အပိုင်း - ၁၉၈

993 77 2
                                    

Unicode

အပိုင်း - ၁၉၈  ဒါက မင်းကို ဆုချတာ

ယင်းရှောင်ကျဲ အလွန်ပင်  စွဲဆောင်မှုရှိသော အပြုံး ပြုံးလိုက်သည်။ သူရဲ့ ပြေပြစ်သော မျက်နှာကို သူမထံသို့ ချဉ်းကပ်ကာ ပါးပြင်များကို ညွှန်ပြလိုက်သည်။

အရိပ်အမြွက်က  သိသာလွန်းသည်။

မုရှောင်းရှောင်  တောက်ပြောင်သော မျက်လုံးရွဲကြီးများဖြင့် စိုက်ကြည့်ပြီး မသိချင်ယောင်ဆောင်နေကာ  ရှေ့ကိုမျှော်ကြည့်လိုက်ပြီး

"မီးစိမ်းနေပြီ၊ မြန်မြန် ကားကို မောင်းတော့"

ဟုပြောလိုက်သည်။

ယင်းရှောင်ကျဲသည်  ခဏ မျက်လုံးများကို မှိတ်ထားပြီး ရုတ်တရက် လည်ပင်းကို ဆန့်ကာ  မုရှောင်းရှောင်  ရဲ့ ပါးပြင်ကို ရွှတ်ခနဲ နမ်းလိုက်သည်။

"ဟေး!"

  မုရှောင်းရှောင်   ရှက်ရွံ့စွာဖြင့် သူ့ကိုကြည့်ကာ ရှက်သွားရသည်။ ယင်းရှောင်ကျဲ က နတ်ဆိုးဆန်စွာ ဖြင့် ပြုံးပြပြီး

"ဒါက မင်းကို ဆုချတာ "

လို့ပြောလိုက်သည်။   မုရှောင်းရှောင်  သူ၏ နက်နဲနက်မှောင်သော မျက်လုံးများကို ရင်ဆိုင်ရင်း  သူမ၏မျက်နှာကို ပိုပူလာသလို ခံစားလိုက်ရသည်။

"မြန်မြန်မောင်း!"

  မုရှောင်းရှောင် ယင်းရှောင်ကျဲ   သူမကိုကြည့်ခြင်းမှ ရပ်တန့်စေရန် သူ့မျက်နှာကို ရှေ့ဘက်သို့ တွန်းရန် သူမ၏လက်ကို ဆန့်ထုတ်လိုက်ပြီး  သူမရဲ့  နှလုံးခုန်သံများကတော့  လွဲမှားနေတော့သည်

ယင်းရှောင်ကျဲ  ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း သူမကို အနှောက်အယှက် ဆက်မပေး တော့ဘဲ ကားမောင်းဖို့ကို  အာရုံပြန်စိုက်လိုက်သည်။  မုရှောင်းရှောင် သူမ ရှက်ရွံ့နေမှန်း ယင်းရှောင်ကျဲကို  မသိစေချင်ပေ။ ထို့ကြောင့် သူမသည် ကားပြတင်းပေါက်ဆီသို့ ခေါင်းလှည့်ကာ ရှုခင်းကိုကြည့်ဟန်ဆောင်လိုက်သည်။

သို့သော် သူနမ်းလိုက်သည့်နေရာက သူ့နှုတ်ခမ်းများ၏ နွေးထွေးမှုကို ထိန်းသိမ်းထားပုံရသည်။ ရုတ်​တရက်​ သူမ စိတ်​ထဲတွင်​ ပုံရိပ်​တစ်​ခု ​ပေါ်လာသည်​။  ကွန်ဒိုမှာ အရမ်းငိုနေတဲ့အချိန်တုနန်းက မျက်ရည်တွေ ဝဲနေခဲ့တဲ့ သူမကို ပွေ့ဖက်နမ်းရှိုက်တဲ့ အချိန်
ယင်းရှောင်ကျဲ သည် နားမလည်နိုင်အောင် နူးညံ့ နေခဲ့သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now