အပိုင်း -၂၆၀

1K 84 1
                                    

Unicode

အပိုင်း ၂၆၀ - သူမ၏ မုသားစကား

ရံဖန်ရံခါ မိုးခြိမ်းသံနှင့် မိုးစက်သံတို့က ပျော့ပျောင်းသော သီချင်းတစ်ပုဒ် ဖန်တီးနေသလို  သံစဉ်ရောယှက်နေသည်။

အမှန်တကယ်တော့ မုရှောင်းရှောင်က မိုးသံကို သဘောကျပြီး မိုးစက်တွေ တဖြောက်ဖြောက် ကျနေတဲ့ အသံက သူမကို တကယ်ကို အေးချမ်း ငြိမ်သက်သွားစေသည်။

သို့​သော်​ ယခု​တော့ သူမစိတ်ကို လုံးဝ မငြိမ်​သက်​စေ။

တင်းတင်းကြပ်ကြပ်ပိတ်နေသော တံခါးကို စိုက်ကြည့်ရင်း သူမမျက်လုံးထဲတွင် မကျေမနပ်ဖြစ်နေသည်။

ယင်းရှောင်ကျဲ သူမ ရေချိုးနေစဉ် အိပ်ခန်းထဲတွင် အိပ်ရန် တောင်းဆိုရင်း  အခန်းထဲသို့ အတင်း ၀င်လာမည် ဟု သူမ တွေးနေခဲ့သည်။

သို့သော် သူတကယ်မလုပ်ခဲ့တာက  အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိသည်။ဒါက  သာမာန်ထက် ထူးခြားနေသည် မဟုတ်ပါလား။

သူ၏ ပုံမှန်အနိုင်ကျင့်တတ်မှုနှင့် အရှက်မဲ့သော စရိုက်ဖြင့်၊ရွှေကဲ့သို့သော အခွင့်အရေးကို သူ မည်သို့ စွန့်လွှတ်နိုင်ခဲ့သနည်း။

သူမ ရေချိုးရန် အနည်းဆုံး ဆယ်မိနစ်ခန့် အချိန်ယူခဲ့ရသည်— သူ အခန်းထဲ ဝင်နေရန် ထိုအချိန်ကို လုံးဝ အသုံးပြုနိုင်သည် ။

သို့သော် သူမလုပ်ခဲ့...

ဒါက နဲနဲတော့ စိတ်ပျက်စရာကောင်းတယ်။

မုရှောင်းရှောင် သည် ပုံမှန်အတိုင်း မီးပိတ်လိုက်ပြီး အိပ်ရန်အတွက် စောင်များကို ဆွဲယူလိုက်သည်။

သို့သော် အိပ်စက်ခြင်းက သူမဆီကနေ ရှောင်ဖယ်နေသည်။

သူမ ရုတ်တရက် ထထိုင်လိုက်ပြီး မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ လှဲချလိုက်ပြီးရင်း အိပ်ယာပေါ် လှဲချလိုက်သည်။  ဖုန်းကို ကောက်ကိုင်ကြည့်လိုက်တော့ ညသန်းခေါင်ကျော်နေပြီ။

အပြင်ဘက်တွင် မိုးက အဆက်မပြတ် ရွာချနေပြီး မှောင်နေသော ကောင်းကင်တခွင်တွင် လျှပ်စီးများက ဆက်တိုက် လက်နေသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now