အပိုင်း - ၂၄၁

827 62 0
                                    


Unicode

အပိုင်း -၂၄၁ ယင်းရှောင်ကျဲ၏လျှို့ဝှက်ချက် (၁)

သို့သော်လည်း ဟန်ချီချင် ဆက်မပြောဘဲ မနေနိုင်ခဲ့ပေ။ သူမအတွက်၊ အတင်းအဖျင်းပြောလို့ မရတာက သေတာထက် ပိုဆိုးတယ်လို့ ခံစားရလေသည်။။

ဒါ့ကြောင် သူမ မုရှောင်းရှောင်၏လက်မောင်းကို ဖက်ကာ နားနားကပ်ပြီး ဘေးမှ တိုးတိုးလေး

"အန်ကယ်ကုကို ငါ ဒီလို တွေ့တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူနဲ့ နောက်ဆုံးတွေ့တဲ့ အချိန်တုန်းက  တွဲတဲ့ တစ်ယောက်က နာမည်တော်တော်ကြီးတယ်  ။သူတို့ တော်တော်လဲ ရင်းနှီးပုံရတယ်။ အိုဟုတ်သား! ငါမှတ်မိပြီ ။အခု သူတွဲလာတဲါ မိန်းကလေးဟာ ရှင်းဟွာ  တက္ကသိုလ်ရဲ့ ကျောင်းအလှမယ် ဖြစ်မယ်ထင်တယ်။”

မုရှောင်းရှောင် အံ့သြသွားသည်။

"တက္ကသိုလ်တွေက ကျောင်းအလှမယ်တွေကိုတောင် တွဲတာလား"

ယင်းရှောင်ကျဲ သည် မုရှောင်းရှောင်ကို အတင်းအဖျင်းပြောသည့်ကြိတ် ဟန်ချီချင် နှင့် ခပ်ခွာခွာနေရန် သူ့ဆီသို့ ဆွဲခေါ်လိုက်သည်။

"ရေပူစမ်းကို မသွားချင်တော့ဘူးလား။ မြန်မြန် သွားကြရအောင်"

ဟန်ချီချင်သည် သူမ မုရှောင်းရှောင် နှင့် အတူတူ ရေပူစမ်းတွင် စိမ်ရမည်ဖြစ်သောကြောင့် သူမပုခုံးကို ပုခုံးတွန့်ကာ ဟိုရောက်မှ ဆက်ပြော‌မယ်ဟုတွေးရင်း  ဘာသိဘာသာနေလိုက်သည်။

မုရှောင်းရှောင်မှာတော့ ကြားလိုက်ရသည့် သတင်းအတွက် အတော်လေး အံ့သြနေမိသေးသည်။ ကုပင်းယွမ် ကိုကြည့်ဖို့ အကြိမ်အနည်းငယ် နောက်ပြန်လှည့်ကြည့်တော့ သူတို့အချင်းချင်း ချိုမြိန်တဲ့စကားတွေ တီးတိုးပြောနေတာကို သူမတွေ့လိုက်ရသည်။ သူတို့နှစ်ယောက်က ထူးခြားတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်သည်။

ယင်းရှောင်ကျဲသည် သူမ၏ မြင်ကွင်းကို သတိပြုမိပြီး သူမခေါင်းကိုလှည့်ရန် သူ့လက်ကိုဆန့်ကာ

“ကြည့်မနေနဲ့။ ကြည့်စရာ ဘာမှမရှိဘူး။”

မုရှောင်းရှောင်က သူ့ကိုကြည့်ရင်း ရယ်ကာ

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Donde viven las historias. Descúbrelo ahora