အပိုင်း - ၂၄၀

1K 66 8
                                    

Unicode

အပိုင်း ၂၄၀ - စူးစမ်းခြင်း (၄)

ဒါကိုကြားတော့ ယင်းရှောင်ကျဲရဲ့ မျက်နှာက အရောင်ပိုမည်းလာသလို၊

ဟန်ချီချင် သည် မုရှောင်းရှောင်ကို မ ပြောမီ ယင်းရှောင်ကျဲ ၏အမူအရာကို တစ်ချက်ကြည့်လိုက်သည်။ ပြီးမှ တမင်တကာ

"Wow နင်ရဲ့ချစ်သူဖြစ်လာအောင်လုပ်နိုင်တဲ့သူက အရမ်းချောမှာပဲ ။ သူက ဘယ်လိုလဲ ချောလာ ခန့်လား  ရှောင်းရှောင်၊ မြန်မြန်ပြော သူ့အကြောင်းပြောပြ"

တကယ်တော့ သူမဟာ စူးစမ်းချင်စိတ်ပြင်းပြနေတယ် — မုရှောင်းရှောင်ကို စွဲဆောင်နိုင်တဲ့ ကောင်လေးဟာ ထူးခြားတဲ့လူဖြစ်သင့်တယ်မဟုတ်လား ။

မုရှောင်းရှောင် ဟန်ချီချင်ကို မနိုင်ဘူးဆိုတဲ့ သဘာနဲ့  သူမခေါင်းကို ယမ်းကာ သူ့အကြောင်း တွေးလိုက်မိသည်။

“ရုပ်ရည်အရဆိုရင် သူက တော်တော်ချောတယ်။ သူ့က အကျင့်စာရိတ္တကောင်းပြီး ကျန်တဲ့သူတွေ အပေါ်လဲ ကောင်းပါတယ်…”

လို့ အနည်းငယ်ရှက်ရွံ့စွာ ပြောလိုက်သည်။

သူမဖော်ပြတဲ့လူနဲ့ သူမတို့နှစ်ယောက်က လေးနက်တဲ့ဆက်ဆံရေးရှိပုံရသည်။ !

ဟန်ချီချင် ယင်းရှောင်ကျဲကို လျှို့ဝှက်စွာ တစ်ချက်ကြည့်လိုက်သည်။ သခင်လေးယင်း၏ချောမောသောမျက်နှာသည် ယခုအခါ နှင်းခဲကဲ့သို့ အေးစက်နေပုံရသည်။

သူမ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ကာ သူမတို့ထိုင်နေတဲ့ တဲလေးကပါ  ချက်ချင်း အေးခဲသွားသလိုပင်။

လူကဲခတ်တော်တဲ့သူက မြို့တော်ဝန်ရဲ့သား စုန့်ရှီကျွင်း ပင်။  ယင်းရှောင်ကျဲ ၏ နက်မှောင်သော အမူအရာကို မြင်သောအခါတွင် သူတို့သည် စည်းကျော်သွားပြီဟု  သိလိုက်ပြီး မုရှောင်းရှောင်ရဲ့ စကားကို  လျင်မြန်စွာ နှောက်ယှက်လိုက်ပြီး လမ်းကေကာင်းပြောင်းလိုက်သည်။

"ကောင်းပြီ၊ ငါတို့ဂိမ်းကို ဒီမှာအဆုံးသတ်လိုက်မယ်။ တော်တော်နောက်ကျနေပြီ။ ရေပူစမ်းမှာ သွားစိမ်ကြရအောင်။ မကြာခင် အိပ်ရာဝင်ချိန်ရောက်တော့မှာ ”

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now