အပိုင်း -၂၅၁

763 47 0
                                    

Unicode

အပိုင်း ၂၅၁ - သူ အပြစ်ရှိသလို ခံစားနေရလို့လား။

နောက်တစ်နေ့

ဖြာကျနေသည့် နေအလင်းရောင်သည် ပြတင်းပေါက်မှ  တစ်ဆင့်ကော်ဇောပေါ်သို့ လင်းလက်ကျဆင်း‌ နေသည်။

မုရှောင်းရှောင်သည် ဖြည်းညှင်းစွာ နိုးလာပြီး ကုတင်ပေါ်တွင် ဟိုလှုပ်ဒီလှုပ် လှုပ်ယမ်းရင်း ချိုသာစွာ ပြုံးလျက် သူမနံဘေးကို  အမှုမဲ့  စမ်းလိုက်သည်။

သို့သော် နေရာလွတ် ဖြစ်နေသည် ။

သူမ အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ သူမဘေးမှာ တစ်ယောက်မှ မရှိတာကို တွေ့လိုက်ရသည်။

ကုတင်ကြီးတစ်ဝိုက်ကို လှမ်းကြည့်လိုက်တော့ သူမတစ်ယောက်တည်း ရှိနေတာကို သိလိုက်ရတော့  ချက်ချင်းဆိုသလိုပင် သူမစိတ်တွေ ကြည်လင်လာသည်။ ယင်းရှောင်ကျဲ ကို ကုတင် မည်သည့်နေရာတွင်မှ ရှာမတွေ့။

မုရှောင်းရှောင် အချိန်ကို ကြောင်တက်တက်ဖြင့်  တစ်ချက်ကြည့်လိုက်တော့ အစောကြီး ရှိသေးတယ်။ ယင်းရှောင်ကျဲက နိုးနေပြီလား။

သို့သော်…

ယင်းရှောင်ကျဲ  သူမနှင့် အတူတူ အိပ်ခဲ့သလား မမှတ်မိ။
ကုတင်၏ တစ်ဖက်ခြမ်းသည် မည်သူကမျှ မအိပ်ထားသကဲ့သို့ ဖြစ်နေသည်။

ယင်းရှောင်ကျဲ က သူမနဲ့ အတူတူ မအိပ်ခဲ့တာ ဖြစ်နိုင်သလား။

အတွေးပေါင်းစုံဖြင့်  မုရှောင်းရှောင်  ကုတင်ပေါ်မှ ဆင်းကာ ဖိနပ်တစ်ရံကို ဝတ်ဆင်ပြီး အိပ်ခန်းထဲမှ ဧည့်ခန်းထဲသို့ ဝင်သွားရင်း ဆိုဖာပေါ်တွင် လှဲလျောင်းနေသော ပိန်ပိန်ပါးပါး ပုံကို သူမ တွေ့လိုက်ရသည်။

သူမ ငေးကြည့်နေမိသည်။

ယင်းရှောင်ကျဲ မနေ့ညက အိပ်ခန်းထဲတွင် သူမနှင့် တကယ်မအိပ်ခဲ့ပေ။

ထူးဆန်းသည်မှာ မုရှောင်းရှောင်  သူမ ရင်ထဲတွင် စိတ်ပျက်စရာများ တဟုန်ထိုး တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now