အပိုင်း - ၁၀၉

1.6K 135 1
                                    


Unicode

အပိုင်း - ၁၀၉ ယင်းရှောင်ကျဲ  ကူညီဦး

မုရှောင်းရှောင် သူမကိုယ်မှာ ရှိသမျှ အားအကုန်စုပြီး လျင်မြန်စွာကောင်မလေးကိုတွန်းဖယ်လိုက်ပြီး သူမအစွမ်းရှိသမျှနှင့် ရှေ့သို့ဆက်ပြေးလိုက်သည်။

ဒုတိယနှစ်ကျောင်းသားတွေရဲ့ အဆောင်နားကို ရောက်နေပြီ

"ယင်းရှောင်ကျဲ ! ယင်းရှောင်ကျဲ ! ကူညီဦး!"

သူမကိုယ်သူမ ကယ်တင်နိုင်တော့မည်ဟု သူမ တွေးလိုက်မိသည့်အခါ မုရှောင်းရှောင်၏မျက်လုံးများသည်တောက်ပလာသည်။

သူမ ပြေးလာတာ ဒုတိယနှစ်ကျောင်းသားတွေရဲ့စာသင်ဆောင်ဘက်ဦးတည်ပြီး  မတော်တဆ ပြေးခဲ့မိတာပင်

ယင်းရှောင်ကျဲ ဆိုတဲ့နာမည်ခေါ်သံကို အနောက်ကကောင်မလေးတွေကြားလိုက်ကြတဲ့အခါ သူတို့မျက်နှာတွေက ဒေါသကြောင့်နီရဲလာကြတယ်။

"ဒီမျောက်မက သခင်လေးကျဲရဲ့ သနားညှာတာမှုကို ရချင်လို့ အခွင့်အရေးရှာနေတုန်းဘဲ။ ဘယ်လောက်ရှက်စရာကောင်းလဲ၊
ငါတို့ ဒီကောင်မကို အလွှတ်မပေးနိုင်ဘူး။ မြန်မြန်ဖမ်းကြစမ်းပါ  "

သတင်းကြားပြီးနောက် Fan Club ဥက္ကဌပါဆိုတဲ့ ဟန်ရွှယ်အာလဲ ရောက်လာသည်။  သူမက မုရှောင်းရှောင်ကို မကြည့်ရက်နိုင်သောမျက်နှာထားဖြင့် ကြည့်ကာ အခြားသူများအားအမိန့်ပေးခဲ့ပြန်သည်။

အတန်းထဲမှာ‌ တော့ ယင်းရှောင်ကျဲက ရှေ့က စာသင်နေတဲ့ဆရာရဲ့ သင်ကြားပို့ချမှုကို လုံးဝလစ်လျှူရှုထားသည်။  သူက စားပွဲပေါ်ခြေထောက်တင်လိုက်ပြီး သူ့ဖုန်းကိုဂိမ်းကစားနေရင်း
သူ့ကုလားထိုင်ကိုကျောမှီထားကာ အသံတစ်ခုကြောင့် သူ့နားကနည်းနည်းလေးလှုပ်ရှားသွားသည်။

"ငါ့ကိုခေါ်တဲ့လူရှိလား? "

သူကမေးလိုက်သည် ။

သူ့နောက်မှာထိုင်နေတဲ့ ဝူဟောင်က ခဏလောက် နားထောင် ကြည့်လိုက်ပြီးနောက် သူက ယင်းရှာင်ကျဲအနားကို ကပ်လာပြီး

"မဟုတ်ဘူး မခေါ်ပါဘူး အကိုကျဲ ကျွန်တော် ဘာမှမကြားဘူး"

ယင်းရှောင်ကျဲ  မျက်မှောင်ကြုတ်လိုက်ကာ မူမမှန်တဲ့ စိတ်ခံစားချက်အချို့ကို ရုတ်တရက် ခံစားမိလိုက်သည်။ အဲဒီခံစားချက်ကြောင့်  အစောနက ဖိနှိပ်ခံရသော ဒေါသက တစ်ဖန်ပြန်လည်ကြီးထွားလာသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now