အပိုင်း ၂၇၃

639 36 0
                                    

Unicode

အပိုင်း ၂၇၃ - တစ်ယောက်ယောက်က မနာလိုဖြစ်မှာကို ကြောက်တယ်။

ဘားအလုပ်သမားက ယင်းရှောင်ကျဲ ၏ကားကို သူ့ဆီ မောင်းလာ ပေးတာကြောင့် ယင်းရှောင်ကျဲက မုရှောင်းရှောင် ကို သူ့ကားပေါ်တင်ပြီး သူတို့ရှေ့က ကားကို အန်းဇီရှင်းနောက်ကို လိုက်လာခဲ့ကြသည်။

ကားထဲမှာ

မုရှောင်းရှောင် သည် မူလတန်းကျောင်းသူလေးတစ်ယောက်လို နာခံမှုရှိစွာထိုင်ကာ ထူးထူးခြားခြား တိတ်ဆိတ်နေသည်။

ယင်းရှောင်ကျဲ သည် သူမအကြည့်ကိုမြင်ပြီး ပြုံးလိုက်သည်။ ထို့နောက် သူ ချောင်း တစ်ချက် ဟန့်ကာ

“ဘာလို့ တစ်ယောက်တည်း ထွက်သွားတာလဲ။ မင်းငါ့ကိုအကြောင်းကြားတာတောင်မှမရှိဘူး"

မုရှောင်းရှောင် က

"ငါ ဟန်ချီချင် ကို အဲဒီအကြောင်းကို ပြောပြခဲ့ပါတယ်"

ယင်းရှောင်ကျဲ က ကတုန်ကယင်ဖြစ်နေတဲ့ သူမကို တစ်ချက်ကြည့်လိုက်ပြီး

“မင်းငါ့ကို လူကိုယ်တိုင်ပြောပြတာပဲ ရေတွက်တယ်။ သူမကို ဘာပြောစရာရှိလို့လဲ"

ဒီတော့ သူမရဲ့မျက်လုံးထဲမှာ ဟန်ချီချင် နဲ့ သူဟာ သူမအတွက် တန်းတူညီမျှ အရေးပါနေတာလား။

ဒီအတွေးက သူ့ကို စိတ်ဆိုးသွား‌ ‌ စေသည်။

“ဘယ်လိုပဲဖြစ်ဖြစ်၊ မင်းရဲ့တည်နေရာကို မပြောဘဲ ဘားတွေလို နေရာမျိုးမှာ လှည့်လည်ပြီး  လျှောက်မသွားနဲ့၊ ဟုတ်ပြီလား”

“သိိပါပြီဆို”

မုရှောင်းရှောင် က မသိနားမလည်စွာ

“ယင်းရှောင်ကျဲ၊ နင် က ဘာလို့ ရုတ်တရက် သဲသဲလှုပ်နေတာလဲ။ အရူးလိုပဲ .....နင်က ငါ့အ​ဖေထက်​ ပိုစိတ်​ညစ်​ဖို့ကောင်းတယ်​။"

ရှေ့မီးပွိုင့်က အနီရောင်ပြောင်းသွားတာကြောင့်။ စတီယာရင်ပေါ်တွင် လက်တစ်ဖက်တည်းဖြင့်  မောင်းနေတဲ့ ယင်းရှောင်ကျဲက

"အဲစကားကို ထပ်ပြောစမ်းပါဦး"

ဟု ခြိမ်း ခြောက်ကာ သူမကို ကြည့်ရင်း မျက်လုံးများကို စိုက်ကြည့်နေသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Kde žijí příběhy. Začni objevovat