အပိုင်း - ၁၀၇

1.8K 140 1
                                    

Unicode

အပိုင်း - ၁၀၇  နောင်တမရနဲ့


"မလုပ်ဘူး! နင်လဲ  မပြောနဲ့ "

မုရှောင်းရှောင် သူ့ကိုငြင်းလိုက်တဲ့ အခါ ယင်းရှောင်ကျဲရဲ့အမူအရာမှာ ပြိုတော့မယ့် မိုးလို ပြင်းထန်လာသည်ကို မြင် တွေ့ရသည်။ ဒါ့ကြောင့်  သူမက လေထုကိုပေါ့ပါးသွားစေရန်
အမြန်ပြုံးလိုက်ပြီးဂရုတစိုက်နဲ့ရှင်းပြလိုက်သည်

"ငါက နင့်အတွက် လုပ်ပေးတာဟုတ်ပြီလား။ ငါကသာ တရားဝင်နင့်ရည်းစားပါလို့ ပြောလိုက်ရင် တခြားမိန်းကလေးတွေကို
နင်တွဲလို့ ဘယ်လိုလုပ်ရ တော့မှာလဲ။ ငါ ပြောတာ မှန်တယ်မဟုတ်လား? "

ယင်းရှောင်ကျဲ သူမကိုအေးစက်စွာ မကျေမနပ်ကြည့်ပြီးသူက

"ငါတစ်ခြားမိန်းကလေးတွေ တွဲချင်ပါတယ်လို့ ငါပြောဖူးလို့လား? "

မုရှောင်းရှောင် အတွက်တော် ယင်းရှောင်ကျဲ ပြောတာကို သဘောမတူရသည့် အကြောင်းပြချက်မှာ သူမ လုရိချန်ကိုLu Yichen ကိုကြိုက်သည့်အတွက်ပင် ....ဒါ့ကြောင့် သူမ  သူ့အတွက် တစ်ကိုယ်တော် ဘ၀လေးကို ထိန်းသိမ်းထားချင်သောကြောင့်
ယင်းရှောင်ကျဲပြောတာကိုမြန်မြန်ဆန်ဆန် ငြင်းပယ်လိုက်ခြင်းဖြစ်သည်။

"ကျွတ် ~"

မုရှောင်းရှောင် သူမအကြံကို ရိပ်မိသွားမှာစိုးရိမ်တာကြောင့်

"နင်က လေ အရမ်းနုံတာပဲ နင့်ဘေးမှာ ရည်းစားလုပ်ချင်တဲ့ လူတွေ ဒီလောက် ဝိုင်းနေတာကို နင်မလိုချင်ရင်တောင် နင် အဲဒီကောင်မလေးတွေကို နင့်နောက် မလိုက်ဖို့ အကုန်လုံးကို ဘယ်လိုလုပ် တွန်းထုတ်နိုင်မှာလဲ?  "

"မင်း တကယ် မလိုဘူးလား?" 

ယင်းရှောင်ကျဲ နောက်ဆုံးအနေနဲ့ ပြတ်ပြတ်သားသားထပ်မေးတယ်။

"ငါ မလိုဘူး။ " 

မုရှောင်းရှောင် ခေါင်းငြိမ့်လိုက်ပြီး ထိုအရာကို အလွန်အမင်း
စိတ်၀င်စားခြင်းမရှိ ကြောင်း သက်သေပြလိုက်သည်

ယင်းရှောင်ကျဲ ပြုံးလိုက်ပြီး သူ့မှာ သူ့ရည်းစားဖြစ်ချင်တဲ့ကောင်မလေးတွေအများကြီးရှိတယ်။  ဒါပေမယ့် သူမက
ဒါကို ဂရုဝောာင်မစိုက်ဘူး!အိုကေလေ

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Unde poveștirile trăiesc. Descoperă acum