အပိုင်း -၂၂၆

842 61 0
                                    

Unicode

အပိုင်း- ၂၂၆: ကိုယ် စာမေးပွဲဖြေဖို့လိုအပ်တယ်


"ထိန်းမနိုင်သိမ်းမရ ဟုတ်လား"

ယင်းရှောင်ကျဲ  သူမစကားကို သဘောမတူကြောင်း သူမကို သူ့ရင်ခွင်ထဲကို ပိုနီးကပ်အောင် ဆွဲသွင်းပြီး အခွင့်အရေးယူဖို့ကြိုးစားလိုက်သည်။

သို့သော် မုရှောင်းရှောင် ယင်းရှောင်ကျဲ နီးကပ်လာသည်ကို ခံစားမိပြီး လွတ်မြောက်ရန် အမြန်ကြိုးစားလိုက်သည်။ စောစောက ကြေငြာချက်ကြောင့် ကျောင်းသားအားလုံး ထိတ်လန့် နေကြကာ ဒီနေရာမှာ သူတို့ နှစ်ယောက် ရှိနေမှန်း သိလိုက်တော့ သူတို့ကို အာရုံစိုက်လာ သည် ။ယင်းရှောင်ကျဲ က မောက်မာစွာ ရယ်မောပြီး

"ဘာဖြစ်လဲ၊ ထိန်းမနိုင်သိမ်းမရ ဖြစ်တော့ ၊  ဘဝက တိုတောင်းတယ်။ ငါလုပ်ချင်တာ လုပ်နိုင်တယ်၊ ဘာလို့ ငါ့ကိုယ်ငါ ထိန်းထားရမှာလဲ၊ ငါလုပ်ချင်တာကို လုပ်မယ်။ ဒါ မင်းနဲ့ မဆက်ဆိုင်တဲ့ အကြောင်းအရာပဲလေ !"

ယင်းရှောင်ကျဲ ယုံကြည်ချက်များစွာဖြင့် ပြောဆိုနေသဖြင့်  အမြင်ကတ်ကာ နောက်တွင်  စကားမပြောဘဲ ချန်ရစ်ထားခဲ့လိုက်သည်။


ထိုအခိုက်အတန့်မှာ ဘေးနားမှလူများက ရုတ်တရက်

"ဟဲ့  -အဲဒါ တတိယနှစ် အကြီးတန်းက လုရိချန် မဟုတ်ဘူးလား။ ဒဏ်ရာရပြီး ဆေးရုံတင်ထားတာ မဟုတ်ဘူးလား၊ သူက ဘာလို့ ကျောင်းပြန်ရောက်နေတာလဲ"

လုရိချန် ?

မုရှောင်းရှောင် သည် မိန်းကလေး ညွှန်ပြနေသည့် အတိုင်း အံ့အားသင့်စွာဖြင့် ခေါင်းကို လှည့်ကြည့်လိုက်မိသည်။ အမှန်ပင် ကျောင်းတံခါးထဲဝင်လာသည့်  လုရိချန်ကို သူမတွေ့လိုက်ရသည်။


ယင်းရှောင်ကျဲ လည်း လုရိချန်ကို မြင်ပြီး မျက်ခုံး တစ်ချက်ပင့်လိုက်သည်။

"ဒီကောင် ဘာဖြစ်နေတာလဲ"

"ငါသွားမေးလိုက်မယ်။ မင်းဒီမှာနေ ငါ့ကိုစောင့်နေ!"

မုရှောင်းရှောင် သူမပုခုံးပေါ်မှ  ယင်းရှောင်ကျဲ လက်ကို ဖယ်ချလိုက်ပြီး လုရိချန် ဆီသို့ ပြေးသွားလိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Tahanan ng mga kuwento. Tumuklas ngayon