အပိုင်း - ၂၁၇

916 66 0
                                    

Unicode

အပိုင်း - ၂၁၇ မိန်းမတွေ ရဲ့ မလိုမုန်းထားစိတ်က ကြောက်စရာကောင်းလွန်းတယ်

ဗီဒီယို၏ နောက်ခံသည် ဆေးရုံရှိ လူနာတစ်ဦးခန်းကို ပြသထားသည်။လူနာနဲ့ လူတစ်ယောက်က  နှစ်ယောက်သား မျက်နှာချင်းဆိုင် စကားပြောနေကြသည်။ ကုတင်​​ရှေ့တွင်​ရပ်​​နေ​ကာ  မျက်​နှာ​ကို ဖုံးအုပ်​ထားသည့်​ အနက်​​ရောင်​ Mask ဝတ်​ထား​သော အမျိုးသားတစ်ယောက် ရပ်နေသည်။

ဗီဒီယိုထဲမှာ မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားနဲ့ စကားပြောနေတဲ့ ကုတင်ပေါ်က လူက  စိတ်ထဲ မှာ ဒီလူက  ပိုင်မိန်ကျောင်း

ဗီဒီယိုအရည်အသွေးသည် ကြည်လင်ပြတ်သားပြီး ခြစ်ရာအစင်းရာများစွာမရှိတာကြောင့် သူမ၏မျက်နှာနီမြန်းမှုကို အလွယ်တကူ  တွေ့နိုင်သည်။ ထို့ကြောင့် ဤဗီဒီယိုကို မကြာသေးမီက ရိုက်ယူခဲ့သည်မှာ သေချာပါသည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်တစ်နာရီက ပိုင်မိန်ကျောင်း သည် သူမကိုယ်သူမ ယားယံသောအမှုန့်ကို ထိစေပြီး ဆေးရုံသို့ အလျင်အမြန်သွားသောကြောင့်ဖြစ်သည်။

ဗီဒီယိုက သိပ်မရှည်။ လျှို့ဝှက်စွာ ရိုက်ကူးထားသောကြောင့် အသံမရှိသဖြင့် စကားပြောဆိုမှုများကို မကြားရပေ။

မုရှောင်းရှောင် အံ့သြသွားရကာ

"ဒါဆို ဒါ သူမပဲ..."

လို့ တိုးတိုးလေး  ရေရွတ်လိုက်မိသည်။

ဗီဒီယိုကြည့်ပြီး စုန့်ရှီကျွင်းက မေးစေ့ကို ပွတ်ရင်း

"ဒါက ဆိုင်ကယ်စီးတဲ့သူလား?"

ယင်းရှောင်ကျဲ သူ့ဖုန်းထဲက ဓာတ်ပုံမပြခင် စုန့်ရှီကျွင်း ခေါင်းကို တစ်ချက်ရိုက်လိုက်သည်။

" လျှို့ဝှက်အေးဂျင့်တွေက ဒီလိုကိစ္စတွေကို စေ့စေ့စပ်စပ် စုံစမ်းနိုင်ပါတယ်။ သူနဲ့တူသလားဆိုတာ မင်းကိုယ်တိုင် ကြည့် ရော့ "

ဓာတ်ပုံသည် ပုံနှစ်ပုံပင်။  ၎င်းတို့ထဲမှ တစ်ခုမှာ ကျောင်း၏ လုံခြုံရေး ကင်မရာက ဓာတ်ပုံဖြစ်ပြီး အခြားတစ်ခုမှာ  ဗီဒီယိုတွင် ပါရှိသည့် အမျိုးသားဖြစ်သည်။ စခရင်ရှော့ပုံက သိပ်မရှင်းပေမယ့် ဓာတ်ပုံထဲကလူတွေက အတူတူပဲဆိုတာ သိသာသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Wo Geschichten leben. Entdecke jetzt