အပိုင်း - ၁၀၂

2.1K 162 1
                                    

Unicode

အပိုင်း - ၁၀၂ ယင်းရှောင်ကျဲကို ရူးသွပ်နေကြ

မုရှောင်းရှောင် ရယ်ရယ်မောမောနဲ့ပဲ

“ နင်တို့ စိတ်ကူးယဥ်တာ ဘောင်ကျော်သွားပြီ လို့ ငါထင်တယ် "

သူမ  ပြောပြီးမှ အနည်းငယ်မိုက်မဲသွားပြီဟုခံစားခဲ့ရသည်။ 

သူမကသာ တကယ်ပဲ သတင်းတွေ ဖြန့်ခဲ့မယ်ဆိုရင် ယင်းရှောင်းကျဲရဲ့ မကောင်းသတင်းကိုပဲ လွှင့်မှာပေါ့ ဘာလို့ သူကောင်းစားသွားအောင်လုပ်ပေးရမှာလဲ ?? စဉ်းစားလေ  ပြီးတော့ ဒီကောင်မလေးတွေသာ သူမနဲ့ ယင်းရှောင်ကျဲ ပတ်သတ် ဆက်နွယ်မှုကို သိလိုက်ရရင် ရူးတောင်သွားဦးမယ်

ထူးဆန်းတာက သူမ တွေးလိုက်မိချင်းချင်းပဲ သူမကျောရိုး တွေ အေးစက်သွားသလိုခံစားလိုက်ရပြီး တုန်လှုပ်ချောက်ချားမှုကိုပါ ခံစားရသည်

မိန်းကလေးသုံးဦး ဆီကနေ လူသတ်မီးလျှံများ လောင်ကျွမ်းနေသလို လေထု၏အေးစက်မှုသည်လဲ သိသိသာသာပြင်းထန်လာသည်။

အဲဒီအချိန်တွင် ဟန်ရွှယ်အာရဲ့ လက်ထဲမှဖုန်းက အသံ မြည်လာသည်။  ကောင်မလေးတွေ တစ်ယောက်ကိုတစ်ယောက် ဘယ်သူလဲဆိုတဲ့  သဘောနဲ့ ကြည့်မိလိုက်သည်

မုရှောင်းရှောင်  ဖုန်းမြည်သံ ကြားလိုက်ရတဲ့အခါ မုန်တိုင်းတစ်ခုရဲ့ရှေ့ပြေးလို ခံစားခဲ့ရသည်။သူမဒုက္ခရောက်နေတဲ့   ဒီအချိန်ကြီး ဘယ်သူကဖုန်းဆက်လာတာလဲ? ။  လုရိချန်ကော ဖြစ်နိုင်လား? ။  တကယ်လို့ လုရိချန် သာဖြစ်ခဲ့ရင် အဆင်ပြေနိုင်သေးတယ်၊ ဒါပေမယ့် ...

ဟန်ရွှယ်အာ ဖုန်းဆက်လာသူရဲ့ အမည်ကိုမြင်ပြီး ခဏမျှအံ့သြသွားသည်။  ထို့နောက် သူမက

"ဒါက သခင်လေးကျဲ လား၊ ဘယ်လိုဖြစ်နိုင်မှာလဲ"

မိန်းကလေးနှစ်ယောက်လည်းထိတ်လန့်သွားပြီးမယုံနိုင် ဖြစ်နေသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်လဲ၊ ဒီ မိန်းမက သခင်လေးကျဲရဲ့ ဖုန်းနံပါတ်က်ို ဘယ်လိုလုပ်ရနိုင်မှာလဲ?  "

သူတို့က လုပ်ဖို့လိုတာက တကယ်ပဲသူဟုတ်မဟုတ် သိရဖို့
ဖုန်းဆက်တာကို ဖြေဖို့ပဲပင်

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now