အပိုင်း - ၁၄၃

1.4K 112 2
                                    

Unicode

အပိုင်း - ၁၄၃ မြန်မြန်သွားတွေ့လေ


"အိုး..."

ဟန်ချီချင်  မုရှောင်းရှောင်ကိုလျှို့ဝှက်‌ ပေးထားပါ့မည်ဟု ကတိပေးခဲ့မိတာကို ရုတ်တရက် သတိရသွားသော်လည်း သူမ တကယ် မတော်တဆ လွတ်ခနဲ နှုတ်ကနေ ထွက်သွားပြီဘဲ ဖြစ်သည် ။ ဒါကြောင့် စကားကျွံရင် နှုတ်မရဆိုတဲ့ စကားပေါ်တာတာ ဖြစ်နိုင်သည်။  သူမကိုယ်သူမ  ပါးစပ်ကို လက်နဲ့ ဖွဖွလေး  ရိုက်ပုတ်လိုက်မိသည် ။

သူမရဲ့ အမှားကို ဖုံးကွယ်ဖို့ ရယ်မောပြီး

"ဘာပဲဖြစ်ဖြစ် မုရှောင်းရှောင် နဲ့ လုရိချန် တို့ကြားမှာ ဘာမှ ဖြစ်မလာပါဘူး။ ရှောင်းရှောင်က လုရိချန် ကို သူငယ်ချင်းအဖြစ်သာ မြင်ပြီး သူ့အတွက် အချစ်ရေး ခံစားချက်တွေ မရှိဘူးလို့ သူမကိုယ်တိုင် ပြောပြခဲ့ပါတာ"

ဒါကိုကြားတော့ ယင်းရှောင်ကျဲ  ရဲ့ မုန်တိုင်းထန်သလိုမျိုး
အေးစက်တဲ့အမူအရာတွေက လေပြေညှင်းလို ငြိမ်သက်သွားသည်။

"တကယ်လား?"

ဟန်ချီချင် က အားတက်သရော ခေါင်းညိတ်ပြမိသည်။

"ဟုတ်ပါတယ်ဆို ငါက နင့်ကိုဘာလို့လိမ်ရမှာလဲ? ရှောင်းရှောင်က ငါ့ကို အမှန်အတိုင်းပြောတာ လုရိချန်ကို ငါ့က ကြိုက်လို့ လိုက်နေတာကိုလည်း သူမသဘောတူတယ်။ လုရိချန် အပေါ်ခံစားချက်ရှိရင် သူမလိုက်လို့ ငါ့ကို ပြောမှာလား? “

ယင်းရှောင်ကျဲ  ဒီတစ်ခါတော့  သူမစကားကို ယုံပုံရသည်။
သူ၏ အေးခဲ‌နေသောအမူအရာသည် ပူနွေးလာပြီး ခဏကြာဝောာ့ ခါတိုင်းလို သူ့ရဲ့ ရက်စက်ကြမ်းကြုတ်သော အမူအရာဆီသို့ ပြန်‌ရောက်သွားခဲ့သည်။

"အဲဒီနေ့က လုရိချန်နဲ့ ဘာလို့ တွေ့ခဲ့တာလဲ?"

သူ့နောက်ကွယ်မှာ လုရိချန်ကိုတွေ့ရုံတင်မကဘဲ ပြန်လာပြီးတဲ့ နောက်မှာလည်း လိမ်ညာခဲ့သည်။

အဲဒါကို တွေးရင်းနဲ့ သူ့ဒေါသတွေ တိုးလာရသည်။

ဟန်ချီချင်ပခုံးလေးတွန့်လိုက်ကာ

"မသိဘူး၊ သူတို့က စကားစမြည်ပြောနေပုံရပြီး ဘာမှလုပ်မ‌ေနပါဘူး"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Nơi câu chuyện tồn tại. Hãy khám phá bây giờ