အပိုင်း - ၂၅၇

707 55 0
                                    

Unicode

အပိုင်း ၂၅၇  - အဲဒီ နေရာကို မထိနဲ့

ထိုအချိန်တွင်ပင် ယင်းရှောင်ကျဲ  ဖြည်းညှင်းစွာ ထွက်ပေါ်လာကာ  နံရံကိုမှီပြီး သူမကိုကြည့်နေသည်။ ။

နေဝင်သွားပြီ ဖြစ်တာကြောင့်  လိမ္မော်ရောင်အလင်းတန်းများသည် ပြတင်းပေါက်မှ ဖြာထွက်ပြီး သူ့မျက်နှာပေါ်သို့ ကျဆင်း နေကာ ယင်းရှောင်ကျဲ၏ ထက်မြက်ပြီး ချောမောသော အသွင်အပြင်ကို ပေါ်လွင်စေပြီး ဆွဲဆောင်မှု တိုးလာစေသည်။

"မင်း အခု စား သရုပ်ဆောင်နေတာလား"

ယင်းရှောင်ကျဲ သူ့သံလိုက်သံဖြင့် ရယ်မောကာ မေးလာသည်။

မုရှောင်းရှောင် က သူ့အသွင်အပြင်က ထူးထူးခြားခြား Sexy ကျတယ်လို့ ခံစားရကာ သူ့အသံနှင့် သူ့ပုံက သူမကို ဆွဲဆောင်နေပုံရသည်။

ကံကောင်းစွာနဲ့ပဲ အခန်းထဲမှာ မီးတွေ မှိတ်ထားတာကြောင့်ဘသူမဘယ်လောက်ရှက်ရွံ့နေလဲဆိုတာ ယင်းရှောင်ကျဲ မမြင်နိုင်ခဲ့ဘူး ။

"ဘယ်သူက သရုပ်ဆောင်နေလို့လဲ။ မြန်မြန်လာဆို  ဒီကိုလာပြီး ငါ့ပခုံးတွေကို နှိပ်နယ်ပေးဦး ။  အရမ်းနာနေတယ်

မုရှောင်းရှောင်  အေးအေးဆေးဆေး  မသိဟန်ဆောင်ရင်း ပြောကာ   အရှက်သည်း နေတာ ယင်းရှောင်ကျဲမိသွားမှာကို ကြောက်လို့ မျက်နှာကိုပါ လွှဲလိုက်သည်။

ဆိုဖာနား ဖြည်းဖြည်း ချဉ်းကပ်လာတဲ့ သူ့ခြေသံကို သူမ ကြားလိုက်ကာ သူလာနေပြီဆိုတာ သူမ သိလိုက်သည် ။

"ဘယ်နားက နာနေတာလဲ"

ယင်းရှောင်ကျဲ ၏ အသံက နားထဲတွင် ရုတ်တရက် အသံထွက်လာသည်။ သူ့အသံက သူမနားကို တုန်လှုပ်သွားစေသည်။

မုရှောင်းရှောင် ထိတ်လန့်သွားရပြီး သူမ၏ နှလုံးခုန်သံ တစ်ချက် ခုန်သွားရသည်။

WTHell - သူဘာလို့ ဒီလောက် ကပ်နေတာလဲ။ သူမနားထဲကို တိုက်ရိုက်မပြောဘဲ ပုံမှန်အတိုင်းပဲ ပြောလို့မရဘူးလား။

“ငါ့ပခုံးတွေ…”

လို့ မုရှောင်းရှောင် အခုနကလို အသံကျယ်ကျယ်နဲ့   ပြောရမယ့်အစား အသံသေးသေးလေးနဲ့ ပြောလိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now