အပိုင်း - ၂၆၁

720 56 0
                                    

Unicode

အပိုင်း ၂၆၁ - သူမ၏ ရှက်ရွံ့သော အပြုအမူ

သူမကို ဇနီးမယားအဖြစ် ပြောလိုက်သည်ကို ကြားရသောအခါ မုရှောင်းရှောင်၏  ချက်ချင်းပဲ နားရွက်နီရဲသွားရသည်။

သူမ လှည့်ထွက်လိုက်၏သော်လည်း သူမ၏ခြေထောက်က ကော်ဖီစားပွဲကို ထိသွားပြီး ဒုန်းဆိုတဲ့ အသံက  အမှောင်ထဲတွင် ဆူညံသွားသည်။

“သတိလေး ဘာလေးထားဦး  ”

ယင်းရှောင်ကျဲ ၏ သဘောကျသော အသံသည် သူမနောက်မှ ထွက်ပေါ်လာသည်။ယင်းရှောင်ကျဲ  ဆိုဖာပေါ်မှ ထကာ သူမဆီသို့ လျှောက်လာကာ သူမကို သတိမထားမိခင် သူမခါးကို ကောက်ချီလိုက်သည်။

“အို! ယင်းရှောင်ကျဲ နင်ဘာလုပ်နေတာလဲ!"

မုရှောင်းရှောင် လန့်သွားသည်။

“မင်းက အရမ်း တုံးတယ်၊ မင်း တစ်ခုခု ထပ်တိုက်မိမှာကို ငါစိုးရိမ်လို့  မင်းလက်တွေကို ငါ့လည်ပင်းမှာ ပတ်ထား”

လို့ အမိန့်ပေးလိုက်သည်။ အိပ်ခန်းဆီသို့ လျှောက်လာရင်း ယင်းရှောင်ကျဲမုရှောင်းရှောင် လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

မုရှောင်းရှောင် အနည်းငယ်ရှက်သွားသော်လည်း သူမ ပြုတ်ကျမသွားစေရန် ယင်းရှောင်ကျဲလည်ပင်းကို  ညွှန်ကြားထားသည့်အတိုင်း လက်နှစ်ဖက်ကို ပတ်ထားသည်။

ယင်းရှောင်ကျဲ က သူမကို ငုံ့ကြည့်ကာ တစ်ခုခုကို မှတ်မိသွားရပုံပေါ်ပြီး ရယ်သည်။

မုရှောင်းရှောင် ကို ယင်းရှောင်ကျဲ ပွေ့ချီထားတာကြောင့် သူ့ရင်ဘတ်တုန်ခါလာမှုကို ခံစားနိုင်သည်။

သူမ ပဟေဌိဖြစ်ခဲ့သည်။

"နင် ဘာရယ်တာလဲ"

ယင်းရှောင်ကျဲ က

"ဒါက သတို့သမီးကို သတို့သားက အခန်းထဲကို ခေါ်သွားသလိုပဲ မဟုတ်လား"

ဒါကိုကြားလိုက်တာနဲ့ မုရှောင်းရှောင် ရဲ့ နှလုံးခုန်သံက ပိုမြန်လာတယ်။

သတို့သမီးကို  သတို့သားက အခန်းထဲ ကို ခေါ်သွားသည်...

"ဒီလို  X အဆင့်သတ်မှတ်ချက်ကျော်လွန်တဲ့ ညစ်ပတ်တဲ့ အတွေးတွေ ပြောကို ရပ်နိုင်မလား"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now