အပိုင်း - ၂၃၁

827 64 1
                                    

Unicode

အပိုင်း -၂၃၁  ဒေါသထွက်နေရတဲ့ မုရှောင်းရှောင်

မထင်မှတ်ပဲ လုရိချန် ဟာ ဆေးရုံကို ပြန်မလာခဲ့တာကြောင့်
‌သူ့အခန်းထဲတွင် ရှိမနေ။  မုရှောင်းရှောင် သူမရဲ့ လက်ကလေးတွေနဲ့ ခေါင်းကို ခေါက်လိုက်ရင်း

   "ငါ သူ့ကို အရင် ဖုန်းခေါ်လိုက်သင့်တာ"

လို့ စိတ်မကောင်းစွာနဲ့ တတွတ်တွတ်ရွတ်နေတော့သည်။

ယင်းရှောင်ကျဲ  က သူမကို မျှော်လင့်ချက်မဲ့သလို ကြည့်နေကာ

"သူ ဘယ်လိုနေလဲ ဆိုတာ ငါ ဆရာဝန်ကို မေးကြည့်မယ်။ ဒီမှာ စောင့် လျှောက်ပြီးမပြေးနေနဲ့၊ ကြားလား???"

"ကောင်းပြီ မြန်မြန်လုပ်!"

ဟု  မုရှောင်းရှောင် က ပြန်ဖြေလိုက်သည်။

သို့သော်လည်း သူမ လျှောက်ပြီးမပြေး နေသော်လည်း အခြားတစ်ယောက်ယောက်က  ပြေးလာကာ  သူမကို လှမ်းရန်တွေ့သည်။

"မုရှောင်းရှောင်!"

ပိုင်မိန်‌ကျောင်း သည် သူမကိုမြင်သောအခါ ဒေါသတကြီး ပြေးလာသည်။

မုရှောင်းရှောင် သည် ပိုင်မိန်‌ကျောင်း ရုတ်တရက် ပေါ်လာမည်ဟု မမျှော်လင့်တာကြောင့်  တုန်လှုပ်သွားမိသည်။ သူမ ကြောက်လန့်တကြား ဖြင့် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။

"ပိုင်မိန်ကျောင်း? နင် ဘာလို့ဒီကိုရောက်နေတာလဲ။"

ထို့နောက် မုရှောင်းရှောင် ပိုင်မိန်ကျောင်းကိုယ်ပေါ်ရှိ ပတ်တီးများကို သူမ သတိပြုမိသွားရသည်။

ပိုင်မိန်ကျောင်း သူမရဲ့မျက်နှာပေါ်က အရေပြားဒဏ်ရာကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေခဲ့ရတာကို ရုတ်တရက် သတိရသွားသည်။ လုရိချန်တက်တဲ့ ဒီ‌ဆေးရုံမှာပဲ ပိုင်မိန်‌ကျောင်း တက်ဖြစ်လိမ့်မယ်လို့ သူမ မထင်ခဲ့မိဘူး။ သို့သော် တိုက်ဆိုင်မှုမဟုတ်ပေ။ ဤဆေးရုံသည် ရှန်တကျောင်း နှင့်အနီးဆုံးဖြစ်ပြီး မြို့တော် A တွင်လည်း နာမည်ကောင်းရထားတာပင်။

ပိုင်မိန်ကျောင်း က မုရှောင်းရှောင် ကို လက်ညှိုးထိုးပြီး

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now