အပိုင်း - ၁၁၀

1.7K 178 8
                                    


Unicode

အပိုင်း - ၁၁၀ ကျဲ နင်မလာသေးဘူးဆိုရင် ငါ သေတော့မယ်

မုရှောင်းရှောင်က ဆင်းရဲ့တဲ့ သာမာန် ကျောင်းသူသစ် တစ်ယောက်ဖြစ်သောကြောင့် သူမကိုထိခိုက်နစ်နာ အောင်လုပ်လဲ သူမတို့ကို ပြန်မတွန်းလှန်နိုင်တာကြောင့် စ
သူတို့စိတ်မပူကြပေ။

အဲဒါက သူတို့တွေ တွေးထားခဲ့တဲ့ အတွေးပင်ဘ

မုရှောင်းရှောင် အခုလို သနားစရာကောင်းအောင် လဲကျနေတဲ့ အချိန်မှာတောင် သူမကို တစ်ယောက်မှ စာနာသနားခြင်း မရှိခဲ့ပေ။  အဲဒီအစား သူတို့က ဒီ့ထက် ပိုဆိုးအောင် လုပ်ချင်ခဲ့သည်။

"အစ်မ ရွှယ်အာ  ငါတို့အခုဘာလုပ်ရမလဲ ? "

တစ်စုံတစ်ယောက်က ဟန်ရွှယ်အာကိုစိုးရိမ်တကြီးမေးလိုက်တယ်။  သူတို့ လူတွေရဲ့ အာရုံစိုက်မှုကိုမခံရအောင် မုရှောင်းရှောင်ကို ဒီနေရာကနေ အမြန်ခေါ်သွားမှ ရမယ်။

ဟန်ရွှယ်အာ မုရှောင်းရှောင်ကို အေးစက်သောအကြည့်နဲ့ စူးစိုက်ကြည့်နေကာရုတ်တရက်သူမက

"သူ့အ၀တ်တွေကို ချွတ်လိုက်ကြ"

ဟုအမိန့်ပေးလိုက်သည်။

အခြားသူများလည်းအံ့အားသင့်သွားကြသည်။

"မကြားဘူးလား။ သူမကို ဒီကျောင်းက‌နေ ထွက်သွား စေချင်ရင်သူ့အ၀တ်တွေကိုမြန်မြန်ချွတ်ပစ်လိုက် " 

ဟန်ရွှယ်အာ အော်လိုက်သည်။

အဲတော့မှ  အခြားသူများကလဲ အတွေးပေါက်သွားကြကာ လျင်မြန်စွာတုံ့ပြန်ကြသည်။  သူတို့က မုရှောင်းရှောင်ရဲ့ အ၀တ်တွေကို ဆွဲပြီး ချွတ်ကြတော့သည် ။

မုရှောင်းရှောင် ဟန်ရွှယ်အာရဲ့ စကားကြောင့် အလွန်ကြောက်ရွံ့ထိတ်လန့်သွားသည်။

"ငါ့ကိုမထိနဲ့၊ ထွက်သွားကြ။ ယင်းရှောင်ကျဲ  ကူညီပါဦး "

မုရှောင်းရှောင်ဆီကနေ ယင်းရှောင်ကျဲ နာမည် ထပ်ထွက်လာကြောင့် ထပ်မံကန်ထုတ်ခြင်းကိုခံရပြန်သည် ။ ယခုတစ်ကြိမ်တွင်အကန်ခံအစာအိမ်ဖြစ်နေသည်။  သူမနာကျင်မှုကြောင့် ခွေခေါက်သွားကာ ဗိုက်ကိုဆုပ်လိုက်မိသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now