အပိုင်း -၂၄၇

715 51 0
                                    

Unicode

အပိုင်း - ၂၄၇

ယင်းရှောင်ကျဲက သူတို့ထွက်သွားဖို့ အချက်ပြနေ သော်လဲ ဟန်ချီချင်က အရိပ်အမြွက်ကို ဘယ်လိုမှ မမြင်ခဲ့ချေ

သို့သော်၊ ဟန်ချီချင်  ဆိုဖာပေါ်တွင် လှဲနေတဲ့ မုရှောင်းရှောင် ၏ မျက်နှာကို ကြည့်ပြီး

"ရှောင်းရှောင်ကို  ငါ ဂရုစိုက်ပါရစေ၊ ? ငါက သူမကို ဒီအရှုပ်အထွေးထဲ ရောက် အောင်လုပ်ထားတာဆိုတော့ တယ်။ငါသာ  ဝိုင်သောက်ဖို့ မတိုင်တွန်းခဲ့ရင် သူမူးမှာ မဟုတ်ဘူး”

ထို့အပြင် ၎င်းတို့သည် အခန်းနှစ်ခန်းကို ကြိုတင်စာရင်းပေးထားသည်။ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကို သီးခြားအခန်းမှာထားဖို့ ရည်ရွယ်တာမဟုတ်ဘူးလား။

သူမကိုကြားလိုက်ရတော့ စုန့်ရှီကျွင်းက ရုတ်တရက် သူမကို အနောက်ကနေ ဆွဲထုတ်လိုက်တယ်။

ဟန်ချီချင်ရေ  မိုက်မဲလိုက်တာ ။  ယင်းရှောင်ကျဲစကားကို အံတုဖို့ သတ္တိရှိ နေတာလား။

သူမ  အရမ်း တုံးအနေတာ မဟုတ်ဘူးလား ?

စုန့်ရှီကျွင်းက ပြုံးရင်းပြောလဲ ပြောကာ ဟန်ချီချင်ရဲ့ လက်ကို ဖမ်းဆွဲလိုက်ရင်း

“ကောင်းပြီ၊ အခု တော်တော်နောက်ကျနေပြီ။ ရှောင်းရှောင် အနားယူတာကို မနှောင့်ယှက်ရအောင်။ လာ၊ တခြားအခန်းကို သွားရအောင်။"

“ဒါပေမယ့်…”

စုန့်ရှီကျွင်းဟန်ချီချင်ကို  အတင်း ဆွဲကာ အခြားအခန်းသို့ ခေါ်ဆောင်သွား တော့သည်။တံခါးပိတ်လိုက်ပြီးတာနဲ့ စုန့်ရှီကျွင်းက သူမကိုကြည့်ပြီး

"မင်း ရှောင်းရှောင် ကို ဘာလို့ ရုတ်တရက်ကြီး ဂရုစိုက်ချင်ရတာလဲ။ ယင်းရှောင်ကျဲ ကအဲဒီမှာရှိပြီးသား သူ ရှောင်းရှောင် ကို  ကောင်းကောင်း ဂရုစိုက်ပါလိမ့်မယ်"

" ဟွန့် ငါလဲ နားလည်ပါတယ်။ ဒါပေမယ့်…”

ဟန်ချီချင်က တံခါးကို စိုက်ကြည့်ရင်း  စိတ်ပူနေသေးပုံပင်။

စုန့်ရှီကျွင်း က ရိသဲ့သဲ့လေးပြုံးပြီး

"ဒါပေမယ့် ဘာဖြစ်လဲ! သူတို့က စေ့စပ်ထားကြပြီသားမဟုတ်လား? အတူတူအိပ်ရင်တောင် ဘာမှမမှားပါဘူး”

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Donde viven las historias. Descúbrelo ahora