အပိုင်း - ၂၀၂

990 64 0
                                    

Unicode

အပိုင်း - ၂၀၂  ထူးထူးဆန်းဆန်း ဘာကိုမှ မလုပ်


သူမက စတော်ဘယ်ရီ ကြိုက်မှန်းသိလို့ ပြင်ထားတာလား?

ဒါကိုတွေးရင်း မုရှောင်းရှောင် ရဲ့မျက်နှာမှာ နီရဲလာရသည်။

ထိုအချိန်တွင်ပင် ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသည်။ ယင်ရှောင်ကျဲသည် ဆံပင်လေမှုတ်စက်ဖြင့် ပြန်လာတာ ဖြစ်လိမ့် မည်။ မုရှောင်းရှောင်  ချက်ချင်း ထိတ်လန့်သွားရပြီး ။ သူမရဲ့ မျက်နှာကြီး  ဘယ်လောက်နီနေတယ်ဆိုတာ သူသတိထားမိသွားရင် အံဆွဲကိုဖွင့်လိုက်တာကို သူသိသွားမှာမဟုတ်ဘူးလား။ ထို့ကြောင့် သူမသည် ရေချိုးခန်းထဲသို့ အမြန် ပြေး၀င်ရနါ ခုန်ဆင်းလိုက်သည်။ ယင်းရှောင်ကျဲ အခန်းထဲကို ဝင်လာတော့  ရေချိုးခန်းတံခါးပိတ်သံကို ကြားလိုက်ရသည်။

"ရှောင်းရှောင် ?"

ပဟေဠိဆန်စွာဖြင့် သူ ညအိပ်ခန်းဘက် ဦးတည်ရာကို မသိစိတ်ဖြင့် ကြည့်လိုက်သည်။ သူ့မရှိတာကို အသုံးချပြီး အံဆွဲအတွင်းထဲကို ချောင်းကြည့်တာ ဖြစ်နိုင်သလား။ ဒါ့ကြောင့် သူ  လမ်းလျှောက်လာပြီး ရေချိုးခန်းတံခါးကို ခေါက်လိုက်သည်။

"ငါ့မှာ ဆံပင်လေမှုတ်စက်ရပြီ၊  မင်းဘာလုပ်နေတာလဲ"

"ငါ...အိမ်သာသွားလို့ မရဘူးလား !"

မုရှောင်းရှောင် မျက်နှာက နီရဲနေဆဲ။ ထို့နောက် သူမသည် ရေချ်ုးကန်ပေါ် မှီကာ ပူလောင်နေသော မျက်နှာကို ရေအေးဖြင့် ဆေးချပြီး ပဝါဖြင့် သုတ်လိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူမ ထွက်လာခဲ့လိုက်သည်။

ညဝတ်အင်္ကျီဝတ်ထားသည့် ယင်းရှောင်ကျဲသည် ကုတင်ရှိ ခေါင်းအုံးပေါ်၌ လှဲနေပြီး ဖုန်းကိုကြည့်နေသည်။

သူမအပေါ် အာရုံမစိုက်တာကို မြင်လိုက်ရတော့ မုရှောင်းရှောင်  သက်ပြင်းချလိုက်ပြီးနောက် စားပွဲပေါ်ရှိ ဆံပင်လေမှုတ်စက်ကို ယူကာ ဆံပင်ကို ခြောက်လိုက်တော့သည်။  ယင်းရှောင်ကျဲ သည် သူ့ဖုန်းကို ကြည့်နေရင်း  မသိမသာဖြင့်  မုရှောင်းရှောင် ဘက်သို့လှည့်ကာ သူမအမူအရာကို တစ်ချက် ကြည့်လိုက်သည်။ မုရှောင်းရှောင် ၏ဆံပင်များသည် အနည်းငယ်စိုစွတ်နေ ပေမယ့် ‌ဒရိုင်ရာ မှုတ်လိုက်တော့ အချိန်တို အတွင်း ခြောက်သွားသည်။မုရှောင်းရှောင်  ကုတင်ပေါ်တက်ပြီးတာနဲ့ ယင်းရှောင်ကျဲ က

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now