အပိုင်း - ၁၅၁

1.2K 102 1
                                    

Unicode
အပိုင်း - ၁၅၁ ငါ လုရိချန်ကို သဘောကျတယ်


“ငါ…”

မုရှောင်းရှောင်  ရုတ်တရက် အေးခဲသွားပြီး ရှက်ကိုးရှက်ကန်းနဲ့

“မသိချင်ဘူး…”

“မသိချင်ဘူး? ဘာလို့ မသိချင်ရတာလဲ”

ယင်းရှောင်ကျဲ  က မုရှောင်းရှောင်ကို  စစ်ဆေးမေးမြန်းလိုပ်သည်။ သူ့မျက်ခုံးတွေ တွန့်သွားရကာ အဖြေကို  မကျေနပ် ဖြစ်နေပုံရသည်။

"ဒါကိုပဲဆိုလိုချင်​တာ ငါမသိချင်ဘူး!"

မုရှောင်းရှောင်  က သူ့ကို စိုက်ကြည့်နေပြီး စိတ်အတွင်းပိုင်းမှာတော့ ကွဲလွဲနေသလို ခံစားရသည်။ တစ်ဖက်တွင် သူမသည် ယင်း ရှောင်ကျဲကို ပိုသိလိုသော်လည်း တစ်ဖက်တွင်မူ သူမ ၀န်မခံနိုင်ခဲ့ပေ။ သူမကိုယ်သူမလဲ ထူးဆန်းတဲ့ စိတ်ခံစားမှုကြောင့် စိတ်ရှုပ်သွားရသည်။ ယင်းရှောင်ကျဲ အကြောင်း ပိုသိချင်သော်လည်း ရှင်းပြ၍မရသော စိတ်မသက်မသာဖြစ်မှုကို ခံစား နေရသည်။ သူနဲ့ ပိုရင်းနှီးရင် သူမတို့ရဲ့ဆက်ဆံရေးက ပြောင်းလဲသွားမှာလား? သူမ ဘာမှ မပြောင်းလဲချင်ခဲ့။ သူမသည် ယခု ယင်းရှောင်ကျဲနဲ့ ပတ်သတ်နေမှုကိုပဲ နှစ်သက်သည်-ယခု အခြေအနေက  တကယ်ကို ပေါ့ပေါ့ပါးပါးနှင့် သက်တောင့်သက်သာရှိသည်။

"မင်းတကယ်ပဲ..." ယင်းရှောင်ကျဲ  က သူမကို စိတ်ဆိုးပြီး သူ့ခေါင်းကို လက်နဲ့ခေါက်ချင်ပေမယ့် သူ့ဒဏ်ရာကို သတိရတော့ သူက ပါးပြင်ကို ဆွဲဖဲ့လိုက်တယ်။

မုရှောင်းရှောင်  သည် သူမ၏ နက်မှောင်သော မျက်လုံးကြီးများကို မှိတ်ထားပြီး သူမ၏ ပါးပြင်များကို ယင်းရှောင်ကျဲ တင်းတင်းဆွဲတာကို မကန့်ကွက်ဘဲ

" ယင်းရှောင်ကျဲ  ၊ နောက်ဆုံးတော့ ငါ့ကို စိတ်မဆိုးတော့ဘူး " လို့ မေးဖို့ အခွင့်အရေးယူလိုက်တယ်။

"အဲ့လိုပြောဖူးလား?"

ယင်းရှောင်ကျဲ က တုံဆိုင်းခြင်ူမရှိပြန်ဖြေသည်။

မုရှောင်းရှောင် က မပျော်မရွှင်နဲ့ နှုတ်ခမ်းကို ဆူလိုက်ရင်း

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now