အပိုင်း -၂၈၉

613 45 4
                                    

Unicode
အပိုင်း ၂၈၉ - ဒါက သူမလိုချင်တဲ့အရာမဟုတ်ပါဘူး။


မုရှောင်းရှောင်သည် ဟန်ချီချင်၏ လုပ်ရပ်ကြောင့် ထိတ်လန့်သွားသည်။ "

ချီချင် မင်းဘာလုပ်နေတာလဲ"

သူမ နားမလည်နိုင်စွာ  မေးလိုက်မိသည်။

ယင်းရှောင်ကျဲ လိုက်လာမှာကို ကြောက်လို့ မုရှောင်းရှောင် ကို
ပြန်ပြုံးပြပြီး ဟန်ချီချင်က ဖုန်းကိုပါ ပိတ်ပစ်လိုက်သည်။

"နင် သူ့ကို အပြစ်ပေးရမယ်။ နင် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သူနားလည်အောင် ဒီနည်းလမ်းနဲ့ စိတ်ပူပါစေ။"

“ဒါပေမယ့်…”

မုရှောင်းရှောင် အနည်းငယ် စိုးရိမ်သွားသည်။ သူမအော်သံကိုကြားပြီးနောက်တွင် သူမည်ကဲ့သို့ခံစားရမည်ကို သူမ တွေးလိုက်မိသည်။ ထို့အပြင် သူမနှင့် အဆက်အသွယ်မရပါက  သူ  အလွန်စိုးရိမ်နေမည် မဟုတ်ဘူးလား။

ဟန်ချီချင် က

"ဒါပေမယ့် ဘာလဲ။ ရှောင်းရှောင် နင်က ပျော့ညံ့လွန်းတယ်။ နင်  အခုမလှုပ်ရှားဘူးဆိုရင် ယင်းရှောင်ကျဲ ကို တခြားမိန်းမက လုယူသွားလိမ့်မယ်!"

ဒါကိုကြားတော့ မုရှောင်းရှောင် မှင်သေသေနဲ့

“သူက သူများတကာ  လွယ်လွယ်နဲ့ လုယူသွားနိုင်တဲ့သူတစ်ယောက်ဆိုရင်… ငါ သူ့ကို မလိုချင်တော့ဘူး။

လက်တွဲဖော်ကို တစ်ချိန်လုံး ပူပန်နေရမယ့် ဆက်ဆံရေးမျိုးဆို   ပင်ပန်းရမှာ မဟုတ်ဘူးလား။

မုရှောင်းရှောင် ရုတ်​တရက်​ အနည်းငယ်​ စိတ်ပင်​ပန်းသွားသည်​။
ဒါက သူမလိုချင်တဲ့ ဆက်ဆံရေးမျိုး မဟုတ်ဘူး။

မုရှောင်းရှောင်သည်  သူမအတွက်  ပေးမယ့် တစ်ခုတည်းသော ချစ်ခြင်းမေတ္တာမျိုးကိုသာ လိုချင်သည်။

ယင်းရှောင်ကျဲ က သူ့ကို ဒီလောက်အချစ်မပေးနိုင်ရင်...
သူ့ကို မလိုချင်တော့ဘူး!

ဟန်ချီချင်  မုရှောင်းရှောင် ဘက်သို့ မလှည့်ခင် သူမတို့ ခြေထောက်အား  ဆေးကြောရန် အနှိပ်သမများကို အချက်ပြပြီး

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now