အပိုင်း -၂၃၅

840 60 0
                                    

Unicode

အပိုင်း -၂၃၅  တစ်ဖက်ခြမ်းမှာ နိုးလာခြင်း။

ယင်းရှောင်ကျဲ မုရှောင်းရှောင်ရဲ့ နားရွက် တဖြည်းဖြည်း နီမြန်းလာတဲ့ ဖြစ်စဉ်တစ်ခုလုံးကို လေ့လာလိုက်သည်။

ကြည့်ရတာ မှော်ဆန်သသည်။

ယင်းရှောင်ကျဲထိန်းမနိုင်သိမ်းမရ ပြုံးလိုက်ပြီး သူ့မျက်လုံးများက ရွှင်မြူးမှုအပြည့်ဖြစ်နေသည်။

"ယင်းရှောင်ကျဲ နင် လွှတ်လို့ရပြီလား"

မုရှောင်းရှောင် က ရှက်ရွံ့စွာပြောလာပေမယ့်
ယင်းရှောင်ကျဲက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာ

“မလွှတ်ဘူး”

ထို့အပြင် ရှေ့သို့ ငုံ့ကာ မုရှောင်းရှောင်၏ နားရွက်ကို ဟူးခ
နဲ လေဖြင့် မှုတ်လိုက်သည်။ မုရှောင်းရှောင် ထိလွယ်ရှလွယ်ဖြစ်သွားသဖြင့်  အော်ဟစ်လိုက်ပြီး လျှပ်စစ်ကြောင့် တုန်သွားသလိုမျိုး တုန်တက်သွားသည်။

"ယင်းရှောင်ကျဲ!"

မုရှောင်းရှောင်က လေးနက်စွာ  အော်ဟစ်သတိပေးလိုက်သည်။

"မင်းရဲ့ခင်ပွန်းက ဒီမှာလေ~"

နတ်ဆိုးက မုရှောင်းရှောင် နားရွက်နောက်ဘက်တွင် နှုတ်ခမ်းကို ဖိကိုက်ကာ  ဆွဲဆောင်မှုရှိရှိ ပြောလိုက်သည်။

ရုတ်တရက် မုရှောင်းရှောင်၏ တံတောင်ဆစ်သည် နောက်သို့ ထွက်လာခဲ့သည်။ စောစောက သူမ အနားယူနေရာကနေ ခွန်အားတွေ ပြန်ရလာတာပင်။

မုရှောင်းရှောင် ၏တံတောင်သည် ယင်းရှောင်ကျဲရင်ဘတ်ကို ထိမှန်ပြီး ချောင်းဆိုးနေတဲ့ ယင်းရှောင်ကျဲလက်မှ လွှတ်လာသည်။

မုရှောင်းရှောင် အမြန် မတ်တပ်ရပ်ကာ ခါးကြီးထောက်ပြီး မျက်နှာတစ်ခုလုံး နီရဲနေကာ မည်းမှောင်နေသော မျက်လုံးကြီးများဖြင့် ယင်းရှောင်ကျဲကို

"ယင်းရှောင်ကျဲ နင် အရူးပဲ! ဘာလို့ ငါ့ကို ကစားဖို့ ကြိုးစားနေရတာလဲ!"

ယင်းရှောင်ကျဲ တဟားဟား ရယ်ပြီး

"ငါ မင်းကို ဘယ်တုန်းက ကစားလို့လဲ။ ငါ့မိန်းမကို ပွေ့ဖက်တာက ရာဇ၀တ်မှုလား။"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Onde histórias criam vida. Descubra agora