အပိုင်း - ၁၇၁

1K 85 0
                                    

Unicode

အပိုင်း - ၁၇၁  သူကိုယ်တိုင်  ပြောခဲ့တာ


မုရှောင်းရှောင် အချိန်အတော်ကြာတဲ့အတထိ  ဆွံအကာ လန့်နေမိသည်။

"ဒါဆို...အမှန်လား?"

သူမ၏အမူအရာမှာ မယုံကြည်နိုင်စရာတစ်ခုကို ကြားလိုက်ရသလိုမျိုး ဖြစ်နေသေးသည်။

ယင်းရှောင်ကျဲက မိန်းကလေးများစွာနှင့် ချိန်းတွေ့ဖူးသည်။ သူဘယ်​လိုလုပ် တစ်ခါမှ မနမ်းဖူးရတာလဲ?

သူမသည် မနေ့ က အဖြစ်အပျက်များကို ရုတ်တရက် သတိရသွားပြီး သူမကို ယင်းရှောင်ကျဲ ရူးသွပ်စွာ နမ်းလိုက်ပုံကို ထူးထူးခြားခြား သတိရမိသွားသည်။

ဒါကို တွေးနေရင်းနဲ့ သူမ မျက်နှာက စတော်ဘယ်ရီထက်ကို ပိုပြီး နီရဲရဲဖြစ်လာရသည်။

mysophobia ရှိသူသည် မနေ့ က ရုတ်တရက် ရူးကြောင်ကြောင်ဖြစ်သွားပြီး သူမကို အတင်းအကြပ်နမ်းရန် ဘာလို့ တအားလုပ်ရတာလဲ ?

မုရှောင်းရှောင်ကို မနေ့က အတင်းအကြပ် နမ်းခဲ့သော ယင်းရှောင်ကျဲသည်  ရှောင်ချင်  ပြောပြခဲ့သည့် ယင်းရှောင်ကျဲနှင့် လုံးဝခြားနားသော လူတစ်ယောက်ဖြစ်သည်။

ဤ ဖြစ်ရပ်က အမှန် မဟုတ်ကြောင်း  မုရှောင်းရှောင် သံသယဝင်မိနေသေးသည်။

မုရှောင်းရှောင် ဟန်ချီချင်ရဲ့ စကား ကို သဘောမတူဘဲ

"နင်တို့အားလုံး သူ့ လှည့်စားတာ ခံခဲ့ရတာဖြစ်မယ် ၊ သူက ဒီလိုမျိုး ပြောရုံနဲ့ သူပြောတာက အမှန်ဆိုပြီး ဘယ်လို သိနိုင်မှာတဲ့လဲ"

ဒီလိုမျိုး အကြောင်းအရာက  ယောက်ျားတစ်ယောက်အတွက် အရမ်းရှက်စရာကောင်းတာ မဟုတ်ဘူးလား။

မာနကြီးတဲ့ သခင်လေး ယင်းရှောင်ကျဲက ဒါကို ဘယ်လိုလုပ်ပြောထွက်မှာလဲ။

ဟန်ချီချင်က သူမကို လက်ညှိုး လေးကို ယမ်းလိုက်
ပြပြီး

"သူ ငါတို့ကို လိမ်လို့မရဘူး။ ရှီကျွင်း နဲ့ ကျန်တဲ့သူတွေက သူ့ကို မူးအောင်လုပ်ခဲ့တာ  ? သူတို့အားလုံး တကယ်မူးသွားတဲ့အထိ သောက်ကြတာ။ ပြီးတော့ ယောက်ျားလေးတွေက ဒီလိုအကြောင်းတွေကို ဘာလို့ပြန်ပြောကြလဲ နင်သိလား။ ယင်းရှောင်ကျဲ ပြောတာကို ကြားလိုက်တာနဲ့... ဟီးဟီး!"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now