အပိုင်း - ၁၁၂

1.7K 184 10
                                    

Unicode

အပိုင်း - ၁၁၂

 

ယင်းရှောင်ကျဲ အသက်ပြင်းပြင်းရှုရင်း သူ့ကိုယ်သူ ကျိန်ဆဲ
သံပေးမိသည်  သူရဲ့ ရှည်လျားသောသောလက်တွေကိုဆန့်ထုတ်ရင်း မုရှောင်းရှောင်အား သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။  ပြီးမှ ဒေါသထွက် နေတဲ့ အသံနဲ့ သူမနား နားကိုကပ်ပြီး

“ ကောင်မစုတ်လေး !"

  သူမမျက်ရည်များကိုမြင်လိုက်ရသည်နှင့် သူစောစောက စိတ်တိုပြီး အော်ဟစ် ပြောဆိုမိသမျှအတွက်နောင်တရနေပြီ ဖြစ်သည်

သူမနှုတ်ဖျားကနေ သူမတို့နှစ်ယောက်ကြားဘာမျှမရှိကြောင်းအခြားသူများအား ပြောပြတာကိုကြားလိုက်ရတဲ့အခါ သူရူးမတတ်ဖြစ်သွားသည် ။  အစကတော့ သူမကို ကိုယ့် ဖော်တဲ့ဆေးကိုယ်ပြန်သောက်ခိုင်းမလို့ပင်

ဒါပေမယ့် ရုတ်တရက်ကြီး မျက်ရည်တွေကျကာ ထငိုမယ် လို့ ဘယ်သူက ကြိုသိမှာလဲ  သူမရဲ့ အပြုအမူကြောင့် သူကပဲ စိတ်ရှုပ်ထွေးရပြန်သည် ။

မုရှောင်းရှောင် သူမခေါင်းကို ယင်းရှောင်ကျဲ ရင်ခွင်ထဲမှာ ဝှက်ထားရင်း  ရှိုက်ငိုနေကာ

"ကျဲ  ... ငါမှားတာပါ။ နောက်ဆို ငါ ဒါတွေ မပြော တော့ဘူ
နော် အဟင့် အဟင့် စိတ်မဆိုးပါနဲ့ ငါတောင်းပန်ပါတယ် "

  "ကောင်းပြီ၊ ငါစိတ်မဆိုး တော့ဘူး။ ငါဒီတစ်‌ ခေါက်တော့ ခွင့်လွှတ်ပေးလိုက်မယ်၊ ကောင်းပြီလား မငိုနဲ့"

ယင်းရှောင်ကျဲ စိတ် ဆက်မဆိုးနိုင်ဘံ ညင်သာစွာ သူမခေါင်းလေးကို ပုတ်ရင်း ပြောလိုက်သည် ။ သူရဲ့ ကြီးမားကျယ်ပြန့် တဲ့ လက်ဖဝါးနဲ့ ခေါင်း လေးကို ဖွဖွလေးဆုပ်ကိုင်ပြီး သူမစိတ်ကို ငြိမ်သွားအောင် လုပ်ပေးနေမိသည် ။

  ယင်းရှောင်ကျဲ စကားကြောင့် မုရှောငါးရှောင်  နှာခေါင်းရှုံ့လိုက်ကာ သူမမျက်ရည်များကို ပွတ်ဆွဲကာ သုတ်ပစ်လိုက်သည်။

ဒီအချိန်မှာ လူအများကြီးက အဆောင်ရှေ့မှာ ကော အပေါ်ထပ်မှာပါ ရောက်နေကြပြီဖြစါသည် ။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Opowieści tętniące życiem. Odkryj je teraz