အပိုင်း - ၂၃၈

731 54 0
                                    


Unicode

အပိုင်း -၂၃၈   စူးစမ်းခြင်း (၂)

ထို့ကြောင့် ဂိမ်းတစ်ခုကစားရန် ဆုံးဖြတ်လိုက်ကြသည်။

“ဒါဆို ကစားကြရအောင်… Truth Or Dare !”

စုန့်ရှီကျွင်း သူ့မှာ အကြံတွေ တွေ ရှိနေသလို ဆိုးဆိုးဝါးဝါး ပြုံးနေခဲ့သည်။

ဤဂိမ်းသည် လူငယ်များ အကြား အလွန်  ရေပန်းစားပြီး   အမှန်တကယ်ပင် စိတ်ဝင်စားစရာကောင်းသည်။

ဟန်ချီချင်၏ ခေါင်းထဲတွင်  အကြံများ အပြည့် ဖြစ်လာပြီး  သူမကို ကြည့်နေတဲ့ စုန့်ရှီကျွင်း၏အကြည့်ကို တွေ့လိုက်ရသည်။ သူမတြို နှစ်ဦး နားလည်မှုရသွပြီး  ပြုံးကာ ခေါင်းညိတ် သဘောတူလိုက်သည်

“ဒါက ဂိမ်းကောင်းတစ်ခုပဲ။ ငါလဲ ဒီဂိမ်းဆော့ရတာကြိုက်တယ်!"

သူတို့ပြောပုံအရဆို  စိတ်ဝင်စားစရာပင်။  စုန့်ရှီကျွင်းတို့နှစ်ယောက်ကြားက  ထောင်ချောက်ကို သတိမထားမိဘဲ မုရှောင်းရှောင်က အသံထွက်လာပြီး သူမလက်ကို မြှောက်လိုက်သည်။

"ငါသဘောတူတယ်! ဒီဂိမ်းကို ကစားရအောင်။”

ယင်းရှောင်ကျဲ က စောစောက သူ့သဘောထားကို ပြောပြီးသားပင်။

ထို့ကြောင့် သူတို့သည် Truth Or  Dare ကို စတင်ကစားကြသည်။

“ဒီဂိမ်းက ရိုးရှင်းပါတယ်။ မြှား ဦးတည်ရာ ရောက်တဲ့လူက  Truth Ir Dare ရွေးရမယ် ၊ အလှည့်ကျော်လို့ မရဘူး  ”

စုန့်ရှီကျွင်း ရှင်းပြပြီးနောက် ပထမအကျော့ကို စတင်ခဲ့သည်။

မုရှောင်းရှောင်၏ နက်မှောင်သော မျက်လုံးများက ကစား နေတဲ့ မြှားညွှန်ပြချက်ကို အနီးကပ် လိုက်ကြည့် နေသည်။

ပတ်ချာလည်ရင်း မြှားလေးက နောက်ဆုံးတော့ ရပ်သွားသည်။

မုရှောင်းရှောင် မျက်လုံးများသည် ညွှန်ပြသည့်နေရာသို့ လိုက်သွားကာ သူမ၏အကြည့်များသည် ယင်းရှောင်ကျဲ ထံရောက်သွားသည်။

"အဲဒါ မင်ပဲ!"

မုရှောင်းရှောင် ယင်းရှောင်ကျဲအား လက်ညှိုးထိုးရင်း သူ့ကံဆိုးတဲ့ အဖြစ်ကို  ကျေနပ်စွာ ရယ်မောလိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now