို လျှောက်လာချိန်တွင် တစ်စုံ တစ်ယောက်က သူတို့ကို  တားကာ ရပ်ခိုင်းလိုက်သည်။ ဟန်ချီချင် သည်  ဒေါသကြောင့် တုန်ရီနေသော မုရှောင်းရှောင် နှင့်အတူ သူတို့ဆီသို့ လျှောက်လာလိုက်သည်။

" ယင်းရှောင်ကျဲ ၊  မုရှောင်းရှောင်နဲ့ ငါ  အစားအသောက်ကတ်တွေ ယူလာဖို့ မေ့သွားတယ် ။ နင် ငါတို့ကို နေ့လယ်စာ ၀ယ်ကျွေးလို့ရမလား"

ယင်းရှောင်ကျဲ ရဲ့ အကြည့်တွေက မုရှောင်းရှောင် ကို လေ့လာလိုက်‌ မုရှောင်းရှောင်ရဲ့ မျက်နှာထားကတော့ ပုံမှန်အတိုင်း သဘာဝကျကျ လှပ‌ နေသည်။ ယင်းရှောင်ကျဲ တစ်စက္ကန့်လောက် မှက်မှောင်ကြုံသွားပေမယ့်  သူ့မျက်နှာပေါ် နဂိုမူလ အေးစက်တဲ့ အပြုံး ပြန်တပ်လိုက်ရင်း  အပြုံးလေးနဲ့

"ရပါတယ်"

‌ဟန်ချီချင်ကရှေ့ကို လျှောက်လာပြီး ကော်ဖီဆိုင်ရဲ့ ပထမထပ်ကို သွားရန် ခြေလှမ်းပြင်လိုက်သည်။

"  ပထမထပ်မှာ စားရင်ကော ဘယ်လိုလဲ ? ငါ ဒုတိယထပ်မှာ စားရင် နေမကောင်းဖြစ်တတ်လို့ "

ယင်းရှောင်ကျဲက  ဟန်ချီချင်စကားကို ဥပေက္ခာပြုထားကာ ဘာဖြစ်ဖြသ်ဆိုတဲ့ သဘောလုပ်ပြရာ ဟန်ချီချင်က သူတို့လေးယောက်စာ  နေရာ ရှာပြီး ၀င်ထိုင်လိုက် ကြသည်။

သို့သော် ထိုမြင်ကွင်းသည်  ကန်တင်းရှိ ကျန်ကျောင်းသားများကို ထိတ်လန့်စေခဲ့သည်။ သခင်ငယ်ကျဲ ရဲ့ အချစ်သစ်နဲ့ ရည်းစားဟောင်း အတူတူ ထိုင်နေတာလား။ ဒါက ဘယ်လိုအခြေအနေလဲ။

ကျောင်းသားများသည် အစာစားခြင်းကို ရပ်လိုက်ပြီး နောက်ဘာဆက်ဖြစ်မည်ကို စောင့်ကြည့် နေကြသည်။

သူတို့လေးယောက်ထိုင်နေတုန်း  ယင်းရှောင်ကျဲ လက်ထောက်ဖြစ်သူ ဝူဟောင် က သူတို့ဘေးမှာ ရပ်ပြီး သူတို့အတွက် မှာတာတွေလုပ်ဖို့ သူတို့ရဲ့ စားသောက်မှုပုံစံတွေကို မေးမြန်း နေသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now