အပိုင်း - ၁၀၃

1.9K 166 1
                                    

Unicode

အပိုင်း-  ၁၀၃ သတ္တိတော့ ရှိလာ

ခေါ်ဆိုသူကို ကြည့်ရန်သူမလက်ကိုမြှောက်လိုက် တော့ ယင်းရှောင်ကျဲ ပင်

“ ဟဲလို …”

သူမက အားနည်းတဲ့အသံနဲ့ ဖုန်းပြန်ဖြေလိုက်တယ်။

ယင်းရှောင်ကျဲ မကျေမနပ်နှင့်မျက်မှောင်ကြုတ်ပြီး

"အခုဘာဖြစ်နေတာလဲ  မုရှောင်းရှောင် ၊ စောနက ဖုန်းက မင်းရဲ့လက်ထဲမှာ မဟုတ်ဘူးလား ? မင်းက ငါ့ခေါ်တာကို ချရဲတယ်ပေါ့ .... မင်းအခုဘယ်မှာလဲ?  "

မုရှောင်းရှောင် အရမ်းမောနေတာကြောင့် အသက်ရှူသံတည်ငြိမ်လာအောင် သူမရင်ဘတ်ကို ဖိလိုက်ပြီး

"ငါစာသင်ခန်းထဲမှာ ... ဘာပြဿနာရှိလို့လား"

ဟုပြောသည်။

"ဟားဟား၊ မင်းငါ့ကိုလိမ်ဖို့ လုပ်ရဲတာလား? ။ မဆိုးဘူး
သတ္တိ တော့ ရှိလာသားပဲ  ဟုတ်လား? "

ယင်းရှောင်းကျဲ သူမရဲ့လိမ်ညာမှုတွေကို ထုတ်ဖော်ပြောကြားရင်း အေးစက်စက်ရယ်လိုက်တယ်။

မုရှောင်းရှောင် အံ့သြသွားပြီး သူမဘေးကို အရူးအမူးလှည့်ကြည့်မိလိုက်သည်။  အနီးအနားမှာညသူမကိုပုန်းလျှိုးကွယ်လျှိုးနဲ့ လျှိုဝှက် ချောင်းကြည့်နေတာလား?   သူမစာသင်ခန်းထဲမှာမဟုတ်တာကို သူဘယ်လိုသိနိုင်တာလဲ?

"ငါ ... ဒါအားလုံးက မယနင့်အပြစ်ပဲ!"

သူမက သူ့ကိုရိုးရှင်းစွာ ပြန်ပြောလိုက်ပြီး

"ငါ နင့်ကြောင့် မိန်းကလေးအချို့ရဲ့ နှောင့်ယှက်တာကို အခုလေးတင် ခံခဲ့ရတယ်ဆိုတာကို နင်သိရဲ့လား၊ သူတို့က ငါ့ကိုရိုက်နှက်ပြီး ဆုံးမမယ် လို့ ချိန်းခြောက်သွားတာကိုရော နင်သိရဲ့လား?  "

"ဘယ်လိုဖြစ်တာလဲ?  မင်း ငါ့ကို ဘာလို့တိုက်ရိုက် မပြောတာလဲ? " 

ယင်းရှောင်ကျဲက စိတ်ဆိုးတဲ့လေသံနဲ့ပြောလေသည်

"ငါ့မှာ အခုလေးတင် ခက်ခက်ခဲခဲ သူတိူ့လက်ထဲက လွှတ်အောင် ပြေးလာခဲ့ရတာ အခုထိ အသက်ရှုတောင် မ၀သေးဘူး  ငါမရှင်းပြရသေးခင် ငါ့ကို အသက် လေး၀ရှုခွင့်ပေးလို့ရမလား? "

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now