အပိုင်း - ၁၅၀

1.4K 126 1
                                    

Unicode

အပိုင်း - ၁၅၀ မုရှောင်းရှောင်မသိသော ယင်းရှောင်ကျဲရဲ့ အခြားတစ်ဖက်


မုရှောင်းရှောင်  သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သောအခါ စားပွဲတွင်ထိုင်နေသော ယင်းရှောင်ကျဲ၏ နောက်ကျောပုံရိပ်က သူမအား နှုတ်ဆက်သည်။

သူ့က နားကြပ်တပ်ထားပြီး သူရဲ့ ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းများက လှပသော နိုင်ငံခြားဘာသာလေယူလေသိမ်းဖြင့် တစ်စုံတစ်ရာကို တိုးတိုးတိတ်တိတ် ရွတ်နေလေသည်။ သူကိုယ်ခန္ဓာသည် ဖြောင့်စင်းစွာ မတ်မတ်ဖြစ်နေပြီး နေထိုး နေသည့် ရောင်ခြည် ဖျော့ဖျော့အောက်တွင် လက်ကို ချိုးလိုက်ပုံမှာ ရင်သပ်ရှုမောဖွယ် ဖြစ်နေသည်။  မု ရှောင်းရှောင် စောင်ခြုံကာ လဲလျောင်းနေမှန်း မသိဘဲ ထထိုင်လိုက်မိတယ်

"ကျဲ  ဘာလုပ်နေတာလဲ"

သူမ ခြေထောက်များကို ဆန့်ကာ အိပ်ငိုက်နေသော မျက်လုံးများကို ပွတ်သပ်ရင်း တိုးညှင်းစွာ  ခေါ်လိုက်သည်။ သူပြောနေသော ဘာသာစကားသည် အင်္ဂလိပ်လို မဟုတ်၍ မုရှောင်းရှောင် တစ်ချက်မှ နားမလည်နိုင်သောကြောင့် ထူးခြားနေသည်။ အိုဟုတ်သား! စကားသံက ပြင်သစ်လို ခပ်ဆင်ဆင်ပင်။ ယင်းရှောင်ကျဲက ပြင်သစ်စကားလည်း ပြောနိုင်တာလား? ။


ယင်းရှောင်ကျဲသည် တစ်ဖက်လူနှင့် စကားပြန်မစမီ သူမဆီကို အကြည့်တစ်ချက်သာ တစ်ချက်ပစ်လိုက်သည်။ ဖန်သားပြင်ကို လှမ်းကြည့်ရင်း တစ်စုံတစ်ယောက်နှင့် ဗီဒီယိုကော ပြောနေပုံရသည်။

မုရှောင်းရှောင် က စပ်စုချင်တာကြောင့်  ဆိုဖာပေါ်မှ ဆင်းကာ ဖိနပ်ကို ၀တ်ဖို့တောင် မလုပ်ဘဲ ခြေဗလာဖြင့် ယင်းရှောင်ကျဲရှေ့သို့ တိတ်တဆိတ် ခုန်ဆင်းလိုက်သည်။

"မင်းဘာလုပ်မလို့လဲ?"

ချောင်းကြည့်ဖို့ ကြိုးစားနေတဲ့ မုရှောင်းရှောင်ရဲ့ လည်ပင်းကို ဆွဲလိုက်သည် ။

ယင်းရှောင်ကျဲ သူဘာတွေ ဒီလောက်လေးနက်နေရတာလဲ ?
မုရှောင်းရှောင်သည် ပူပြင်းသော နေရောင်အောက်မှာ  အစာလေးများကို ကောက်ယူရန် ကြိုးစားနေသည့် ကြက်ကလေး ပုံစံဖြစ်နေသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now