အပိုင်း - ၂၃၃

780 59 0
                                    

Unicode

အပိုင်း -၂၃၃  အရမ်း ကပ်မလာနဲ့

ဇိမ်ခံကွန်ဒိုတွင်

ယင်းရှောင်ကျဲ မုရှောင်းရှောင် ရေချိုးလို့ ပြီးလို့ ထွက်လာသည်နှင့် သူမ နေရာကို ၀င်ယူလိုက်သည်။

မုရှောင်းရှောင် ခါတိုင်းကဲ့သို့   ဆိုဖာပေါ်တွင် လှဲလျောင်းကာ သူမ၏ ရင်ဘတ်တွင်  ခေါင်းအုံးကို ပွေ့ဖက်ထားသည်။ သူမရဲ့ လက်ထဲမှာတော့ ဖုန်းရှိနေပြီး  WeChat ကနေ လုရိချန်ကို   စာမေးပွဲပြီးသွား တော့ ဆေးရုံကို ဘာကြောင့် မပြန်တာလဲလို့ မေး နေသည်။

လုရိချန်သည် သူ့ဘက်ဒဏ်ရာကြောင့် စာမရိုက်နိုင်သဖြင့် သောရှားရှားပါးပါး မုရှောင်းရှောင်အား  အသံမက်ဆေ့ဂျ်များ ပေးပို့ကာ ပြန်ဖြေခဲ့သည်။

“တကယ်တော့ ကိုယ့်လက်တွေ တော်တော်သက်သာနေပြီမို့ ဆေးရုံမှာ တနေကုန် နေစရာမလိုဘူး။ကိုယ်  ညာလက်မောင်းကိုပဲ သတိထားစရာလိုတာ ။ ရက်အနည်းငယ် ကြာမှ ဆေးစစ်ဖို့ လာလဖြ  အဆင်ပြေတယ်လို့လည်း ဆရာဝန်က ပြောတယ်”

မုရှောင်းရှောင် ဖုန်းလေးကို နားရွက်ဘေးမှာထားလိုက်ပြီး သူ့အသံမက်ဆေ့ဂျ်ကို နားထောင်လိုက်သည်

သူ့အသံက နက်ရှိုင်းပြီး အနည်းငယ်အေးစက်နေသော်လည်း  နားထောင်ရုံဖြင့် မိန်းကလေးများ၏ နှလုံးသားကို လှုပ်ရှားစေသည့် သံလိုက်လိုမျိုး ဆွဲဆောင်မှု ပါရှိနေဆဲဖြစ်သည်။

မုရှောင်းရှောင်သည်လဲ မိန်းကလေးတစ်ယောက်မို့  သာယာသော အသံများကို နားထောင်ရတာ နှစ်သက် သည်။ သူ့အသံကို   နားထောင်ရတာ ကျေနပ်စရာဖြစ်နေပြီး  နောက်ထပ် သူထပ်မပို့ခင် တစ်ခါ  ထပ်ပြီး မနားထောင်ဘဲ မနေနိုင်။

“ဒါဆို ဂရုစိုက်ပါ။ အဆင်မပြေတာ တစ်ခုခုရှိရင် မြန်မြန်ပြော နော်…”

သူတို့နှစ်ယောက် ဆယ်မိနစ်လောက် စကားစမြည်ပြောကြသည်။

လုရိချန်က  သာမာန်ဆို အေးတိအေးစက် နေသော်လည်း သူအခု မုရှောင်းရှောင်နှင့် အလွန်လိုက်လျောညီထွေရှိပြီး စကား အများဆုံး ပြောသူမှာ  မုရှောင်းရှောင် ပင်ဖြစ်သော်ငြားလည်း အမျိုးမျိုးသောအကြောင်းအရာများကို သူမနှင့် စကားပြော ပေးနေပါသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now