အပိုင်း -၂၅၉

722 55 0
                                    

Unicode

အပိုင်း ၂၅၉  - ကိုယ် မင်းကို ဘာမှ မလုပ်နိုင်ဘူး။

တံခါးနှစ်ဘက်မှာ ရှိနေတဲ့ လူနှစ်ယောက်စလုံး ကိုယ်စီ  တွေးတောနေကြသည်။

သူမ တံခါးကို တကယ်မဖွင့်တော့တာကို မြင်လိုက်ရတော့ ယင်းရှောင်ကျဲ က ကူကယ်ရာမဲ့ သူ့ပါးသူ  တစ်ချက် ရိုက်လိုက်ပြီး

"ရှောင်းရှောင် မင်း ဘယ်အချိန် စိတ် ပြေမှာလဲ။ ငါ ဒီည ဆိုဖာပေါ်မှာ မအိပ်ချင်တော့ဘူး…”

မနေ့ညက ဆိုဖာပေါ်မှာ အိပ်ရတာကပင်  သူ့အတွက် အဆင်မပြေ ဖြစ်နေပြီ။ ရေပူစမ်း ဗီလာမှာ အခန်းက မဆိုးလှပေမယ့်  သူ့အိမ်က အိပ်ရာနဲ့ ယှဉ်လို့မရ ပေ။ ။

ဆိုဖာပေါ်မှာ အိပ်ရတာကို  သူ အရမ်းမုန်းတာပင် ။

ဒီညတော့ ယင်းရှောင်ကျဲ ဆိုဖာပေါ်တွင် မအိပ်တော့ဘဲ ကောင်းကောင်းအနားယူချင်နေပြီဖြစ်သည်။

ယင်းရှောင်ကျဲ ဆိုဖာကို ထုတ်မ ပြောလိုက်ရင် အားလုံးအဆင်ပြေသွားမှာပင်။ ဒါပေမယ့် သူ ထုတ်ပြောလိုက် ကတည်းက မုရှောင်းရှောင် က စိတ်ဆုံးဖြတ်လိုက်ကာ  အခန်းထဲကနေ လှမ်းအော်ပြီး

"ဝင်လာဖို့  လုပ်ရဲ သေးတာလား။ ဆိုဖာပေါ်မှာပဲ နင်  အိပ်။ ဒါမှမဟုတ်.. ဒါမှမဟုတ် အပြင်မှာ အိပ်လို့ရတယ်!"

မုရှောင်းရှောင် သူမပြောလိုက်ပြီးမှ ချက်ချင်းပင် နောင်တရသွားမိသည်။

ယင်းရှောင်ကျဲ တကယ် ကြီး ဟိုတယ်မှာ သွားအိပ်ရင် ဘယ်လိုလုပ်မလဲ။

သို့သော် ဖိတ်စင်သွားသော ရေကဲ့သို့ စကားလုံးများကို ပြန်သွင်းလို့မရနိုင်။

သူမစိတ်ဆင်းရဲသွားသော်လည်း မုရှောင်းရှောင်  သူမ၏ စကားကို ပြန်လည်ရုပ်သိမ်းရန် အလွန်ရှက်ရွံ့နေခဲ့သည်။

သူမ  တံခါးကို မျက်နှာမူကာ ကပ်ပြီး နားထောင်ကြည့်တော့  အပြင်ဘက်က ဝေးကွာသွားတဲ့ ခြေသံများကို ကြားလိုက်ရသည်။

ယင်းရှောင်ကျဲ၏ တံခါးမှ ထွက်ခွာသွားသော အသံက သူမ ရင်ခွင်ထဲက  နှလုံးသားကို  လေးလံတဲ့ ကျောက်တုံးချိတ်ဆွဲထားသလို ဖြစ်နေသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now